ထိုင်း​နိုင်​ငံ​အ​တွင်း​နေ​ထိုင်​သော​မြန်​မာ​ဒုက္ခ​သည်​များ​
ထိုင်း​နိုင်​ငံ​အ​တွင်း​လ​တ်​တ​လော​မှတ်​ပုံ​တင်​ထား​သော​ဒုက္ခ​သည်​များ(၅၃​,၁၉၂)ယောက်​ရှိ​​ပြီး​ယာ​ယီ​ခုံလှုံ​ရာ​စ​ခန်း​(၉)ခု​အ​တွင်း​တွင်​ခန့်​မှန်း​ခြေ​ အား​ဖြင့်​မှတ်​ပုံ​မ​တင်​ထား​ရ​သေး​သော​ခို​လှုံ​​ခွင့်​တောင်း​ခံ​သူ​(၅၃,၀၂၁)ယောက်​ရှိ​မည်​ဖြစ်​သည်။ဒုက္ခ​သည်​များ​သည်​ ၁၉၈၀ ခု​နှစ်​နှစ်​စော​ပိုင်း ​တွင်​စ​တင်​ထွက်​ပြေး​လာ​ပြီး​ကာ​ကွ​ယ်​မှု​​​ရ​ရှိ​ရန်​အ​တွက်​တော်​တော်​များ​များ​ထိုင်း​နိုင်​ငံ​နယ်​စပ်​တ​လျှောက်​သို့​ရောက်​ရှိ​လာခဲ့​​သည်။​တော်​ဝ​​င်​​ထိုင်း ​ အ​စိုး​ရ​၏​သ​ဘော​ထား​ကြီး​မားမှုနှင့်အလှူ​​ရှင်​လူ​မှု​အ​သိုင်း​အ​ဝိုင်း​​များ​၏​ကူ​ညီ​ပံ့​ပိုး​ထောက်​ပံ့​မှု​များကြောင့်​ဒု​က္ခ​သည်​များ​သည်​ကာ​ကွယ်​စောင့်​ ရှောက်​ရေးနှင့်​အ​ကူ​ညီ​ရ​ရှိ​ရန်အ​တွက်​​ယာ​ယီ​ခိုလှုံ​ရာ​စ​ခန်း​(၉)ခု​အ​တွင်း​၌​လူ​သား​ခြင်း​စာ​နာ​ထောက်​ထား​သော​အ​ဖွဲ့​အ​စည်း​များ​ပံ့​ပိုး​ကူ​ညီ​ပေး​ နေ​သည်။​၂၀၁၀ ခု​နှစ်​တွင်​ပြည်​သူ​အ​စိုး​ရ​​ဖြစ်​ပေါ်​လာ​ခဲ့​ပြီး​မြန်​မာ​နိုင်​ငံ​၏​အခြေ​အ​နေ​ပြောင်း​လဲ​မှု​နှင့်​နိုင်​ငံ​ရေး​အ​ရ​အ​ရေး​ပါ​မှု​များ၊​စီး​ပွါး​ရေး​ပြု ​ပြင်​ပြောင်း​လဲ​မှု​များ​ဖြစ်​ပေါ်​လာ​ခဲ့​သည်။​​နိုင်​ငံ​၏​အ​ရှေ့​တောင်​ပိုင်း​ဒေ​သ​များ​တွင်​တိုက်​ပွဲ​ဖြစ်​မှု​များ​ကြောင့်အိုး​မဲ့​အိမ်​မဲ့​များ​ဖြစ်​ခဲ့​ရ​သော​ပြည်​သူလူ ​ထု​များ​အ​တွက်ပ​ဏာမ​​အ​ပ​စ်​ခတ်​ရပ်​စဲ​ရေး​နှင့်​ငြိမ်း​ချမ်း​ရေး​ဖေါ်​ဆောင်​ခြင်း​ဆွေး​နွေး​မှု​လုပ်​ဆော​င်​လာ​ကြ​သည်။​၂၀၁၂ ခု​နှစ်​နှင့်​ ၂၀၁၃ ခု​နှစ်​ တ​လျှော​က်​လုံး​တွင်​ဒု​​က္ခ​သည်​အ​သိုင်း​အ​ဝိုင်း​​အ​တွင်း​၌နောက်​နောင်​တွင်​ဖြစ်​လာ​မည့်​မိ​မိ​ဆ​န္ဒ​အ​ရ​နေ​ရ​ပ်​ရင်း​သို့​ပြန်​ချင်​သူ​များ​အား​ပြန်​ခြင်း​နှင့် ​ပတ်​သက်​၍​(ကြို​တင်​ပြင်​ဆင်​မှု​)အ​ဖြင့်​တော်​တော်​များ​များ​ဆွေး​နွေး​ခဲ့​ပါ​သည်။​ဒုက္ခ​သည်​များ​နေ​ရ​ပ်ရင်း​ဒေ​သ​တွင်​အ​​မှန်​တ​ကယ်​ပြောင်း​လဲ​မှု​ ဖြစ်ပေါ်​​​လာ​သည်​နှင့်​တန်​​ပြန်​သက်​ရောက်​မှု​များ​အ​ပေါ်​ထိုင်း​​နိုင်​ငံ​အ​တွင်း​​ရှိ​လူ​​သား​တို့​အ​ကျိုး​ပြု​ဆောင်​ရွက်​သော​အ​ဖွဲ့​အ​စည်း​များ​က​ဒုက္ခ​သည်​ လူ​မှု​အ​သိုင်း​အ​ဝိုင်း​များ​နှင့်​ဆွေး​နွေး​ပြီး​​မိ​မိ​ဆန္ဒ​အ​ရ​ပြန်​ခြင်း​နှင့်​ပတ်​သက်​၍​ကြို​တင်​ပြင်​ဆင်​မှု​နှင့်​အ​ခြား​သောကြာ​ရှည်​ခံ​သည့်​​ဖြေ​ရှင်း​မှု​နည်း​ လမ်း​များ​အ​တွက်​ဆောင်​ရွက်​ရ​မည့်​ထောက်​ပံ့​မှု​များ​ကို​ဖ​န်​​တီး​ရှာဖွေ​​လျက်​ရှိ​သည်။​
ဒုက္ခ​သည်​များ​၏​အ​သံ​များ​
  • သီးသန့်တွေ့ဆုံမေးမြန်းခြင်း- ကရင်နီဒုက္ခသည်ကော်မတီဥက္ကဌ စောမန်းစော
    close

    " လူတိုင်းလူတိုင်း နေရပ်ဌာနေကို ပြန်ချင်ကြမယ်လို့ ကျွန်တော်ထင်ပါတယ် လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ အနာဂတ်ကိုယ်စီ ရှိပါတယ်၊ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချပါစေ"------------------------------------------------------- KnRC ၏ ဥက္ကဌ ဖြစ်သူ စောမန်းစောသည် မြန်မာနိုင်ငံမှ နိုင်ငံရေး ဖိအားပေးခံရမှုများ နှင့်ပြည်တွင်းတိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် နေရပ် စွန့်ခွာ ထွက်ပြေးသူများ နှင့် အတူ အခက်အခဲ ပြဿနာ အများအပြားကို နှစ်ပေါင်းစွာ ရင်ဆိုင်ခဲ့သည်။ UNHCR နှင့်သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင်သူ၏ ခွန်အားနှင့် မျှော်လင့်ချက်များကို မျိုးဆက် တစ် ဆက် မှ တစ်ဆက်ထံသို့ ဆက်လက် ဝေငှနေအုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။------ စာဖတ်သူတွေကို ဆရာ့အကြောင်း ဆရာကိုယ်တိုင် မိတ်ဆက်ပေးပါလား။------------------- ကျွန်တော့် အမည်က စောမန်းစောပါ။ ကရင်နီဒုက္ခသည်ကော်မတီ(KnRC) မှာ ဥက္ကဌတစ် ဦးအဖြစ် လုပ်ကိုင်နေပါတယ်။ ဒါနဲ့ဆို သက်တမ်း နှစ်ကြိမ်မြောက် ရှိပြီပေါ့။ မြို့နဲ့သုံးမိုင်ကွာ ဝေးတဲ့ တောင်ငူက ခင်ကြီးကျေးရွာ လို့ခေါ်တဲ့ရွာငယ်လေးတစ်ရွာမှာ ကျွန်တော့်ကို ၁၉၄၉ခု နှစ်မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မှာ မွေးချင်းမောင်နှမ လေးယောက်ရှိပါတယ်။ အစ်မနှစ် ယောက်နဲ့ ညီငယ်နှစ်ယောက်ရှိပါတယ်။ ကျွန်တော့်အဖေက လယ်သမားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အမေကတော့ စစ်ဆေးရုံမှာ သားဖွားဆရာမအဖြစ် လုပ်ကိုင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အရမ်းကို သိချင်တတ်ချင်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ အိမ်အပြင် ပတ်ဝန်းကျင်မှာပဲ အချိန်အတော်များများကို စူးစမ်းလေ့လာရင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော့်ကို မွေးတော့ ပြည်တွင်းစစ် ဖြစ်နေပါပြီ၊ ၁၉၄၉ ခုနှစ်မှာ စစ်စတင် ဖြစ်ပွားခဲ့ ကြောင့် ကလေးဘဝမှာပဲ နေရာ နှစ်နေရာ သုံးနေရာလောက် နေရာအတော်များများကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ကျွန်တော်တစ်နှစ်သားမှာ ကျွန်တော့်မိဘတွေက ကရင်ပြည်နယ် ဖိုးသောင်ဆပ်ရွာ ကျောက်ကြီး ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီမှာ ရှစ်နှစ်ကြာ နေထိုင်ခဲ့တယ်။ ၁၉၅၈ ခုနှစ် ရောက်တဲ့အခါမှာတော့ ကျွန်တော် တောင်ငူကို ပြောင်းရွှေ့ လာခဲ့ပါတယ်။ မြန်မာကွန်မြူနစ်ပါတီနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အ တွင်း မြန်မာအစိုးရကို ဆန့်ကျင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ကျွန်တော့်လိုပဲ လူအများပြားဟာ သူတို့ရဲ့အသက်ဘေးအန္တရယ် လုံခြုံမှု ရှိဖို့အတွက် အိုးပစ်အိမ်ပစ်ထွက် ပြေးခဲ့ရတယ်။ ၁၉၇၅ခုနှစ် ကျွန်တော် ဆယ်တန်းပြီးတဲ့ နောက်မှာတော့ တောင်ငူကနေ ထွက်လာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကရင်နီတိုးတက်ရေးပါတီ(KNPP) ထဲကို ဝင်ခဲ့ပါတယ်။၁၉၇၆ ခုနှစ်ကစပြီး KNPP အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တာ ယနေ့ထက်ထိ တိုင်ပါပဲ။--------------------------------------------------------------------------------------- KnRC ဥက္ကဌတစ်ဦးအနေနဲ့ ဆရာ့ရဲ့ အဓိကတာဝန်တွေက ဘာတွေဖြစ်ပါလဲ။------- KnRC ဥက္ကဌတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ တာဝန်ကတော့ KnRC ရဲ့ လှုပ်ရှား ဆောင် ရွက်မှုတွေကို ကြီးကြပ်ပေးဖို့ပါ။ KnRC ဆိုတာ ကရင်နီဒုက္ခသည်တွေအတွက် ဖြန့်ဝေ ပေးတဲ့ ဝန်ဆောင်မှုအားလုံးကို နည်းစနစ်တကျနဲ့ မျှမျှတတဖြစ်ဖို့ သေချာစေရန်အတွက် UNHCR ၊ ထိုင်းအာဏာပိုင်များ၊နိုင်ငံတကာNGOs များ၊ NGOs ၊ စခန်းကော်မတီတို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကော်မတီတစ်ခုပါပဲ။--------------------------------- ဘယ်အရာတွေက ဆရာ့ကို ဒုက္ခသည်လူထုအတွက် လုပ်ဆောင်ဖို့ တွန်းအားဖြစ်ပေါ်စေ ခဲ့ပါသလဲ။----------------------------------------------------------------------------------------- အကြောင်းအရာတွေကတော့ အများကြီးပါ။ အမှန်တကယ်တော့ အစပိုင်းတုန်းက KnRC မှာလုပ်မယ့်လို့ ကျွန်တော်ရည်ရွယ်မထားခဲ့ပါဘူး။ ဒါပေမယ့် အများပြည်သူတွေရဲ့ လိုအပ်မှုကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ ဒီထိုင်းနယ်စပ်တလျှောက်မှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူလူထု အကြောင်းတွေကို သိရှိလာရာကနေ ဒီလိုလုပ်ဆောင်ဖြစ်ဖို့ တွန်းအားတွေ ဖြစ်လာတာပါ။ ဒီက ဒုက္ခသည်တွေက အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အခြားလူထု အသိုင်း အဝိုင်းထက်စာလျှင် ချို့တဲဲ့မှု အများအပြားရှိနေဆဲဖြစ်ပါတယ်။---------------------------------------------------------------------------------------------------------------- ဆရာ့ဘဝမှာ ဆရာရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာတွေဖြစ်ပါသလဲ။ ရည်မှန်းချက် ပြည့်ပြီလား ဆရာ။ အခုလက်ရှိမှာတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနေပြီလို့ ကျွန်တော်ပြောလို့ မရနိုင်သေးပါဘူး၊ ဒါပေမယ့် ကျွန်တော် ဒီမှာရှိနေတဲ့အခိုက် ကျွန်တော်လုပ်ဆောင်နေတဲ့ အရာတစ်ခုကတော့ ကျွန်တော်တို့ ဒုက္ခသည် လူထုအခြေအနေတွေ တိုးတက်မြင့်မားလာစေဖို့အတွက် NGOs ၊ ထိုင်းအစိုးရနဲ့အတူ အနီးကပ် ကျွန်တော် လုပ်ဆောင်နေတာပါပဲ။ ကျွန်တော့် တာဝန်တွေနဲ့ ပတ်သတ်ပြီး အချိန်မှန် လုပ်ဆောင်တာတွေကို လူငယ်မျိုးဆက်တွေအတွက် သာဓကတစ်ခုအနေနဲ့ ဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ သူတို့ကို ဗဟုသုတတွေ ရရှိဖို့အတွက် စာများများဖတ်ဖို့၊ အချိန်ရဲ့အရေးပါပုံ တန်ဖိုးရှိပုံကို သိကြဖို့နဲ့ သူတို့ရဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လူငယ်တွေကို ကျွန်တော်တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာနေထိုင်တဲ့ လူငယ်မျိုးဆက်သစ်တွေကို စည်းကမ်းရှိမှုနဲ့ ပြုမူပြောဆိုနေထိုင်မှုတွေရဲ့ အရေးပါပုံကို ကျွန်တော်သင်ပေးချင်ပါတယ်။ ကျွန်တော်တို့ လူထုကို သူတို့လက်ရှိကြုံတွေ့နိုင်တဲ့ မည်သည့် အခက်အခဲကိုမဆို သူတို့ဘယ်အခြေအနေမှာပဲ ရောက်နေပါစေ အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ ကျွန်တော်တို့အားလုံး နေရပ်ဌာနေကို ကိုယ့်ဆန္ဒအလျောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။-------------------------------------------------------------------- လူထုအသိုင်းအဝိုင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ရတဲ့အခါမှာ ဘယ်အရာတွေက ဆရာ့ရဲ့ အဓိက စိုးရိမ်ပူပန်မှုတွေဖြစ်ပါသလဲ။-------------------------- ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ ဘာသာစကားက အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် လူထုနဲ့အတူ လုပ်ကိုင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အ တူ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အဓိက စိုးရိမ်ပူပန်မှု ရှိတာကတော့ ဘာသာစကား အတားအဆီးပါပဲ။------------------------------------------------------------------------------------------------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ လက်ရှိ ပြောင်းလဲမှုတွေနဲ့ ပတ်သတ်ပြီး ဆရာ့အမြင်တွေကို ပြောပြပေးပါလား။ ဆရာမျှော်မှန်းထားတဲ့ပုံစံအတိုင်း ပြောင်းလဲလာပြီလို့ ထင်ပါသလား။-------ဘယ်အရာတွေကို ပြီးပြတ်အောင် ဆောင်ရွက်ဖို့ လိုပါသေးသလဲ။-------------------------------------------------------------------------------------------------------------------- မြန်မာနိုင်ငံမှာ နိုင်ငံရေးက အရမ်းကို ရှုပ်ထွေးမှုရှိတယ်။ နိုင်ငံရေးကတော့ ရှေ့ဆက်သွားနေမှာပဲလို့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ လမ်း ကြောင်းကိုရောက်ဖို့က ဖြည်းဖြည်းပဲ သွားနေအုံးမှာပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည် လေးစားမှု ရှိခြင်းတို့ကသာပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် အဓိကကျတဲ့ သော့ချက်ပဲလို့ ကျွန်တော်ထင်ပါတယ်။-------------------------------------------------------------------------------------------- --------အနာဂတ်ကာလအတွက် ဒုက္ခသည်လူထု အပေါ်ထားရှိတဲ့ ဆရာရဲ့ မျှော်လင့်ချက်တွေက ဘာတွေဖြစ်ပါသလဲဆရာ။ ------------------------------------------------------- လူတိုင်းလူတိုင်း ကိုယ့်ရပ်ကိုယ့်မြေကို ပြန်ချင်ကြတယ်လို့ ဆရာထင်တယ်။ ကျွန်တော်တို့ ပြန်မယ့်အိမ်ဟာ ငြိမ်းချမ်းပြီး လုံခြုံမှုရှိရမယ်။ နေရပ်ပြန်လည်အခြေချတာတွေ လုပ်ဆောင်လာမယ်ဆိုရင် ဒီလိုလုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ဆန္ဒအလျောက်ဖြစ်မှု၊ လုံခြုံစိတ်ချရမှုနဲ့ ဂုဏ်သိက္ခာရှိမှုအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ကျွန်တော်မျှော်လင့်တယ်။---------------------------------------------------------------------------------------------------------------------------- --------------------စာဖတ်ပရိတ်သတ်တွေကို ဆရာအနေနဲ့ ဘာတွေမျှဝေပေးချင်တာများ ရှိပါသေးသလဲဆရာ။------------------------------------------------------------------------ "လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ အနာဂတ်ကိုယ်စီရှိကြပါတယ်၊ ဒါကြောင့် သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချပါစေ။ ကျေးဇူးအများကြီးတင်ပါတယ်"

  • နန်းကြိုင်လေးသို့ အလည်တစ်ခေါက် ကယားပြည်နယ်
    close

    ရှားတောမြို့လေးသည် ကယားပြည်နယ်အတွင်း အသေးငယ်ဆုံးသော မြို့ငယ်လေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သေးငယ်ပြီး ချစ်စဖွယ်ကောင်းလှသော ထိုမြို့လေးကို စိမ်းလန်းသော တောင်တန်းများက ဝိုင်းရံကာထားသည်။ ညနေခင်းရောက်ပြီဆိုလျှင် အနီးအနားတွင်ရှိသည့် တောထဲမှ ကောက်ယူလာသော ထင်းများ အပြည့်အသိပ်ပါရှိသည့် ခြင်းတောင်းကိုလွယ်ကာ အိမ်သို့ပြန်လာကြသည့် ရိုးရာအဝတ်အထည်များ ဆင်မြန်းထားသော ကရင်နီအမျိုးသမီးများကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ အိမ်တွင် ယက်ကန်းရက်နေကြသည့် အမျိုးသမီးများကိုလည်း ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ဘဝသည် အေးချမ်း သာယာလှသည်။ သဘာဝသည် စိမ်းလန်း စိုပြေနေသည်။ ရေသည် သန့်ရှင်း ကြည်လင်နေသည်။ ရှားတောမြို့လေးတွင် အရာရာတိုင်းသည် အလွန်ကို သဘာဝကျကျ တည်ရှိနေသည်။ မြို့ပြင်ဘက်ကို ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်မည်ဆိုလျှင်လည်း ဤတောထဲတွင် အမျိုးအစားကွဲပြားသော ငှက်အမျိုးမျိုးကို ဧကန်မုချ မြင်တွေ့ရမည် ဖြစ်သည်။ မကြာသေးမီကပင် စခန်းထဲတွင် မူလရှားတောမှလာသည့် လူအနည်းငယ်သည် နေရပ်သို့ ပြန်သွားခဲ့ကြသည်။ ရှားတောရှိ ကျေးရွာများထဲမှ တစ်ရွာဖြစ်သော နန်းကြိုင်လေး ဟု အမည်ခေါ်တွင်သည့် ကျေးရွာသို့ UNHCR မှ သွားရောက် လည်ပတ်ခဲ့သည်။ နန်းကြိုင်လေးသည် ရှားတော-ကဒူကြီး လမ်းမရှည်ကြီးတလျှောက်ရှိ မြောက်ဘက်ပိုင်းတွင် တည်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်သည်။ တချို့က ဒေါ်လေးခူ ဟု ခေါ်ဝေါ်သည့် နန်းကြိုင်လေးသည် ရှမ်းပြည်နယ်မှ လာသောသူများနှင့် ရှားတောရှိ အခြားဝေးလံခေါင်ဖျားသည့် နေရာများမှ လာသောသူများအတွက် နေရပ်ပြန်သူများ နေထိုင်သည့် ကျေးရွာသစ်တစ်ရွာ ဖြစ်သည်၊ ၂၀၁၅ ခုနှစ် နှောင်းပိုင်း၌ UNHCR သည် ထိုကျေးရွာသို့ သွားရောက် လည်ပတ်ခဲ့ပြီး လူထုထံသို့ Danish Refugee Council (DRC)၏ အသက်မွေးဝမ်းကျောင်းမှု စီမံကိန်းမှတဆင့် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့သည်။ မူကြိုကျောင်းတွင် ဆရာမတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် နေရပ်ပြန်လည်အခြေချ နေထိုင်သူ ဒုက္ခသည်တစ်ဦး နှင့် ကျွန်ုပ်တို့ တွေ့ဆုံခဲ့ပြီး သူမမှ ရှားတောသို့ ပြန်လာသည့် အတွေ့အကြုံများကို ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ ဤသည်တို့မှာ သူမ၏ ဘဝဇာတ်ကြောင်းများ ဖြစ်သည်။ ကျွန်မအမည်ကဘန်နက်ဒီးတာပါ။ အသက်(၂၈)နှစ်ရှိပါပြီ။ ကျွန်မမှာကလေး(၂)ယောက်ရှိပါတယ်၊ လွန်ခဲ့တဲ့(၆)လလောက်က စခန်းထဲကနေ ကျွန်မမိသားစုနဲ့အတူ နန်းကြိုင်လေးရွာကို ပြန်လာခဲ့တာပါ။ ကျွန်မပြန်လာတဲ့အခါ ကျွန်မဘဝကို ပြန်လည်စတင်ဖို့အတွက် ကျွန်မမှာ ဘာမှမရှိပါဘူး။ ရှားတောမှာတော့ ကျွန်မမိဘတွေ ရှိပါတယ်၊ လူထုအသိုင်းအဝိုင်းထဲမှာ အားလုံးနဲ့အတူ တသားတည်း ပြန်ဖြစ်ဖို့အတွက် အနည်းဆုံး အချိန်(၂)နှစ်၊ (၃)နှစ်လောက်တော့ ယူရလိမ့်မယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ပဲ ဒီရွာမှာရှိတဲ့ ကလေးတွေအတွက် ကျောင်းဆရာမအဖြစ် လုပ်ကိုင်ပေးဖို့ ဒီကရွာသားတွေက ကျွန်မကို ကမ်းလှမ်းခဲ့ကြပါတယ်။ ကျွန်မတို့ မူကြိုကျောင်းက ကိုယ်ထူကိုယ်ထကျောင်းပါ။ အစိုးရအရာရှိတွေက ကျွန်မတို့ရွာကို လာရောက် လည်ပတ်ခဲ့ပြီး နောင်နှစ်မှာ ပြည်နယ်အာဏာပိုင်များထံက ကနဦး ပံ့ပိုးကူညီမှုအနေနဲ့ ပြည်နယ်လွှတ်တော်မှလာတဲ့ ဘတ်ဂျက်ငွေနဲ့အတူ မူလတန်း စာသင်ကျောင်း တစ်ကျောင်းကို ကျွန်မတို့ ဖွင့်လှစ်နိုင်တော့မှာပါ။ ဒီရွာထဲမှာ နေထိုင်သူ လူအများအပြား မရှိသေးပါဘူး။ အိမ်ခြေ(၃၀)လောက်ပဲ ရှိပါတယ်။ ရှားတောကို အခြားနေရာတွေကနေ လူအများအပြား ပြောင်းလာလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ နောင်နှစ်အနည်းငယ်အတွင်းမှာပဲ ထိုင်းနိုင်ငံက ဒုက္ခသည်တွေလည်း ပြန်လာကောင်း ပြန်လာနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီနေရာက အခြားဝေးလံခေါင်ဖျားတဲ့ နေရာတွေထက်စာလျှင် ပိုမိုကောင်းမွန်တဲ့အတွက်ကြောင့်မို့လို့ပါပဲ။ ကျွန်မ အပါအဝင် နေရာအမျိုးမျိုးကနေ လူအများအပြား ပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ အားလုံးရဲ့ အခြေအနေက အတူတူပါပဲ။ ဘယ်သူမှ အိမ်ကောင်းကောင်း မပိုင်ဆိုင်ကြဘူး။ ကျွန်မနဲ့ ကျွန်မမိသားစုအတွက်ကတော့ အိမ်နီးနားချင်းရဲ့အိမ်မှာ ကျွန်မတို့ နေထိုင်ပါတယ်၊ သူတို့ ပြန်လာတဲ့အထိ အဲ့ဒီအိမ်မှာ နေထိုင်ဖို့ ကျွန်မတို့ကို ခွင့်ပြုပေးထားပါတယ်။ ကျွန်မဘဝကို လုံးဝအသစ်ကနေ ပြန်လည် စတင်ရလိမ့်မယ်လို့ ကျွန်မ နားလည် သဘောပေါက်ထားပေမယ့်လည်း ကျွန်မဒီမှာနေထိုင်နိုင်ပြီး ကျွန်မဘဝကို အခြားသော လူထုအသိုင်းအဝိုင်း အဖွဲ့ဝင်များနဲ့ အတူတကွ အသစ်ပြန်လည်စတင်ဖို့ ကြိုးစားနိုင်တဲ့အတွက် ကျွန်မအားတက်မိပါတယ်။ ကျွန်မမှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဒုက္ခသည်စခန်းထဲမှာ နေတဲ့အခါတုန်းက လူမှု့ဝန်ထမ်းတစ်ဦးအဖြစ် အလုပ် လုပ်ကိုင်ခဲ့ပါတယ်၊ ရရှိလာတဲ့ ဝင်ငွေအနည်းအကျဉ်းကို နေရပ်ပြန်သွားတဲ့အခါ ကျွန်မမိသားစုကို အချိန်ကာလတစ်ခုအထိ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မ ကြိုးစား စုဆောင်းခဲ့ပါတယ်။ UNHCR ရဲ့ ပံ့ပိုးကူညီမှုတွေကို DRC အသက်မွေးမှု စီမံကိန်းကနေတဆင့် ကျွန်မ လက်ခံရရှိခဲ့ပြီး အခုအခါမှာတော့ အပိုဝင်ငွေပါ ရရှိဖို့အတွက် အိမ်မှာ အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး စားသောက်ကုန်တွေ ရောင်းနေပါတယ်။ လမ်းပေါ်က လမ်းသွားလမ်းလာတွေကိုတော့ ကျွန်မရဲ့ ဝယ်သူတွေအဖြစ် အားကိုးနေရတာပေါ့။ ကျွန်မနဲ့ ကျွန်မရဲ့ အမျိုးသားက နှမ်းစိုက်နိုင်ဖို့အတွက် ကျွန်မသူငယ်ချင်းဆီကနေ မြေကွက်တစ်ကွက် ငှားရမ်းပြီး နှမ်းစိုက်ကြတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ တကယ့်ကို ကံမကောင်းတဲ့နှစ်ပဲ။ ကြွက်တွေက ကောက်ပဲသီးနှံတွေကို ဖျက်စီးပစ်လိုက်တော့ ကျွန်မတို့ သီးနှံတွေ အကုန်လုံး ရိတ်သိမ်းလို့ မရနိုင်ခဲ့ဘူး။ နောင်အခါကျရင်တော့ သီးနှံအထွက် ကောင်းကောင်း ထွက်ရှိနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ကျွန်မတို့ ပိုင်ရှင်အဖြစ် တပိုင်တနိုင် လုပ်ကိုင်နိုင်ဖို့အတွက် အခြားမြေကွက် တစ်ကွက်ကို ရှာဖို့လည်း အစီအစဉ် ရှိပါတယ်။ ကျွန်မတို့မှာ လက်တူး ရေတွင်း တစ်တွင်းလည်း ရှိပါတယ်။ ရေရှိဖို့ကတော့ ခက်ခဲနေတုန်းပါပဲ။ ဒါပေမယ့် လူမှု့အဖွဲ့အစည်းကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် ရေပေးဝေပေးမယ်လို့ ကျွန်မတို့ကို ပြောထားပါတယ်။ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သတ်ပြီးကတော့ ကျွန်မတို့ ဘေးအန္တရယ်ကင်းကင်းနဲ့ စိုက်ပျိုးထွန်ယက်နိုင်တဲ့ နေရာတွေရှိပါတယ်၊ ဒါပေမယ့် မြေမြှုပ်မိုင်းကြောင့် အန္တရယ်မကင်းတဲ့ နေရာအချို့ ရှိနေသေးတယ် ဆိုတာကိုလည်း ကျွန်မတို့ သိထားပါတယ်။ ရှားတောမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားအဖြစ် စိစစ်ရေးကတ်ကို ကျွန်မမိသားစုအတွက် လျှောက်ထားခဲ့ပါတယ်။ ကျွန်မကလေးတွေလည်း မွေးစာရင်းရရှိပါပြီ။ ကျွန်မ နေရပ် ပြန်ရောက်တဲ့အခါတုန်းက ဘာလုပ်ရမလဲဆိုတာ မသိပါဘူး။ အနာဂတ်က လုံးဝကို မသေချာ မရေရာတာပါ။ ဒါပေမယ့်လည်း ဒီလအနည်းငယ်အတွင်းမှာပဲ တချို့အရာတွေကို ကျွန်မလုပ်နိုင်တယ်ဆိုတာ တွေ့လာပါတယ်။ ကျွန်မ နေရပ်ပြန်တာ ရေရှည်ဖြစ်သွားနိုင်မယ်လို့ ကျွန်မထင်ပါတယ်။

  • BMN စခန်းရှိလူငယ်လူရွယ်များဦးဆောင်သည့်လူငယ်ကလပ်အသင်းတစ်သင်းနှင့် လူငယ်ခေါင်းဆောင်တစ်ဦး၏ရည်မှန်းချက်
    close

    လူငယ်ကလပ်အသင်းသည်ဘန့်မိုင်နိုင်းစွယ်ယာယီစခန်း၌အသက်(၁၅နှစ်မှ၂၅နှစ်) အတွင်းရှိလူငယ်များဖြင့်ဖွဲ့စည်းထားသည့်ကရင်နီအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးCOERRမှပံ့ပိုးကူ ညီပေးခဲ့သည်။COERRမှBlackJungleဟုအမည်တွင်သည့်အကအဖွဲ့ထံသို့ချဉ်းကပ်ခဲ့ ပြီးလူငယ်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းရန်အတွက်၎င်းတို့မှစိတ်ဝင်စားမှုရှိမရှိမေးမြန်းခဲ့ပြီး နောက်လူငယ်ကလပ်အသင်းကို၂၀၁၄ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။Black Jungleအဖွဲ့သည်ဘုရင်မွေးနေ့(သို့)ဘုရင်မမွေးနေ့စသည်တို့ကဲ့သို့သောပွဲတော်များ တွင်ဖျော်ဖြေတင်ဆက်ခဲ့ပြီး COERR မှ၎င်းတို့၏စွမ်းရည်ကိုသတိပြုမိခဲ့သည်။လူထု အသိုင်းအဝိုင်းတွင်လူငယ်များ၏လှုပ်ရှားမှုနှင့်ပူးပေါင်းပါဝင်မှုတိုးမြှင့်လာစေရန်အလို့ငှာ လူငယ်အဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့စဉ်းစားရန်အတွက်Black Jungle အားCOERRမှတိုက်တွန်းခဲ့ သည်၊စခန်းတွင်အကျိုးသက်ရောက်မှုအလားအလာအများအပြားရှိမည်ကိုသိမြင် ကာBlack Jungle မှလည်းဤအခွင့်အရေးကိုသဘောတူညီခဲ့ပြီးခန့်မှန်းခြေအားဖြင့် အဖွဲ့ဝင်(၂၅) ဦးနှင့်အတူလူငယ်ကလပ်အသင်းကိုဖွဲ့စည်းခဲ့သည်။ယခုအခါလူငယ်က လပ်အသင်းတွင်အဖွဲ့ဝင်(၁၆)ယောက်ဝန်းကျင်ရှိပြီးလူငယ်ခေါင်းဆောင်နှစ်ဦးရှိသည်၊ သန်းထွန်းဦးသည်BTခေါင်းဆောင်အဖြစ်တာဝန်ယူပြီးလက်ရှိ၌ရပ်ကွက်(၁၄)စာသင် ကျောင်းတွင်ကျောင်းဆရာတစ်ဦးအဖြစ်လုပ်ကိုင်နေသည်၊ဒီးရယ်သည်BKခေါင်း ဆောင်အဖြစ်တာဝန်ယူသည်။(BMN)စခန်းအရွယ်အစားအရစခန်းအားBTနှင့်BKဟူ၍ ဇုန်(၂)ဇုန်ခွဲခြားထားသည်။လူငယ်ကလပ်အသင်းသည်တစ်လတွင်နှစ်ကြိမ်တွေ့ဆုံပြီး လူထုအသိုင်းအဝိုင်းထဲရှိသက်ကြီးရွယ်အိုများ(သို့မဟုတ်)မသန်မစွမ်းများကိုကူညီပေး ရန်အတွက်ကနဦးလှုပ်ရှားဆောင်ရွက်မှုတစ်ခုဖြစ်သည့်“တွဲလက်ကူညီ”စသည်ကဲ့သော လှုပ်ရှားမှုများကိုစီစဉ်ဆောင်ရွက်သည်၊အမှန်တကယ်လိုအပ်သည့်နေအိမ်များဆောက် လုပ်ခြင်းနှင့်ပြန်လည်ပြုပြင်ခြင်းနှင့်အဆောင်ဘော်ဒါနေကျောင်းသားများနှင့်CBOsများ အတွင်းအားကစားလှုပ်ရှားမှုများကိုစီစဉ်ဆောင်ရွက်ပေးသည်။လူငယ်အသင်းသည်လူ 'ထုအသိုင်းအဝိုင်းအတွင်းအားကစားပြိုင်ပွဲများအပါအဝင်ဘောလုံးပြိုင်ပွဲများဖြစ် မြောက်အောင်လည်းစုစည်းဆောင်ရွက်ပေးသည်။ကျန်းမာရေးကောင်းမွန်စေရန်နှင့် ကောင်းစွာနေထိုင်နိုင်ရေးအတွက်လှုပ်ရှားမှုများကိုထိန်းသိမ်းထားခြင်းသည်မရှိမဖြစ် လိုအပ်သည်ဟုအဖွဲ့ဝင်များကယုံကြည်ကြသည်၊လူထုအကျိုးဖြစ်ထွန်းမည့်လှုပ်ရှားမှု များအတွက်လူငယ်အသင်းမှအကူအညီ(သို့မဟုတ်)အကြံဉာဏ်လိုအပ်လာသောအခါ ကူညီပံ့ပိုးမှုများရရှိရန်အတွက်၎င်းတို့ကCOERRထံချဉ်းကပ်ဆောင်ရွက်သည်။ COERRမှလည်းလူငယ်ကလပ်အသင်းအတွက်ဘဝကျွမ်းကျင်မှုသင်တန်းများကိုပံ့ပိုး ကူညီပေးသည်။ထို့ပြင်အဖွဲ့သည်လူငယ်များဖြင့်သာလုံးလုံးလျားလျားလုပ်ကိုင်ဆောင် ရွက်နေခြင်းဖြစ်ပြီးလူငယ်များအတွက်ဖြစ်သည်။သန်းထွန်းဦး၏ပြောပြချက်အရလူ ငယ်အသိုင်းအဝိုင်းအတွင်းလူငယ်ကလပ်အသင်းမှသတိပြုမိပြီးဖြေရှင်းပေးရန်ကြိုပမ်း သည့်အဓိကအကြောင်းအရာများမှာအရွယ်မရောက်သေးမီအိမ်ထောင်ပြုခြင်းများ မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်သုံးခြင်းများနှင့်စခန်းအပြင်ကိုထွက်ခွင့်မရ သည့်ဖိအား(စိုးရိမ်)မှုများစသည်တို့ဖြစ်သည်။ပိုမိုကျယ်ပြန့်သောလူထုအသိုင်းအဝိုင်းသည် နောင်ရေးအတွက်စိုးရိမ်ပူပန်မှုများရှိပြီးဒုက္ခသည်အများအပြားအတွက်အနာဂတ်မရေ ရာမသေချာသည့်ခံစားမှုများရှိနေသည်ကိုသန်းထွန်းဦးသိရှိရသည်။ထိုသို့ဖြင့်လူငယ် ကလပ်အသင်း၏၂၀၁၆ခုနှစ်အတွက်ရည်မှန်းချက်ပန်းတိုင်မှာဤစိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်သည့်လှုပ်ရှားမှုများဖြစ်မြောက်အောင်ဆောင်ရွက်ပေးရန်နှင့်နားလည်သ ဘောပေါက်မှုများရရှိလာစေရန်အတွက်ဖြစ်ပြီးအနာဂတ်အတွက်၎င်းတို့၏ရွေးချယ်မှု များနှင့်ပတ်သတ်၍ဗဟုသုတတိုးလာခဲ့ခြင်းအားဖြင့်လူထု၏သောကများကင်းဝေးသွား စေရန်ကူညီမည်ဖြစ်သည်။အားကစားသည်လူငယ်ကလပ်အသင်းအတွက်ဦးတည်ချက် တစ်ခုဖြစ်သောကြောင့်အားကစားကိုအသုံးပြုခြင်းအားဖြင့်စိုးရိမ်ပူပန်မှုနှင့်သောကများ ကိုလျော့ချရာတွင်ကူညီပေးနိုင်ပြီးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်တိုးတက်လာ မည်ဟုထွန်းထွန်းဦးမှလည်းထင်မြင်မိသည်။ထို့ပြင်လူတိုင်းလူတိုင်းအားမူးယစ်ဆေးဝါး နှင့်အရက်သေစာအသုံးပြုဖို့ဖြားယောင်းမှုကိုလွန်ဆန်နိုင်စေရန်အလို့ငှာ၎င်းတို့မှလူ ငယ်စွမ်းရည်အတွက်ထွက်ပေါက်တစ်ခုဖန်တီးပေးခြင်းလည်းဖြစ်သည်။“လူငယ်တွေက ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုရှိကြပေမယ့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကရောဘယ်လိုရှိမလဲ။ သူတို့စိုးရိမ်ပူပန်ကြပါတယ်။(၁၀)တန်းပြီးသွားတဲ့အခါငါတို့ဘာလုပ်ရမလဲလို့သူတို့တွေး ကြတယ်(BMN)ရှိစာသင်ကျောင်းများတွင်(၁၀)တန်းသည်ပညာရေးတွင်အမြင့်ဆုံးအဆင့် ဖြစ်သည်)။ပိုမိုကျန်းမာတဲ့လူထုအသိုင်းအဝိုင်းဖြစ်စေဖို့အတွက်လူငယ်ကလပ်အသင်း ကအားကစားနဲ့လှုပ်ရှားဆောင်ရွက်မှုတွေနဲ့အတူဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါဟာစိုးရိမ်ပူပန်မှုတွေနဲ့သောကတွေကိုလျော့ချပေးနိုင်လို့ပါပဲ။”ယခုလက်ရှိနှင့်အနာ ဂတ်နှစ်ခုစလုံးအတွက်လူထုထံသို့ဖြန့်ဖြူးပေးရန်ကြိုးပမ်းနေသည့်BMNစခန်းရှိလူငယ် များ၏စွမ်းရည်နှင့်တက်ကြွမှုကိုသန်းထွန်းဦးကဥပမာပေးပြောပြသည်။သန်းထွန်းဦး သည်(၁၀)တန်းပြီးဆုံးပြီဖြစ်ပြီးလွန်ခဲ့သော(၂)နှစ်ဝန်းကျင်ကပင်သိပ္ပံနှင့်အင်္ဂလိပ်စာကို စတင်သင်ကြားပေးခဲ့သည်။သူ၏ရည်မှန်းချက်မှာပညာဆက်လက်သင်ကြားရန်၊မြန်မာ နိုင်ငံသို့ပြန်လည်အခြေချရန်နှင့်ကယားပြည်နယ်၌ပညာရေးတွင်အခန်းကဏ္ဍတစ်ခု ရရှိရန်ရည်မှန်းထားသည်။ကယားပြည်နယ်နှင့်ထိုင်းနိုင်ငံတို့၌ပညာရေးတွင်ခြားနား ချက်များရှိသည်ကိုမခြွင်းမချန်နားလည်သဘောပေါက်ခြင်းအားဖြင့်ကယားပြည်နယ် ၌ရရှိထားသောပညာရေးကိုတိုးတက်ကောင်းမွန်စေရန်အတွက်ခိုင်မာတောင့်တင်း သောစနစ်ယူဆောင်သွားနိုင်ရန်သူကြိုးစားနေသည်။BMNတွင်နေထိုင်သည့်တိုင် အောင်လူငယ်ကလပ်အသင်းနှင့်အတူပိုမိုများပြားသောလှုပ်ရှားမှုများကိုဦးဆောင် နိုင်ရန်နှင့်လူငယ်များနှင့်ဆက်နွယ်နေသည့်ကာကွယ်စောင့်ရှောက်ရေးပိုင်းဆိုင်ရာ များကိုကိုင်တွယ်ဖြေရှင်းရန်အတွက်UNHCRလုပ်ဖော်ကိုင်ဖက်များနှင့်အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်မျှော်လင့်လျှက်ရှိသည်။“ကျွန်တော်မြန်မာနိုင်ငံကိုပြန် လည်အခြေချတဲ့အခါကိုယ့်တိုင်းပြည်မှာတစိမ်းတစ်ယောက်လိုမျိုးကျွန်တော်ခံစား ရမယ်ထင်တယ်။ဒါပေမယ့်လည်းဒါကအကြောင်းမဟုတ်ပါဘူး။ ဒီဘက်နဲ့ဟိုဘက် ပညာရေးနဲ့ပတ်သတ်လို့ကွာခြားမှုတွေကိုကျွန်တော်အများအပြားသင်ယူလေ့လာခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာပညာရေးစနစ်တွေတိုးတက်ကောင်းမွန်စေဖို့အတွက်ဒီကဗ ဟုသုတတွေကိုကျွန်တော်အသုံးချချင်ပါတယ်။”

  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများနှင့်ဒုက္ခသည်များပြန်လည်အခြေချနေထိုင်ခြင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပံ့ပိုးကူညီမှုဒေါ်မိုးမယ်
    close

    ဒေါ်မိုးမယ်သည်ကယားပြည်နယ်၊ဒီမောဆိုးမြို့နယ်ရှိဒေါ်ငေးခုကျေးရွာတွင်သူမ၏က လေး(၄)ယောက်နှင့်အတူနေထိုင်သည့်အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည်။သူမ၏က လေးသုံးဦးကျောင်းတက်နေစဉ်တွင်အငယ်ဆုံးနို့စို့ကလေးမှာကြည့်ရှု့စောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်သည်၊ထို့ကြောင့်ဤစီမံကိန်းမစတင်မီအချိန်ကသူမ၏အမျိုးသားကို ပံ့ပိုးကူညီပေးရန်နှင့်မိသားစုဝင်ငွေကိုတဖက်တလမ်းမှဖြည့်စွက်ပေးရန်အတွက်သူမ အလုပ်မလုပ်နိုင်ခဲ့ပေ။သူမအမျိုးသား၏ပဲနှင့်နှမ်းစိုက်ခြင်းမှရရှိလာသောမစို့စပို့ဝင်ငွေ ပေါ်တွင်သာမိသားစုတစ်စုလုံးမှီခိုအားထားနေခဲ့ရသည်။သို့သော်လည်းဤတစ်ခုတည်း နှင့်မိသားစု၏နေ့စဉ်အခြေခံလိုအပ်ချက်များကိုလုံလောက်မှုမရှိစေခဲ့ပေ၊ဒေါ်မိုးမယ် သည်နောက်တနေ့အစားအစာစားဖို့သောက်ဖို့အတွက်ဒေသတွင်းစျေးသည်များထံက ချေးငှားရုံမှတပါးအခြားရွေးချယ်စရာလမ်းမရှိခဲ့ပေ၊ထိုအချိန်တွင်အစားအစာအတွက် ငွေကြေးမပေးနိုင်သောကြောင့်မိသားစုသည်နေ့စဉ်အကြွေးသံသရာထဲတွင်နစ်နေခဲ့ပြီး ရှင်သန်နေထိုင်ဖို့အရေးသည်အလွန်ပင်ခက်ခဲနေသည်။သို့သော်လည်း UNHCR နှင့် the Danish, Refugee Council (DRC DDG)တို့မှအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည့်အသက်မွေးဝမ်းကျောင်းစီမံကိန်းသစ်တစ်ခု၏ကျေးဇူးကြောင့်ဒေါ်မိုးမယ်သည် ကုန်စုံဆိုင်ငယ်စီးပွားရေးတစ်ခုထူထောင်ရန်အတွက်ပံ့ပိုးကူညီမှုကိုလက်ခံရရှိခဲ့ပြီးသူ မ၏မိသားစုဝင်ငွေအဆင့်အတန်းသိသာထင်ရှားစွာတိုးတက်ကောင်းမွန်လာကာစား ရေးသောက်ရေးအခြေအနေအာမခံချက်တိုးတက်လာသည်။ဒေါ်မိုးမယ်သည်အလုပ်ကို အမှန်တကယ်ကြိုးစားလုပ်ကိုင်သည်။DRC DDGအသက်မွေးဝမ်းကျောင်းမှုအဖွဲ့ထံမှ မြန်မာငွေကျပ်တစ်သိန်းခွဲ(၁၅၀၀၀၀)လက်ခံရရှိခြင်းအားဖြင့်သူမသည်မိသားစုနေအိမ် တွင်ပင်ကုန်စုံဆိုင်ငယ်တစ်ဆိုင်တည်နိုင်ခဲ့ပြီးယခုအခါနေ့စဉ်တနေ့လျှင်မြန်မာငွေကျပ် ငါးထောင်(၅၀၀၀)မှတစ် သောင်း(၁၀၀၀၀)အတွင်းရရှိသည့်နေ့စဉ်ပုံမှန်ဝင်ငွေဖြင့်လည် ပတ်နေပြီဖြစ်သည်။ ဤသို့ဝင်ငွေလည်ပတ်နိုင်ခြင်းအားဖြင့်သူမ၏မိသားစုကိုကျွေးမွေး နိုင်ရုံသာမကဆိုင်တွင်ပိုမိုရင်းနှီးမြှပ်နှံနိုင်လာသည်။သူမသည်နောက်ထပ်အလုပ်ချဲ့ထွင် ရန်အတွက်ဝက်သားဖောက်ခြင်းအလုပ်ကိုလည်းယခုအခါလုပ်ကိုင်ရန်ကြိုးပမ်းနေပြီး ဝက်မတစ်ကောင်ဝယ်ထားပြီဖြစ်သည်။ယခုအခါဒေါ်မိုးမယ်ရှာဖွေသည့်ဝင်ငွေသည်မိ သားစုနေ့စဉ်စားရေးသောက်ရေးအတွက်အကူအညီရရှိရုံသာမကကလေးများ၏ပညာ ရေးဆိုင်ရာလိုအပ်ချက်များကိုပါအလွန်ပင်အကူအညီပေးနိုင်သည်ကိုသက်သေပြလျှက် ရှိသည်။ဒေါ်မိုးမယ်သည်သူမ၏မိသားစုအားနောက်တစ်နေ့အတွက်မည်သို့မည်ပုံရှာဖွေ ကျွေးမွေးရမည်ဆိုသည်ကိုပူပင်စရာမလိုတော့ပေ၊သူမသည်သူမ၏မိသားစုဘဝကိုနှစ် ခြိုက်ပျော်ရွှင်နိုင်ပြီဖြစ်ပြီးပုံမှန်စီးပွားရေးတစ်ခုလည်ပတ်နိုင်ပြီဖြစ်သည်။သူမ၏စိတ်ကူး အိမ်မက်သည်တနေ့နေ့တချိန်ချိန်တွင်ဒေါ်ငေးခုကျေးရွာ၌ကုန်စုံဆိုင်ကြီးတစ်ဆိုင်ပိုင် ဆိုင်သည့်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်လာရန်ဖြစ်သည်။

  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများနှင့်ဒုက္ခသည်များပြန်လည်အခြေချနေထိုင်ခြင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပံ့ပိုးကူညီမှုဦးစူးရယ်​
    close

    အသက်(၄၆)နှစ်အရွယ်ရှိဦးစူးရယ်သည်မိသားစုမရှိသည့်အိမ်ထောင်မရှိလူလွတ်တစ်ဦး ဖြစ်ပြီးကယားပြည်နယ်၊ဒီမောဆိုးမြို့နယ်ရှိဒေါ်တမာကြီးရွာတွင်ပုံမှန်ဝင်ငွေမရှိသဖြင့် ဝမ်းရေးဖူလုံရုံမျှသာနေထိုင်စားသောက်နေရသူတစ်ဦးဖြစ်သည်။UNHCRနှင့်the Danish-Refugee-Council (DRC-DDG)တို့ထံမှအသက်မွေးဝမ်းကျောင်းဆိုင်ရာကူညီ ပံ့ပိုးမှုများလက်ခံမရရှိမီကြုံရာကျပန်းအလုပ်သမားအလုပ်နှင့်စိုက်ပျိုးရေးအလုပ်တို့မှ တဆင့်ဦးစူးရယ်ရှာဖွေရရှိသည့်ဝင်ငွေသည်သူ၏နေ့စဉ်ရှင်သန်နေထိုင်မှုအတွက် လောက်ရုံမျှသာဖြစ်ခဲ့သည်။သူ့တွင်ကိုယ်ပိုင်စိုက်ပျိုးရေးကိရိယာများမရှိဘဲအခြားသူ များပိုင်ဆိုင်သည့်ကိရိယာများကို၎င်းတို့ထံမှငှားရမ်းအသုံးပြုရခြင်းအပေါ်တွင်သာအား ကိုးနေရသည်၊ထိုသို့သာမပြုလုပ်ပါကသူသည်အလုပ်လုပ်ကိုင်နိုင်တော့မည်မဟုတ်ပဲ ဘဝရှင်သန်နေထိုင်မှုအတွက်အလွန်ပင်ခက်ခဲသွားမည်ဖြစ်သည်။ဤစီမံကိန်း၏ကျေး ဇူးကြောင့်ဦးစူးရယ်၏အသက်မွေးဝမ်းကျောင်းနှင့်အလုပ်အကိုင်ရွေးပိုင်ခွင့်များသည် သိသာထင်ရှားစွာတိုးတက်ကောင်းမွန်လာခဲ့သည်။DRC DDGအသက်မွေးဝမ်းကျောင်း အဖွဲ့ထံမှစိုက်ပျိုးရေးအသိပညာပေးသင်တန်းများအပြင်စိုက်ပျိုးရေးကိရိယာများကိုပါ လက်ခံရရှိခဲ့ခြင်းအားဖြင့်ကျပန်းအလုပ်သမားအလုပ်မှတဆင့်ပုံမှန်ဝင်ငွေရှာဖွေနိုင်ရုံ သာမကထွန်ယက်စိုက်ပျိုးရန်အတွက်မြေကိုအဆင်သင့်ကြိုတင်ပြင်ဆင်နိုင်ပြီး၎င်း၏ ကိုယ်ပိုင်မြေကွက်ငယ်ပေါ်တွင်စိုက်ပျိုးရန်အတွက်စတင်လုပ်ကိုင်နိုင်ပြီဖြစ်သည်။ဤ ကဲ့သို့သောစိုက်ပျိုးရေးသင်တန်းမျိုးကိုဦးစူးရယ်ပထမဦးဆုံးအကြိမ်လက်ခံရရှိခဲ့ခြင်း ဖြစ်သည်၊UNHCRနှင့်DRC-DDGတို့၏ပံ့ပိုးကူညီပေးမှုဖြင့်ဦးစူးရယ်သည်နှမ်းမျိုးစေ့ (၄၈)ခွက်ကိုစိုက်ပျိုးနိုင်ခဲ့ပြီးဇူလိုင်လအတွင်းကပင်အစေ့အိတ်(၆)အိတ်ကိုရိတ်သိမ်းခဲ့ ပြီးပြီဖြစ်သည်၊သူမှသြဂုတ်လအတွင်းတွင်နောက်ထပ်(၄)အိတ်ပိုမိုရရှိရန်မျှော်မှန်းထား သည်။၎င်း၏ဝင်ငွေတိုးလာခဲ့ခြင်းနှင့်အတူသူမှတစ်နှစ်လုံးအတွက်ဆန်အလုံအလောက် ဝယ်နိုင်လိမ့်မည်ဟုမျှော်လင့်နေသည်။ကျွန်တော့်ကိုစိုက်ပျိုးရေးအတွက်အသုံးဝင်တဲ့ကိ ရိယာများနဲ့ဘဝအကျိုးရှိကျွမ်းကျင်မှုသင်တန်းတွေကိုကူညီထောက်ပံ့ပေးတဲ့DRCနဲ့ UNHCRတို့ကိုကျေးဇူးတင်ပါသည်။ဦးစူးရယ်၊သြဂုတ်လ၂၀၁၅ ခုနှစ်။

  • မယ်လဒုက္ခသည်စခန်းမှတတိယနိုင်ငံသို့ အခြေချပြီးနောက်ဂျပန်နိုင်ငံမှတဆင့်စခန်း သို့ပြန်လည်လာရောက်လည်ပတ်
    close

    အမေရိကန်နိုင်ငံရှိဆော့လိတ်မြို့သို့အခြေချခဲ့ကြသည့်အသက်(၁၈)နှစ်အရွယ်ကရင်နှင့် ကရင်နီဒုက္ခသည်ဆယ်ကျော်သက်များသည်သြဂုတ်လအစောပိုင်းတွင်၎င်းတို့မွေးဖွားရာ နေရာဖြစ်သည့်ထိုင်းနိုင်ငံနယ်စပ်ပေါ်ရှိမယ်လဒုက္ခသည်စခန်းသို့ပြန်လာခဲ့ကြသည်။ လူငယ်များသည်ဂျပန်နိုင်ငံ၌ယာမာဂူချီမြို့တော်တွင်ကျင်းပပြုလုပ်မည့်ကမ္ဘာကင်း ထောက်လူငယ်များစုဝေးသောပွဲကြီးသို့တက်ရောက်ရန်ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့ ၏မွေးရပ်မြေကိုသွားရောက်လည်ပတ်ရန်အတွက်ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့ခရီး ဆက်လက်ထွက်ခွာခဲ့သည်။ကရင်နီနှင့်ကရင်ကင်းထောက်လူငယ်များသည်နယ်စပ် ဖြတ်ကျော်နေရာဖြစ်သည့်မဲဆောက်မှမြဝတီသို့ဖြတ်ကျော်ရာတွင်စိတ်လှုပ်ရှားနေခဲ့ကြ ပြီးထိုမှတဆင့်ဘားအံ၊လွိုင်ကော်နှင့်ရန်ကုန်သို့ဆက်လက်ခရီးထွက်ခွာမည်ဖြစ်သည်။ ပြန်လည်ရောက်ရှိလာသည့်ကင်းထောက်လူငယ်များထဲမှတစ်ဦးဖြစ်သူအသက်(၁၆)နှစ် အရွယ်ရွှေရိုးလေးသည်မယ်လစခန်းတွင်မွေးဖွားခဲ့ပြီး၎င်း၏မွေးရပ်မြေဟောင်းသို့ပြန် လည်လည်ပတ်ရန်နှင့်US သို့အခြေချစဉ်အခါကစခန်းတွင်ကျန်ခဲ့သည့်မိသားစုဝင်များ ကိုတွေ့ရန်စိတ်လှုပ်ရှားနေခဲ့သည်။သူ၏ပြန်လည်လာရောက်လည်ပတ်သည့်အကြောင်း ကိုကရင်သတင်းစဉ်သို့ပြောပြခဲ့သည်။ကျွန်တော့်နာမည်ကဟေးစိုးလို့ခေါ်ပါတယ်။ မိသားစုနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကတော့ကျွန်တော့်ကိုရွှေရိုးလေးလို့ခေါ်ပါတယ်။ ကျွန်တော်မယ်လဒုက္ခသည်စခန်းမှမွေးဖွားခဲ့ပြီးစခန်းမှာ(၈)နှစ်ကြာနေထိုင်ခဲ့ပါတယ် ၂၀၀၇ခုနှစ်မှာကျွန်တော်တို့မိသားစုယူအက်စ်ကိုပြောင်းရွှေ့ခဲ့ပြီးအဲ့ဒီ့မှာအခြေချနေ ထိုင်ခဲ့ပါတယ်။အခု(၈)နှစ်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော့မွေးရပ်မြေဖြစ်တဲ့မယ်လ ကိုအလည်အပတ်သွားရောက်ဖို့အခွင့်အရေးရရှိခဲ့ပါတယ်။ကျွန်တော့ဆွေမျိုးတွေကို တွေ့ဖို့နဲ့ကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာကိုတွေ့မြင်ရဖို့ကျွန်တော်မျှော်လင့်နေခဲ့တာပါ။ စခန်းထဲမှာအရာအတော်များများပြောင်းလဲခဲ့ပါပြီ၊ဒါပေမယ့်အရာအားလုံးကိုမနေ့တ နေ့ကလိုပဲကျွန်တော်မှတ်မိနိုင်ခဲ့ပါတယ်။ကျွန်တော်မယ်လကိုပြန်သွားတဲ့အခါစိတ်ထဲ မှာထူးခြားခြားခံစားခဲ့ပါရတယ်။ကိုယ်ရပ်ကိုယ့်မြေလိုခံစားခဲ့ရပြီးကျွန်တော့်ကလေးဘဝ တုန်းအရာများစွာကိုပြန်လည်ခံစားအမှတ်ရစေခဲ့ပါတယ်။ကျွန်တော်ကံကောင်းပြီး ကောင်းချီးပေးတာခံရတယ်လို့ခံစားရပါတယ်။ကျွန်တော့်ဦးလေးနဲ့အဒေါ်ကိုကျွန်တော် တွေ့ဆုံခဲ့ပြီးကျွန်တော်ပိုမိုပျော်ရွှင်ခဲ့ပါတယ်။ဖော်မပြတတ်လောက်အောင်ကျွန်တော် အထူးခံစားရပါတယ်။ကျွန်တော်ရင်ခုန်နှုန်းတွေမြန်နေခဲ့ပါတယ်။ကျွန်တော့်ဦးလေး၊ အဒေါ်တို့နဲ့အထူးတလည်စကားပြောဖြစ်ခဲ့ပြီးသူတို့ကတောင်ကျွန်တော့်ကိုလက်ဆောင် တစ်ခုပေးပါတယ်။ကျွန်တော်တို့ကင်းထောက်လူငယ်တပ်ဖွဲ့မှာအသက်(၁၄)နှစ်ကနေ (၁၈)နှစ်အထိရှိပါတယ်။ဒီခရီးဟာအယောက်တိုင်းကိုကြီးမားစွာအကျိုးသက်ရောက်မှုရှိ စေပါတယ်၊ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကိုတွေ့မြင်ရခြင်းဟာဝမ်းမြောက် ဝမ်းသာဖြစ်စရာတစ်ခုပါ။မယ်လနဲ့ဘားအံမှာရှိတဲ့သဘာဝပတ်ဝန်းကျင်နဲ့ကလေးတွေ အကြောင်းကိုကျွန်တော်တို့အများအပြားသင်ယူလေ့လာခဲ့ပါတယ်။ဒါဟာကျွန်တော့်တို့ စိတ်နှလုံးကိုတကယ့်ကိုပဲထိပါတယ်၊ဒီခရီးမှာကျွန်တော်တို့အားလုံးကြီးပြင်းရင့်ကျက် လာတယ်လို့ထင်မိပါတယ်။လူငယ်အများစုကကျောင်းတက်ရောက်ကြပြီးအချို့ကကော လိပ်သွားကြပါတယ်။ကျွန်တော်တို့အားလုံးကျောင်းသားတွေဖြစ်ပါတယ်၊ကျွန်တော်အား လုံးကျောင်းမှာယူထားတဲ့စိတ်ကြိုက်ဘာသာရပ်တွေမတူညီပါဘူး။ကျွန်တော့စိတ်ကြိုက် ဘာသာကတော့သီချင်းသီဆိုမှုနဲ့လက်တင်ဘာသာသင်ယူလေ့လာခြင်းပါပဲ၊ဒါပေမယ့်လူ ငယ်တိုင်းအတွက်အမျိုးအစုံအလင်ရှိပါတယ်။တချို့ကတော့စစ်တပ်ထဲဝင်ဖို့စိတ်ဝင်စား ပါတယ်၊အခြားသူတွေကတော့ရဲနဲ့အင်ဂျင်နီယာထွေဖြစ်လာဖို့စိတ်ဝင်စားကြပါတယ်။ ဆော့လိတ်ဗယ်လီတလွှားလုံးကမတူညီတဲ့ကျောင်းအသီးသီးမှာကျွန်တော်တို့အားလုံး တက်ရောက်နေကြပါတယ်။(အရှေ့ပိုင်းအထက်တန်းကျောင်း၊အနောက်ပိုင်းအထက် တန်းကျောင်း၊ဟိုက်လန်းကျောင်း၊ကော်တွန်ဝုဒ်ကျောင်း၊အိုလန်ပစ်ကျောင်း၊ဂရမ်းဂါး ကျောင်းနဲ့ဟန့်တားအထက်တန်းကျောင်း)တို့ဖြစ်ပါတယ်။ကျွန်တော့အဒေါ်နဲ့ဦးလေးက မယ်လစခန်းကလူထုအသိုင်းအဝိုင်းမှာအလုပ်လုပ်ပါတယ်၊အစည်းအဝေးတွေသွားရပါ တယ်။သူတို့နဲ့အတူစခန်းအကြီးအကဲနဲ့ပါကျွန်တော်စကားပြောခဲ့ပါတယ်။ကျွန်တော့် မွေးရပ်မြေနဲ့ပက်သက်တဲ့အရာအများအပြားကိုကျွန်တော်သင်ယူလေ့လာခဲ့ပါတယ်။သူ တို့ပြောတာတွေထဲကကျွန်တော့်ကိုလွှမ်းမိုးခဲ့တဲ့အရာတွေကတော့ကျွန်တော်ဆန္ဒရှိတဲ့တ နေ့ကျရင်ဒုက္ခသည်တွေကိုဆီကိုပြန်လာပြီးကူညီဖို့ပြောခဲ့ပါတယ်။ကျွန်တော့်မွေးရပ်မြေ ကိုပြန်လာခွင့်ရခြင်းဟာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေထဲကကျွန်တော့အတွက်အ ကောင်းအဆုံးအရာတစ်ခုဖြစ်ခဲ့ပါတယ်။ခရီးမှာစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို ရွေးထုတ်ပြဖို့ခက်ပေမယ့်လည်းမယ်လနဲ့ဘားအံကတော့အထင်အရှားစိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာကျွန်တော်တို့အားလုံးသဘောတူလိမ့်မယ်လို့ကျွန်တော်ထင်ပါ တယ်။ကျွန်တော်တို့ပျော်ရွှင်အံ့သြစရာကောင်းတဲ့ဘောလုံးကစားပွဲတစ်ပွဲကစားခဲ့ပါ တယ်။ဒီကမ္ဘာပေါ်မှာကြင်နာမှုရှိတဲ့ခင်မင်စရာအကောင်းဆုံးသူငယ်ချင်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ဒီခရီးဟာကျွန်တော်တို့ဘဝအတွက်မူချအကောင်းဆုံးအချိန်တွေဖြစ် ခဲ့တယ်ဆိုတာအသေအချာပါပဲ။

  • ရှယ်ဖီးယူနိုက်တက်အသင်းမှယခင်က ဒုက္ခသည်တစ်ဦးဖြစ်သူအားအသင်းတွင် ပထမဆုံးအကြိမ်စာချုပ်ချုပ်ဆို
    close

    ရှယ်ဖီးယူနိုက်တက်သည်ယခင်ကဒုက္ခသည်တစ်ဦးဖြစ်သူအသက်(၁၈)နှစ်အရွယ်က လယ်အားအသင်းအတွက်တတိယအကြိမ်မြောက်စစ်ဆေးမှုများပြုလုပ်ပြီးနောက်အ သင်းမှသူ့အားကျွမ်းကျင်စာချုပ်ချုပ်ဆိုလိုက်သည်။သူနှင့်သူ၏မိသားစုသည်မြန်မာ နိုင်ငံ၌ဖိနှိပ်ချုပ်ချယ်မှုများကိုရင်ဆိုင်ခဲ့ရသည့်လူနည်းစုအုပ်စုဖြစ်သောကရင်တိုင်းရင်း သားမိသားစုမှဖြစ်ပြီးအုန်းပြန့်မိုင်ဒုက္ခသည်စခန်းတွင်မွေးဖွားခဲ့သည်။သြစတြေးလျနိုင် ငံသို့ပြောင်းရွှေ့အခြေချရန်၎င်းတို့မှကြိုးပမ်းခဲ့သော်လည်းမအောင်မမြင်ဖြစ်ခဲ့ပြီးဒုက္ခ သည်ဝန်းကျင်တွင်စိတ်ဓာတ်ကျမှုများမှဘယ်သောအခါမှလွတ်မြောက်ရန်ရေစက်မရှိ ဟုထင်ခဲ့သည်။“အပြင်ကိုတကယ့်ကိုထွက်လို့မရနိုင်ပါဘူး၊ထိုင်းနိုင်ငံထဲကိုသွားဖို့ဘယ် သူမှနိုင်ငံကူးလက်မှတ်မရှိပါဘူး၊အပြင်သာမန်လူတွေလိုအပြင်ကိုထွက်ဖို့မဖြစ်နိုင်ပါဘူး ”ဟုကလယ်ကရှင်းပြခဲ့သည်။သို့သော်လည်း၂၀၀၆ခုနှစ်၌ကလယ်နှင့်မိသားစုဝင်(၅)ဦး အပါအဝင်အဖွဲ့အနည်းငယ်သည်ကုလသမဂ္ဂအကာအကွယ်ပေးရေးအစီအစဉ်တစိတ် အပိုင်းအနေဖြင့်ရှယ်ဖီးမြို့သို့အခြေချခဲ့သည်။ဘာသာစကားအခက်အခဲများကြောင့်က လယ်သည်ဘောလုံးအသင်းတွင်တဖန်ခိုလှုံခဲ့ပြီးကျောင်းအသင်းနှင့်တနင်္ဂနွေအားက စားကလပ်အသင်းတွင်ကစားခဲ့သည်။၎င်း၏သူငယ်ချင်းများမှကလယယ်အားအင်္ဂလန် မှနိုင်ငံတကာကစားသမားတစ်ယောက်ဖြစ်ပြီးအားလုံးနှစ်ခြိုက်သဘောကျသူတစ်ဦးဖြစ် သည့် Kyle Walker ကိုကူညီပေးခဲ့သောFootball Unites Racism Divides အဖွဲ့အ ကြောင်းပြောပြခဲ့သည်။ကလယ်ရောက်မလာမီအသင်းမှထွက်ခွာသွားခဲ့သည့်Walker စ တင်ဝင်ရောက်ကစားခဲ့သောရှယ်ဖီး(Sheffield United)အသင်းတွင်ကလယ်မှနှစ်ကြိမ် တိုင်စစ်ဆေးခံပြီးနောက်တတိယအကြိမ်မြောက်စစ်ဆေးမှုအပြီးနောက်ဆုံးတွင်ကလပ် အသင်းမှကလယ်အားခေါ်ယူခဲ့ပြီးနည်းပြများ၏သဘောကျခြင်းကိုရရှိခဲ့သည်။“ကျွန် တော်တနေ့နေ့တချိန်ချိန်မှာပရီးမီးယားလိဒ်မှာကစားချင်ပါတယ်၊ဒါပေမယ့်လက်ရှိမှာ ကျွန်တော့်ရည်မှန်းချက်ကကျွန်တော့်မန်နေဂျာ Nigel Adkins နဲ့(အသက်၂၁ နှစ် အောက်တွေရဲ့နည်းပြ)ဖြစ်တဲ့Chris Morganတို့ကိုအားကျအတုယူဖို့ပါပဲ၊ရှယ်ဖီးယူနိုက် တက်(Sheffield United)ကကျွန်တော့်အပေါ်ယုံကြည်ကိုးစားမှုအားပြန်လည်ပေးဆပ် တဲ့အနေနဲ့အကောင်းဆုံးကြိုးစားပါမယ်”ဟုသူကReuters သို့ပြောခဲ့သည်။“ကျွန်တော် ကရည်မှန်းချက်ကြီးတဲ့ကစားသမားတစ်ယောက်ပါ။တနေ့ကျရင်နိုင်ငံတကာအဆင့် အရမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်၊ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်အသင်းရဲ့ကပ္ပတိန်တစ်ဦးဖြစ်ဖို့ နှစ်သက်ပါတယ်။ကျွန်တော်အရွယ်ရောက်တဲ့အခါဖြစ်နိုင်မယ်ဆိုရင်ပရီးမီးယားလိဒ်နဲ့ ချန်ပီယံလိဒ်တွေမှာအမြင့်ဆုံးအဆင့်နေရာကနေကစားချင်ပါတယ်။”ယခုနှစ်တွင် ကလယ်သည်ယူနိုက်တက်အသင်း၏ဆယ့်ရှစ်နှစ်အောက်အသင်းတွင်ကျွမ်းကျင်သည့် ညာတောင်ပံကစားသမားတစ်ဦးအဖြစ်ကစားမည်ဖြစ်ပြီး၊ပြီးခဲ့သည့်ရာသီ၌လိဒ်ဖလား ဆီမီးဖိုင်နယ်ပွဲတွင်ချန်ပီယံဖြစ်ရန်ကပ်လွဲသွားသည့်ဒုတိယနေရာဖြင့်သာရရှိခဲ့သော Blades အသင်းတွင်ကစားရန်ဦးဆုံးအကြိမ်အခွင့်အရေးရခဲ့သည်။“အသင်းမှာနေရာရ ဖို့ကြိုးစားရမှာကသူ့အတွက်စိန်ခေါ်မှုတစ်ခုပါပဲ”ဟုယူနိုက်တက်အသင်းမန်နေဂျာ Nick Cox ကပြောခဲ့သည်။“ကလယ်ကဘာသာစကားအသစ်ကိုသင်ယူရတာ၊မရင်းနှီးတဲ့ ယဉ်ကျေးမှုတွေနဲ့လိုက်လျောညီထွေရှိအောင်သင်ယူရတာတွေကိုတချိန်တည်းမှာပဲ လုပ်ခဲ့ပါတယ်။အသင်းမှာကျွမ်းကျင်မှုကစားသမားစာချုပ်ချုပ်ဆိုနိုင်ခြင်းဟာမယုံနိုင် လောက်တဲ့အောင်မြင်မှုပါပဲ။”ယခုအခါကလယ်သည်ဗြိတိန်နိုင်ငံကူးလက်မှတ်ကိုကိုင် ဆောင်ထားပြီး၎င်း၏မွေးရပ်မြေဖြစ်သည့်လူပေါင်းတစ်သိန်းသုံးထောင်နီးပါးရှိသော ဒုက္ခသည်စခန်းသို့မိသားစုနှင့်သူငယ်ချင်းများကိုတွေ့ဆုံရန်အတွက်၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံသို့ပြန်လည်သွားရောက်ခဲ့သည်။ပရီးမီးယားလိဒ်ကိုစွဲလန်းနှစ်ခြိုက်ကြသည့် သူ့မိသားစု၏မျှော်လင့်ချက်များကိုသယ်ပိုးထားရသည်မှာသူ့အတွက်ပျော်ရွှင်မိကြောင်း နှင့်အကျိုးအမြတ်ရှိသောလိဒ်တွင်ပထမဦးဆုံးအကြိမ်အဖြစ်၎င်းတို့၏မိသားစုဝင်တစ် ယောက်မှကစားသည်ကိုအသည်းအသန်မြင််တွေ့ချင်နေကြကြောင်းပြောခဲ့သည်။ “ကျွန်တော်ကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာရှိကြတဲ့သူတိုင်းနဲ့ကျွန်တော့်သူငယ်ချင်း၊မိသား စု၊အားလုံးကိုယ်စားကျွန်တော်ကိုယ်စားပြုပါတယ်။ကျွန်တော်အပြုသဘောဆောင်တဲ့ စံပြတစ်ယောက်အဖြစ်နဲ့ဒုက္ခသည်စခန်းအပြင်ဘက်လောကမှာလည်းမျှော်လင့်ချက်ရှိ တယ်ဆိုတဲ့အကြောင်းအမှတ်သညာတစ်ခုဖြစ်ချင်ပါတယ်”ဟုကလယ်ကပြောခဲ့သည်။

  • “ကျွန်ုပ်တို့ရဲ့ဒေသတွင်းသတင်းနှင့်ဗဟုသုတစင်တာလေး”ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့
    close

    စာလေ့လာသင်ယူမှုအတွက်မှီငြမ်းကိုးကားချက်များကိုရှာဖွေရန်ဖြစ်စေ၊ဗဟုသုတ နှင့်သတင်းအချက်အလက်များကိုလိုချင်သည်ဖြစ်စေ၊စာရိုးရိုးတန်းတန်းဖတ်ခြင်း ကိုနှစ်သက်၍ပဲဖြစ်စေ၊အကောင်းဆုံးသွားရောက်ရန်နေရာများထဲမှတခုအပါအဝင် ဖြစ်သည့်လူထုစာကြည့်တိုက်သို့လာရောက်ကြသည်။ယခုအခါထိုင်းမြန်မာနယ်စပ် တွင်ရှိသောဒုက္ခသည်စခန်း(၇)ခုတွင်လူထုစာကြည့်တိုက်(၂၁)လုံးရှိနေပြီဖြစ်သည်။ စာကြည့်တိုက်များကိုတစ်ပတ်တွင်(၅)ရက်ဖွင့်ပြီးရုပ်ပြဇာတ်လမ်းစာအုပ်များ၊မှီငြမ်း ကိုးကားစရာစာအုပ်များ၊သတင်းစာ၊မဂ္ဂဇင်း၊အထွေထွေဗဟုသုတစာအုပ်များ၊ဝတ္ထု စာအုပ်များနှင့်ကာတွန်းစာအုပ်များအပါအဝင်စာကြည့်တိုက်တစ်ခုတွင်စာအုပ်ပေါင်း (၇)ထောင်ထက်ပို၍ရှိသည်။အသက်(၁၂)နှစ်အထက်မည်သူမဆိုအားလုံးလာရောက် ငှားရမ်းနိုင်ဖတ်ရှုနိုင်သည်။ကလေးများတွက်စာကြည့်တိုက်မှူးများမှစီစဉ်ထားသည့် ပုံပြင်ပြောပြခြင်း၊ကစားနည်းများကစားခြင်း၊သီချင်းများနှင့်ပန်းချီရေးဆွဲခြင်းများစ သည်တို့ကဲ့သို့နေ့စဉ်လှုပ်ရှားမှုအစီအစဉ်များလည်းရှိသည်။ကလေးများမှစ၍သက်ကြီး ရွယ်အိုများအထိနေ့စဉ်နေ့တိုင်းစာကြည့်တိုက်သို့လာရောက်ကြပြီးအားလုံးသောစာ အုပ်အမျိုးမျိုးကိုသူငယ်ချင်းများ၊မိသားစုများအတူဖတ်ရှုခြင်းဖြင့်အချိန်ကုန်ဆုံးခဲ့ ကြသည်။ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(Shanti Volunteer Association)သည်လူ ထုစာကြည့်တိုက်များကို၂၀၀၀ခုနှစ်မှစတင်ကာပံ့ပိုးကူညီပေးခဲ့သည်။ဘန့်ဒွန်ယန်း စခန်းမှအသက်(၁၁)နှစ်အရွယ်ရှိနော်တညဲဖော သည်စာကြည့်တိုက်သို့မကြာခဏ လာရောက်သည်။စာကြည့်တိုက်သည်သူမ၏အကောင်းဆုံးသူငယ်ချင်းများထဲမှတစ် ခုအပါအဝင်ဖြစ်သည်။“ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းလာပါတယ်။စာကြည့်တိုက် မှူးတွေပြောပြတဲ့ပုံပြင်တွေကိုကျွန်မကြိုက်တယ်။ကျွန်မပုံပြင်ဇာတ်လမ်းတွေနား ထောင်ရတဲ့အခါအရမ်းကိုပျော်ရွှင်ပါတယ်။ကျွန်မရဲ့အနာဂတ်စိတ်ကူးအိမ်မက်က တော့စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်လာပြီးတော့ကလေးတွေကိုပုံပြင်ဇာတ်လမ်း တွေပြောပြချင်ပါတယ်။”မယ်လစခန်းတွင်နေထိုင်သောအသက်(၅၂)နှစ်အရွယ်ရှိ နော်ဘဲလ်ထီးလိုသည်စာကြည့်တိုက်ကိုကြိုက်နှစ်သက်ပြီးစာကြည့်တိုက်အလုပ်များ ကိုစေတနာ့ဝန်ထမ်းအနေဖြင့်မကြာခဏသွားကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ “စာကြည့်တိုက်ဟာကျွန်မတို့အတွက်အလွန်ကိုပဲအသုံးဝင်ပါတယ်၊ဘာဖြစ်လို့လဲဆို တော့စာအုပ်များကနေတဆင့်ကျွန်မတို့သတင်းအချက်အလက်တွေပိုမိုရရှိနိုင်လို့ပါ။ ကျွန်မမြန်မာပြည်ကကျွန်မရွာမှာနေမယ်ဆိုရင်ဒီလိုစာအုပ်မျိုးစုံကိုဖတ်ရဖို့ခက်ခဲပါ လိမ့်မယ်။စာကြည့်တိုက်မရှိပဲစခန်းထဲမှာနေထိုင်ရတာကလည်းပျော်စရာကောင်း မယ်မထင်ပါဘူး။စာကြည့်တိုက်ဟာကျွန်မတို့ကိုစိတ်ချမ်းမြေ့စရာတွေနဲ့ဗဟုသုတ တွေပိုမိုရရှိစေပါတယ်။”မယ်လစခန်းတွင်နေထိုင်သောအသက်(၂၂)နှစ်အရွယ်ရှိ စောရိုးသာသည်OCEE(စခန်းပညာရေးအဖွဲ့ရုံး)တွင်စာကြည့်တိုက်မှူးအကြီးကဲအဖြစ် လုပ်ကိုင်နေပြီးစခန်းထဲတွင်ရှိသောလူထုကိုပံ့ပိုးကူညီပေးနိုင်သောသူ၏အလုပ်ကိုဂုဏ် ယူလျက်ရှိသည်။“လူထုစာကြည့်တိုက်ဟာသမားတော်တစ်ပါးလိုပါပဲ၊လူတွေရဲ့အသဲ နှလုံးကိုကုစားပေးနိုင်ပါတယ်။”မကြာသေးမီနှစ်များကဒုက္ခသည်များအတွက်ရေရှည် ဖြေရှင်းနည်းများနှင့်စပ်လျဉ်း၍ဆွေးနွေးမှုများပြုလုပ်စဉ်အချိန်အတောအတွင်းတွင်အ ဖွဲ့ဝင်အမျိုးမျိုးမှစခန်းထဲရှိလူအများထံသတင်းအချက်အလက်များဝေမျှခြင်း၏အရေး ကြီးပုံကိုထုတ်ဖော်ပြောဆိုခဲ့ကြသည်။၁၉၉၄ခုနှစ်UNESCO လူထုအဆိုပြုချက်တွင် “လူထုစာကြည့်တိုက်သည်ဒေသတွင်းသတင်းအချက်အလက်စင်တာဖြစ်ပြီးလာရောက် ဖတ်ရှုသူများကိုဗဟုသုတနှင့်သတင်းအချက်အလက်အလုံးစုံကိုအဆင်သင့်ရစေရှိသည် ဟုထုတ်ဖော်ပြောကြားထားသောကြောင့်ဒုက္ခသည်စခန်းထဲတွင်ရှိသောလူထုစာကြည့် တိုက်၏အရေးကြီးသောလုပ်ဆောင်မှုတစ်ခုမှာစာကြည့်တိုက်တွင်လာရောက်အသုံးပြု သူများထံသတင်းအချက်အလက်များဝေမျှပေးရန်ပင်ဖြစ်သည်။ယခုနှစ်အစပိုင်းမှစ၍ SVAသည်KRC၊စခန်းကော်မတီ၊OCEE၊စာကြည့်တိုက်ကော်မတီနှင့်တခြားသောအဖွဲ့အ စည်းများနှင့်ပူးပေါင်းကာဤသတင်းအချက်အလက်ဝေမျှခြင်းကိုစခန်းထဲရှိလူထုစာ ကြည့်တိုက်များ၏လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့်အင်တိုက်အားတိုက်လုပ်ဆောင် နေသည်။စာကြည့်တိုက်များတွင်ယခုထက်ထိတိုင်အောင်သတင်းအချက်အလက်များ ၏အဓိကအရင်းအမြစ်ကိုစာအုပ်များနှင့်အခြားပုံနှိပ်အရာများမှတဆင့်ရရှိနိုင်သည်။ ထိုအရာများတွင်သတင်းစာများ၊လစဉ်ဖြန့်ဖြူးပေးနေသောမဂ္ဂဇင်းများနှင့်အထွေထွေ ဗဟုသုတစာအုပ်များပါဝင်သည်။မည်သို့ဆိုစေကာမူ၂၀၁၄ခုနှစ်အလယ်ပိုင်းတွင်စာ ကြည့်တိုက်များ၌SVAသည်ကွန်ပြူတာများကိုထားရှိလာနိုင်သောကြောင့်UNHCR ၏ပံ့ပိုးကူညီမှုကိုကျေးဇူးတင်ရှိသည်။“ထိုင်း- မြန်မာနယ်နိမိတ်ဖြတ်သန်းသောအင် တာနက်လိုင်း” ကိုအင်တာနက်ဖြင့်ချိတ်ဆက်မထားသောပုံစံဖြင့်ကွန်ပြူတာများထဲ တွင်တပ်ဆင်ခဲ့ပြီးကရင်၊မြန်မာနှင့်အင်္ဂလိပ်ဘာသာတို့ဖြင့်ရရှိနိုင်သောထိုကွန်ယက် ပေါ်ရှိသတင်းအချက်အလက်အကြောင်းအရာများကိုလူအများအားဝင်ရောက်ဖတ် ရှုကြည့်ရှု့ခွင့်ပြုထားသည်။ကွန်ပြူတာများတပ်ဆင်ပြီးနောက်ပိုင်းတွင်SVA သည်စာ ကြည့်တိုက်ကိုလာရောက်အသုံးပြုသောလူအများ၏အပြုသဘောဆောင်သည့်တုံ့ပြန် ချက်အများအပြားကိုလက်ခံရရှိခဲ့သည်၊အများစုမှကွန်ပြူတာများသည်သတင်းအချက် အလက်များရရှိရန်အတွက်အလွန်ပင်အသုံးဝင်သည်ဟု၎င်းတို့ထင်မြင်မိကြောင်းပြော ပြကြသည်။OCEE မှလည်းထိုကွန်ပြူတာများတွင်ပညာရေးE- Dataများ(ပညာရေးနှင့် ပက်သက်သောအချက်အလက်များ)ရရှိရန်အတွက်ပံ့ပိုးကူညီပေးသည်။စာကြည့်တိုက် အသုံးပြုသူအများအပြား၊အထူးသဖြင့်လူငယ်လူရွယ်များသည်နောက်ဆုံးဖြစ်ပေါ် နေသောသတင်းအချက်အလက်များနှင့်သင်ထောက်ကူစ္စည်းများကိုရှာဖွေရန်အတွက် ဤကွန်ပြူတာများကိုမကြာခဏလာရောက်အသုံးပြုကြသည်။စာကြည့်တိုက်တွင်အ သုံးပြုသူအမျိုးမျိုးပိုမိုကျယ်ကျယ်ပြန့်ပြန့်လာရောက်စေရန်SVAမှသတင်းအချက်အ လက်ဝေမျှခြင်းအတွက်OCEE၊စာကြည့်တိုက်ကော်မတီ၊ဆရာ၊ဆရာမများနှင့်စခန်း တွင်းအခြေစိုက်NGOsနှင့်CBOsများကိုပစ်မှတ်ထားကာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စာကြည့်တိုက်တွင်ကမကထခံပြုလုပ်ခဲ့သည်။အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်တက် ရောက်လာကြသူများမှစာအုပ်များ၊ကွန်ပြူတာများ၊သတင်းအချက်အလက်ကြေငြာ ဘုတ်ပြားများနှင့်တခြားပစ္စည်းများမှတဆင့်သတင်းအချက်အလက်များဝေမျှရာတွင် စာကြည့်တိုက်လုပ်ငန်းများမည်ကဲ့သို့တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရမည် နှင့်ပက်သက်၍အကြံအဉာဏ်များပေးဝေမျှခဲ့ကြသည်။တချို့တက်ရောက်ပါဝင်သူ များအတွက်ကွန်ပြူတာအသုံးပြုခြင်းသည်ပထမဦးဆုံးအကြိမ်ဖြစ်နေသော်လည်း ၎င်းတို့ထဲမှအများစုသည်ကွန်ပြူတာများအားမည်ကဲ့သို့အသုံးပြုရမည်ဆိုသည်ကို သင်ယူရာတွင်လွန်စွာစိတ်ပါဝင်စားမှုရှိခဲ့ကြပြီးတခြားသူများကို၎င်းတို့မှသတင်း များမျှဝေပေးနိုင်ရန်အတွက်နေ့စဉ်နေ့တိုင်းလာရောက်လေ့ကျင့်မည်ဟုကတိပေးကြ သည်။စခန်းအတွင်းနေထိုင်သူများအားကွန်ပြူတာများကိုလာရောက်အသုံးပြုနိုင် ကြောင်းယေဘူယျအားဖြင့်ကြေငြာပေးရန်စခန်းကော်မတီနှင့်၎င်းတို့မှဆွေးနွေးမည် ဖြစ်ကြောင်းပါဝင်သူတချို့မှထုတ်ဖော်ပြောခဲ့သည်။အလုပ်ရုံဆွေးနွေးပွဲပြီးသည့် နောက်ပိုင်းတွင်လူထုမှစာကြည့်တိုက်သည်အများနှင့်သက်ဆိုင်သည့်လူထုပိုင်အရာ တစ်ခုဖြစ်ကြောင်းလူထုမှသဘောပေါက်နားလည်လာကြသည်ကိုSVA ဝန်ထမ်းများ မှသိရှိဂရုပြုမိခဲ့ကြသည်။ လူထုစာကြည့်တိုက်သည်သတင်းအချက်အလက်နှင့်ဗဟုသတများအတွက်ဒေသတွင်း စင်တာတစ်ခုလိုပင်ဖြစ်သည်။လူအများအပြားမှဤအရင်းအမြစ်များကိုရရှိစေရန်အ တွက်အနာဂတ်တွင်လူထုစာကြည့်တိုက်များပိုမိုတိုးတက်ကောင်းမွန်စေရန်SVAသည် အဖွဲ့အစည်းအားလုံးနှင့်အတူတကွဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ သင်တို့အခါအခွင့်ကြုံလျှင်ကျေးဇူးပြု၍ကျွန်ုပ်တို့စာကြည့်တိုက်သို့လာရောက်လည် ပတ်ကြပါ။

  • နို့ဖိုးဒုက္ခသည်စခန်းမှသည်အမေရိကန်နိုင်ငံသို့ရောက်ရှိသွားသောဖောဆဲ့​​စိုး​ပ​ရီး! ထိုင်း-မြန်မာနယ်စပ်မှစိတ်ဓာတ်တက်ကြွဖွယ်ရာဘဝဇာတ်လမ်း
    close

    ဖောဆဲစိုး! ကျေးဇူးပြုပြီးညီမရဲ့အကြောင်းလေးကိုပြောပြပေးပါလား။ ပြီးတော့မဲဟောင်ဆောင်ဆီကိုဘာအကြောင်းအရာတွေဆောင်နှင်းပေးချင်ပါသလဲ။ ကျွန်မအသက်(၂၄)နှစ်ပါ။မြန်မာနိုင်ငံ၊ကရင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။ကျွန်မအ သက်(၇)နှစ်မှာထိုင်းနိုင်ငံဒုက္ခသည်စခန်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာ အမေရိကန်နိုင်ငံနယူးယောက်၊ယူတီကာကိုရွှေ့ပြောင်းခဲ့ပါတယ်။ကျွန်မစခန်းထဲက ထွက်ခွာလာတဲ့အချိန်ကတည်းကထိုင်းနိုင်ငံကိုပြန်လာတာဒါပထမဦးဆုံးအကြိမ်ပါ။ ထိုင်းမြန်မာနယ်စပ်တလျှောက်မှရှိတဲ့Shanti စေတနာ့ဝန်ထမ်းအဖွဲ့နဲ့အတူကျွန်မအ လုပ်လုပ်ပါတယ်။ကျွန်မအမေနဲ့ကျွန်မမွေးချင်းနှစ်ဦးဟာနို့ဖို့စခန်းမှာနေထိုင်တုန်းပါပဲ။ ကျွန်မသူတို့နဲ့တွေ့ရတာအရမ်းကိုပျော်ရွှင်မိပါတယ်။ဝမ်းနည်းဖွယ်ကောင်းတာကကျွန်မ အဖေဟာ၂၀၁၁ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။အဖေရဲ့စျာပနကိုကျွန်မမတက်ရောက် နိုင်ခဲ့ပါဘူး။အဖေဟာဆရာဝန်တစ်ဦးလဲဖြစ်သလိုလူထုခေါင်းဆောင်တစ်ဦးလဲဖြစ်ပါ တယ်။အဖေကအမေရိကားမှအခြေချဖို့သဘောမတူခဲ့ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့အဖေ ကကရင်လူထုတွေဆီကိုငြိမ်းချမ်းရေးရရှိအောင်ဆက်လက်ကြိုးပမ်းအားထုတ်ဆောင် ရွက်ချင်လို့ပါ။--------------------------------------------------- ဘဝမှာမွေးရပ်ဇာတိမြေနဲ့ပက်သက်ပြီးမှတ်မိတာတွေရှိသလား။-------------- အဲ့ဒီအချိန်တုန်းကကျွန်မအရမ်းကိုငယ်သေးတယ်။ကျွန်မတို့မြန်မာပြည်မှာနေတုန်းက တနေရာပြီးတစ်နေရာပြောင်းနေရတယ်။တချို့အချိန်တွေဆိုရင်အကုန်လုံးနောက်မှာ ချန်ထားပြီးကျွန်မတို့မိသားစုတွေစစ်သားတွေရန်ကလွတ်အောင်ပုန်းအောင်းဖို့အတွက် တောထဲကိုပြေးခဲ့ရတယ်။ကျွန်မအဖေကနေရာတိုင်းကကျွန်မတို့ပိုင်ဆိုင်တဲ့မြေတွေပေါ် မှာကျွန်မတို့အတွက်ဝါးအိမ်တွေဆောက်ပြီးတာနဲ့စစ်သားတွေနောက်ထပ်လာတာပါပဲ။ ကျွန်မကလေးဘဝတစ်ခုလုံးမှကျွန်မတို့ဘယ်တော့မှမရပ်နားပဲလှည့်ပတ်ပြောင်းရွှေ့နေ ရတာပါ။အဲ့ဒီလိုနေရင်းနဲ့ထူးခြားတဲ့အပြောင်းအလဲနေ့တနေ့ရောက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာကျွန်မအသက်ခြောက်နှစ်ခွဲရှိနေပါပြီ။ရုတ်တရက်ပေါက်ကွဲသံကြီးကျွန်မ ကြားလိုက်ရတဲ့အချိန်မှာကျွန်မဟာကျွန်မသူငယ်ချင်းအိမ်မှာဆော့ကစားနေတာပါ။ စစ်သားတွေနောက်ထပ်လာပြီးတိုက်ခိုက်နေပြီဆိုတာကိုကျွန်မချက်ချင်းသိလိုက်ပါတယ်။ ကျွန်မအဖေအိမ်မှာမရှိပါဘူး၊ဒါကြောင့်ကျွန်မအမေ၊ကျွန်မရဲ့မောင်နှစ်မခုနစ်ယောက်နဲ့ ကျွန်မဟာအသက်ရှင်ဖို့အတွက်ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီလိုဝသုန်းဝရုန်းကားဖြစ်နေ တဲ့အချိန်မှာကျွန်မဟာမိသားစုနဲ့လူစုကွဲသွားပါတယ်။ကျွန်မဘယ်လိုလုပ်ရမယ်ဆိုတာမ သိတော့ပါဘူး၊ဒါကြောင့်ကျွန်မလိုပဲလမ်းပျောက်နေတဲ့တခြားလူတွေနဲ့အတူကျွန်မဆက် လက်ပြေးလွှားခဲ့ပါတယ်။ထိုင်းနိုင်ငံနယ်စပ်ရောက်တဲ့အထိကျွန်မတို့ပြေးခဲ့ပါတယ်။ ကျွန်မမိဘတွေကိုသိကြတဲ့ထိုင်းနယ်စပ်မှာရှိတဲ့ကြင်နာတတ်တဲ့လူတချို့ကကျွန်မ ကိုကျွန်မအမေဆီပြန်ပို့ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကတည်းကစပြီးကျွန်မမြန်မာပြည် ကိုဘယ်တော့မှမပြန်ဖြစ်တော့ပါဘူး။------------------------------------ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ရတဲ့ဘဝအကြောင်းနဲ့USA ကိုမရောက်ခင်တွေ့ကြုံခဲ့ရတဲ့အတွေ့ အကြုံတွေကိုနည်းနည်းလောက်ပိုပြီးပြောပြပေးပါလား။------------------------ ထိုင်းနိုင်ငံမှာကျွန်မတို့ဆက်လက်ရှင်သန်နေထိုင်ဖို့အတွက်ကျွန်မတို့ကိုအရမ်းကိုကျဉ်း ကြပ်သေးငယ်တဲ့နေရာအစိတ်အပိုင်းလေးတစ်ခုသာပေးခဲ့ပါတယ်။အဲ့ဒီနေရာကကျွန်မ တို့ဒုက္ခသည်စခန်းဖြစ်လာတာပါပဲ။ကျွန်မတို့စခန်းမှာအချိန်ကြာကြာနေထိုင်ဖို့အစီအ စဉ်မရှိပါဘူး၊ဒါပေမယ့်လည်းတစ်နှစ်အချိန်ကုန်သွားတယ်၊နောက်ပြီးသုံးနှစ်အချိန် ထပ်ကုန်လွန်သွားပြန်တယ်။ဒါဟာဆိုရင်ကျွန်မတို့နယ်စပ်ဖြတ်ကျော်ပြီးကျွန်မတို့နိုင် ငံကိုပြန်နိုင်ဖို့အခွင့်အရေးမရှိတော့ဘူးလို့ထင်စရာပါပဲ။ကျွန်မတို့ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းလာတဲ့လူတွေပိုပိုပြီးများပြားလာပါတယ်။ဒုက္ခသည်စခန်းထဲမှာနေထိုင်ရ တဲ့ဘဝဟာလည်းမလွယ်ကူလှပါဘူး။ကျွန်မတို့ကိုစခန်းအပြင်ဘက်ထွက်ဖို့ခွင့်မပြု ပါဘူး။ဒါကြောင့်ရေမရှိ၊မီးမရှိ၊ရုပ်မြင်သံကြား၊သတင်းစာ၊သတင်းသုတရဖို့အခွင့်အ လမ်းမရှိ၊လူထုဆက်သွယ်ရေးမီဒီယာဘာတစ်ခုမှမရှိတဲ့ဝါးအိမ်ငယ်လေးမှနေထိုင်ရင်း ကျွန်မတို့စခန်းထဲမှာပဲနေခဲ့ရပါတယ်။အရေးပါတာတစ်ခုကစခန်းထဲမှာပညာသင် ကြားဖို့အခွင့်အရေးအနည်းအကျဉ်းရရှိခဲ့ပါတယ်၊ဒါပေမယ့်အထက်တန်းကျောင်းပြီး တာနဲ့ပညာဆက်လက်သင်ကြားဖို့အခွင့်အလမ်းမရှိတော့ပါဘူး။---------------- စခန်းထဲမှာညီမအတွက်ဘာတွေကအခက်ခဲဆုံးဖြစ်ခဲ့လဲ။--------------------- ကျွန်မတို့ထိုင်းနိုင်ငံရောက်ပြီးများမကြာမီမှာပဲကျွန်မအစ်မကြီးနေထိုင်မကောင်းဖြစ် လာတာဟာကြီးမားတဲ့ကံဆိုးမှုကြီးတစ်ခုကျွန်မတို့မိသားစုဆီကိုဝင်ရောက်ရိုက်ခတ် လာတာပါပဲ။သူ့မှာဘာဖြစ်နေတယ်ဆိုတာကျွန်မတို့လုံးဝမသိပါဘူး။ကျွန်မအဖေကက ရင်ရိုးရာတိုင်းရင်းဆေးဆရာပါ၊အဖေကအမအသက်ဆက်ရှင်ဖို့ကုသနိုင်ပေမယ့်လည်း အစ်မဟာအားတွေဆက်ပြီးလျော့လျော့နေခဲ့ပါတယ်။သူ့ကိုခေတ်မီဆေးဝါးတွေနဲ့ကုသ ဖို့ကလည်းကျွန်မတို့မိသားစုအတွက်အရမ်းကိုစျေးကကြီးနေပါတယ်၊ဒါကြောင့်ဘုရား သခင်အလိုတော်အတိုင်းလက်ခံဖို့နဲ့အကူအညီရရှိဖို့အတွက်ဆုတောင်းကြဖို့ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်မတို့မိသားစုနဲ့အတူစခန်းထဲမှရှိတဲ့ဘုရားကျောင်းအားလုံးက လည်းသူ့အတွက်ဆုတောင်းပေးခဲ့ကြပါတယ်၊တစ်နေ့မှာတော့UNHCRမှာအလုပ်လုပ် နေတဲ့သူငယ်ချင်းတစ်ယောက်ကကျွန်မအစ်မအကြောင်းကိုကြားခဲ့ပြီးUSAမှာရှိတဲ့ ဆေးရုံမှာတက်ရောက်ကုသဖို့ကူညီပေးခဲ့ပါတယ်။ကျွန်မအစ်မဟာကျွန်မတို့မိသားစု ထဲမှာဆိုရင်တော့USAကိုပထမဦးဆုံးအခြေချခဲ့တဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။သူရိုး တွင်းခြင်ဆီအစားထိုးကုသတဲ့အခါမှာသူ့ကိုကူညီပေးဖို့အတွက်ကျွန်မအစ်ကိုတစ် ယောက်နဲ့ကျွန်မအစ်မတစ်ယောက်ကသူနဲ့အတူလိုက်သွားခဲ့ပါတယ်။နောက်များမ ကြာမီမှာပဲကျွန်မအသက်(၁၈)နှစ်ပြည့်ခဲ့ပြီးUSAမှာရှိတဲ့သူတို့နောက်ကိုလိုက်သွား ဖို့အတော်အသင့်အသက်ပြည့်ခဲ့ပါပြီ။------------------------------------ USAကိုဆိုက်ရောက်တဲ့အခါမှာပထမဦးဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်ကိုပြောပြပေးပါလား။ မတူညီကွဲပြားခြားနားတဲ့ပတ်ဝန်းကျင်မှာဘယ်လိုအသားကျအောင်လုပ်ခဲ့ရသလဲ။---- ၂၀၀၈ခုနှစ်၊ဇွန်လ(၁၀)ရက်နေ့မှာနယူးယောက်၊ယူတီကာကိုကျွန်မရောက်ရှိခဲ့ပါတယ်။ ကျွန်မဘဝရဲ့ပျော်ရွှင်စရာအကောင်းဆုံးနေ့ပါပဲ၊ကျွန်မဘဝမှာပထမဦးဆုံးအကြိမ်အဖြစ် မော်တော်ကားတွေ၊နေအိမ်လှလှလေးတွေ၊သစ်ပင်ပန်းမန်တွေ၊လူသွားလမ်းတွေနဲ့ကျွန် မဘဝမှာအရင်ကတခါမှမမြင်ဘူးခဲ့တဲ့မျက်နှာသွင်ပြင်အင်္ဂါရပ်တွေရှိတဲ့ကျွန်မတို့နဲ့မတူ ကွဲပြားခြားနားတဲ့သူူတွေကိုကျွန်မမြင်ခဲ့ပါတယ်။ကျွန်မလည်းအရမ်းကိုကြောက်လန့် သွားခဲ့ပါတယ်။အမေရိကန်ယဉ်ကျေးမှုအကြောင်းကိုကျွန်မသိပ်များများစားစားမသိပါ ဘူး။ပျော်ရွှင်နှစ်သက်ဖွယ်ကောင်းတဲ့ဘုရားရှိခိုးကျောင်းတစ်ကျောင်း၊အရမ်းကိုခမ်းနား တဲ့စာသင်ကျောင်းတစ်ကျောင်းနဲ့ချစ်စရာကောင်းတဲ့သစ်သားအိမ်လေးတစ်လုံးကိုကံ ကောင်းထောက်မစွာမြန်မြန်ဆန်ဆန်ကျွန်မရှာတွေ့ခဲ့ပြီးအရမ်းကိုကောင်းမွန်တဲ့သူတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ဘာသာစကား၊အစားအစာ၊အဝတ်အစားဟန်ပန်တွေ၊တေးဂီ တနဲ့တခြားအရာအများအပြားတို့ကိုနားလည်ဘောပေါက်ဖို့အတွက်အချိန်တစ်နှစ်ထက် မနည်းပိုမိုယူခဲ့ရပါတယ်။အခုအခါမှာတော့ဒီမှာရှိတဲ့ကျွန်မဘဝကိုကျွန်မနှစ်သက်နေပါ ပြီ၊ဒါပေမယ့်အစပိုင်းမှာတော့ခက်ခဲခဲ့ပါတယ်။ဘုရားသခင်ကောင်းချီးပေးတာခံရတယ် လို့တကယ့်စစ်မှန်စွာကျွန်မခံစားရပါတယ်။--------------------------------- အမေရိကန်ကျောင်းစနစ်မှာဘယ်လိုကျင့်သားရခဲ့သလဲ။-------------------- အစပိုင်းမှာအခက်အခဲတွေကတော့ပြောမပြတတ်လောက်အောင်ပါပဲ၊ဒါပေမယ့်ကျွန်မ စာကိုကြိုးကြိုးစားစားသင်ယူခဲ့တယ်၊အထက်တန်းကျောင်းအောင်ခဲ့ပြီး၂၀၁၃ခုနှစ်၊ နွေဦးရာသီမှာတော့ကျွန်မတက်ရောက်နေတဲ့MohawkValleyလူထုဥပစာကောလိပ်က ကျွန်မအတန်းမှာကျွန်မထိပ်ဆုံး(၅)ရာခိုင်နှုန်းထဲမှာပါဝင်ပြီးကောလိပ်ကျောင်းပြီးခဲ့ ပါတယ်။နိုင်ငံတကာပညာလေ့လာသင်ယူမှုအနေနဲ့Hartwickကောလိပ်မှာကျွန်မပညာ ဆက်လက်သင်ယူဖို့ပညာသင်ဆုနှစ်ဆုကျွန်မရရှိခဲ့ပါတယ်။၂၀၁၄ခုနှစ်၊နွေဦးရာသီမှာ ကျွန်မတက္ကသိုလ်ဘွဲ့ရရှိခဲ့ပြီးနွေရာသီမှာကျွန်မသုတေသနဆက်လက်ပြုလုပ်ဖို့အတွက် Duffy-Family-Ambassador-ပညာသင်ဆုကိုရရှိခဲ့ပါတယ်။------------------ အနာဂတ်အတွက်ဘာစီအစဉ်တွေရှိသလဲ။ဒုက္ခသည်အရေးလုပ်ဆောင်ဖို့အစီအစဉ်ရှိသလား။ ဟုတ်ကဲ့၊အသေအချာပါပဲ။ကျွန်မစတင်လုပ်ဆောင်နှင့်နေပါပြီ၊ဒုက္ခသည်လူငယ်များနဲ့ အမေရိကန်နိုင်ငံသားများကြားမှာနားလည်မှုတွေပိုမိုရရှိလာစေဖို့တွက်“အမေရိကန်နှင့် ဒုက္ခသည်ကျောင်းသားများပိုမိုအနီးကပ်ချိတ်ဆက်မှုအဖွဲ့(ARSCC)”ကို၂၀၁၂ခုနှစ်မှာ ကျွန်မဖွဲ့စည်းခဲ့ပါသည်။အခုအခါမှာတော့ကျွန်မတို့ဖေ့ဘုတ်စာမျက်နှာကနေဆက်သွယ် လာပြီးနိုင်ငံတလျှောက်လုံးမှာဝင်လာတဲ့အသင်းဝင်တွေ(၁၃၃၅)ဦးရှိပါပြီ။တနေ့နေ့မှာ ဒုက္ခသည်လူငယ်တွေအားလုံးအထက်တန်းကျောင်းနဲ့ကောလိပ်ကိုသွားနိုင်ဖို့ကကျွန်မရဲ့ အိမ်မက်ပါ။ကျွန်မလည်းပဲပညာဆက်လက်သင်ယူဖို့စီစဉ်နေပါတယ်။တနေ့မှာဒုက ္ခသည်အကြောင်းအရာများကိုအာရုံစူးစိုက်လုပ်ဆောင်ခြင်းနဲ့အတူနိုင်ငံတကာလူ့အခွင့် အရေးဥပဒေPhDကိုကျွန်မရယူဖို့အစီအစဉ်ရှိပါတယ်။ကျွန်မဘယ်နေရာကနေလာခဲ့တယ်၊ ဒီနေရာကိုရောက်ဖို့အတွက်ဘယ်အရာတွေကိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာမမေ့ခဲ့ပါဘူး။ ကျွန်မလည်းအကူအညီယူခဲ့ဖူးသည့်အားလျော်စွာကမ္ဘာတဝှမ်းမှာရှိတဲ့တခြားဒုက္ခသည် တွေကိုကူညီရင်းနဲ့ပဲကျွန်မဘဝရဲ့အချိန်တွေကိုကုန်လွန်စေဖို့အတွက်တနေ့နေ့တချိန်ချိန် မှာကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)မှာကျွန်မအလုပ် လုပ်နိုင်ဖို့တကယ်ကိုဆန္ဒရှိပါတယ်။ဝေးလံသောကျွန်မဘဝခရီးလမ်းကိုိုလျှောက်လှမ်း နေရဆဲဖြစ်ပေမယ့်ကျွန်မဆက်လက်လျှောက်နေမှာပါ။ကျွန်မဘုရားသခင်ကောင်းချီး ပေးတာခံခဲ့ရပြီးဘုရားသခင်ကျွန်မကိုပေးတဲ့အရာတွေထဲကအနည်းဆုံးအနည်းအကျဉ်း လောက်ပဲဖြစ်ဖြစ်ဘုရားသခင်ကိုပြန်လည်ပေးဆပ်ချင်ပါတယ်။

  • ထမ့်ဟင်ဒုက္ခသည်စခန်းဂျူ နီယာကောလိပ်မှကျောင်းအောင်သူများ
    close

    ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့်ဒုက္ခသည်စခန်းထဲ၌အဆင့်မြင့်ပညာရေးကိုရှာဖွေရာ တွင်လူတော်အတော်များများမရှိပေ။အခွင့်အလမ်းနှင့်အရင်းအနှီးနည်းပါးခြင်း၊ငွေ ရေးကြေးရေးနှင့်မိသားစုအခက်အခဲများသည်ကလေးများအားကျောင်းနှင့်ဝေးကွာ စေခြင်း၊အနာဂတ်မရေရာခြင်းစသည်တို့ရှိစေကာမူလူငယ်လူရွယ်များသည်ဇွဲသတ္တိ ရှိရမည်၊ဆုံးဖြတ်ချက်ချနိုင်ရမည်ဖြစ်ပြီးမျှော်လင့်ချက်အပြည့်ရှိနေရမည်ဖြစ်သည်။ ဧပြီလ(၁)ရက်နေ့တွင်ထမ့်ဟင်စခန်းရှိတနင်္သာရီဂျူနီယာကောလိပ်တွင်ကျောင်း သား(၂၃)ဦးတို့ဖြင့်တတိယအကြိမ်ကျောင်းဆင်းပွဲကျင်းပပြုလုပ်ခဲ့သည်။အဆင့် မြင့်တက္ကသိုလ်အများအပြားမှကျောင်းဆင်းပွဲတွင်ဝတ်ဆင်သည့်ဓလေ့ထုံးစံအတိုင်း အမည်းရောင်ဘွဲ့ဝတ်ရုံရှည်ကိုထိုသူများမှဆင်မြန်းထားကြသည်။အောင်လက်မှတ် ကိုပုံနှိပ်စာလုံးများဖြင့်ရေးခြယ်ပုံနှိပ်ထားသည်၊မိသားစုဝင်များ၏မျက်နှာများပေါ် တွင်ဂုဏ်ယူပီတိအပြုံးများဝေဆာနေသည်၊ဆောင်းထားသောဘွဲ့ဦးထုပ်ရှိပန်းပွား များသည်ယိမ်းနွဲ့လှုပ်ရှားနေပြီးဘွဲ့ယူနေသောအမျိုးသမီးကလေးများသည်စီးနေကျ မဟုတ်သည့်ဒေါက်မြင့်ဖိနပ်အမြင့်ကြီးများကိုစီးထားကာမသက်မသာဖြစ်နေကြ သည်၊ဂျူနီယာကောလိပ်နှင့်၎င်း၏ကျောင်းအောင်များသည်တစ်မူထူးခြားသူများပင် ဖြစ်ကြသည်။သင်ယူနိုင်မည့်အခွင့်အရေးနှင့်ပညာပါရမီတိုးပွားစေမည့်အခွင့်အရေး တို့သည်စခန်းထဲတွင်အမှန်တကယ်ကိုလိုချင်စရာပင်ဖြစ်သည်။ဘွဲ့နှင်းသဘင်နေ့ သည်အမျိုးမျိုးကွဲပြားခြားနားသောအနာဂတ်တွင်တချက်တည်းနှင့်တမူထူးခြား ဆန်းသစ်သောစိတ်ကူးယဉ်အိမ်မက်များနောက်သို့လိုက်နိုင်မည့်အခွင့်အလမ်းတစ် ရပ်ပင်ဖြစ်သည်။ယမန်နှစ်တွင်ထမ့်ဟင်စခန်း၌UNHCRမှဦးဆောင်ဦးရွက်ပြုကာ ကျောင်းမနေသောကလေးများကိုလေ့လာမှုပြုခြင်းအရကျောင်းနေရမည့်အရွယ် ကလေးများထဲမှ(၂၀)ရာခိုင်နှုန်းသည်ကျောင်းမနေကြပေ။UNHCR၏ဖော်ပြချက် အရကလေးအများအပြားသည် ကျောင်းထွက်သွားကြခြင်းဖြစ်သည်၊အဘယ့်ကြောင့် ဆိုသောသူတို့သည်စိတ်ပါဝင်စားမှုများလွယ်လင့်တကူမရှိတော့သောကြောင့်ဖြစ်သည်၊ သူတို့အတွက်ရှေ့ရေးသည်အတိုင်းအတာတစ်ခုထိသာရှိပြီးစခန်းပညာရေးသည်ကျယ် ကျယ်ပြန့်ပြန့်မရှိဟုသူတို့ထင်မြင်ယူဆကြသည်။တခြားကလေးသူငယ်များကျောင်းမှ ထွက်သွားရခြင်းမှာသူတို့မိသားစု၏ငွေရေးကြေးရေးအခြေအနေနှင့်အိမ်တွင်းရေးများ ကြောင့်ဖြစ်သည်ဟုဖော်ပြထားသည်။ထို့ကြောင့်သူတို့၏ယုံကြည်မှု၊သူတို့၏အနာဂတ် အတွက်မျှော်လင့်ချက်နှင့်မိသားစုမှအားပေးမှုသည်(၂)နှစ်ဂျူနီယာကောလိပ်အစီအစဉ် ကိုယခုနှစ်စာသင်နှစ်တွင်ဆုံးခန်းတိုင်စေရန်အတွက်အထောက်အကူပြုခဲ့သည်။မကြာ သေးမီကမှကောလိပ်ကျောင်းပြီးခဲ့သည့်နော်သီတာသည်သူမ၏မိဘများနှင့်အတူထမ့် ဟင်ဒုက္ခသည်စခန်းသို့၂၀၁၀ခုနှစ်တွင်ရောက်ရှိခဲ့စဉ်ကရင်စကားတစ်လုံးမှမပြောတတ် ခဲ့ပေ။ယခုအခါအသက်(၁၉)နှစ်ရှိပြီဖြစ်သောမွန်ကျောင်းသူလေးသည်စခန်းထဲ၌နေ ထိုင်စဉ်တွင်ပညာရေးရရှိရန်ဆုံးဖြတ်ခဲ့ပြီးလေ့လာကျက်မှတ်ခြင်းနှင့်မျက်ရည်ကျအပင် ပန်းခံကြိုးစားခြင်းတို့ဖြင့်သူမ၏အထက်တန်းကျောင်းကာလကိုဖြတ်ကျော်ခဲ့ပြီးကရင် ဘာသာစကားကျွမ်းကျင်စွာပြောတတ်လာသည် သာမကဆရာဝန်တစ်ယောက်ဖြစ်လာ ရန်အိမ်မက်များလည်းအကောင်အထည်ပေါ်လာပြီဖြစ်သည်။၂၀၀၅ခုနှစ်တွင်မေတ္တာ ရွာမှသူ၏မိသားစုနှင့်အတူထွက်ပြေးလာခဲ့သည့်အသက်(၂၀)အရွယ်ရှိဘွဲ့ရကျောင်း သားစောပီးအဲ့လာသည်အမှန်စင်စစ်တွင်သူ၏သူငယ်ချင်းအများအပြားမှကျောင်း ထွက်သွားကြသော်လည်းသူသည်ကျောင်းဆက်နေခဲ့သည်၊သူ့အတွက်ကတော့“ပညာ ရွှေအိုးလူမခိုး”ပင်ဖြစ်သည်။သူ၏မေတ္တာရွာသို့တနေ့နေ့တွင်ပြန်လည်အခြေချရန်သူမျှော် လင့်ထားသည်၊ထိုရွာတွင်သူမှကိုယ်ပိုင်စီးပွားရေးပြုလုပ်ပြီးကားပြုပြင်ရေးလုပ်ငန်းစ တင်လုပ်ကိုင်မည်ဖြစ်သည်။တနင်္သာရီဂျူနီယာကောလိပ်မှနော်သီတာနှင့်စောပီးအဲ့လာ တို့ရရှိခဲ့သည့်ကောလိပ်အတန်းအောင်လက်မှတ်သည်သူတို့၏ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင်ခရီးရှည်လျှောက််လှမ်းရာတွင်နောက်ထပ်ရိုးရှင်းလွယ်ကူသည့်ခြေလှမ်း တခုပင်ဖြစ်သည်။လူငယ်နှစ်ဦးစလုံးမှယခုအခါဂျူနီယာကောလိပ်ဒုတိယအဆင့်သို့ု တက်ရောက်ရန်မျှော်လင့်နေကြသည်။ထိုင်း-မြန်မာနယ်စပ်တလျောက်မှာရှိသည့်ပရိုဂ ရမ်အစီအစဉ်တချို့ကိုပညာရေးတွင်ပြၘာန်းချမှတ်ပေးခဲ့သည်။လူအများအပြားမှအ လွန်အမင်းတက်ရောက်ချင်သည့်ဤအဆင့်များကိုတက်ရောက်ရန်အတွက်ဝင်ခွင့်စာ မေးပွဲကိုထမ့်ဟင်တွင်ဖေဖော်ဝါရီလ၌ကျင်းပပြုလုပ်ခဲ့ပြီးမကြာခင်အောင်စာရင်းထွက် ရှိမည်ဖြစ်သည်။သူတို့နှစ်ဦးသည်နောက်ထပ်အဆင့်ကိုတက်ရောက်ရန်စောင့်ဆိုင်းနေ စဉ်တွင်စခန်းထဲရှိလူထုလုပ်ဆောင်မှုများ၌တနင်္သာရီဂျူနီယာကောလိပ်မှအောင်မြင် ထားသူများကိုလိုအပ်နေသောကြောင့်သူတို့နှစ်ဦးစလုံးသည်စခန်းထဲရှိလူထုလုပ်ငန်း များကိုလက်တွေ့ကျကူညီလုပ်ကိုင်ပေးနေကြသည်။ထိုင်း-မြန်မာနယ်စပ်တလျောက် တွင်ရှိသောဂျူနီယာကောလိပ်စနစ်ကိုမြန်မာနိုင်ငံ(သို့မဟုတ်)ထိုင်းနိုင်ငံထဲ၌တရားဝင် အသိအမှတ်ပြုထားခြင်းမရှိပေ။ထိုင်းတက္ကသိုလ်ဝင်ခွင့်အဆင့်မြင့်တက်ရောက်သင် ကြားနိုင်ရန်အတွက်အုပ်ချုပ်မှုဆိုင်ရာ၊ငွေရေးကြေးရေးပိုင်းဆိုင်ရာတို့ကိုရရှိရန်အ လွန်ပင်ခက်ခဲသည်၊မြန်မာနိုင်ငံတွင်တရားဥပဒေပိုင်းဆိုင်ရာအကြောင်းပြချက်များနှင့် ကောလိပ်များနှင့်တက္ကသိုလ်ကျောင်းများသည်စခန်းထဲရှိပညာရေးပိုင်းဆိုင်ရာအလယ် အလတ်ရှိသောစာသင်ကျောင်းများနှင့်ဂျူနီယာကောလိပ်များ၌စခန်းအခြေစိုက်ကျောင်း သားများတက်ရောက်သင်ယူနေသောကရင်အခြေပြုပညာရေးသင်ရိုးညွှန်းတန်းကိုအသိ အမှတ်မပြုပေ။သို့သော်လည်းဤလူငယ်များသည်သင်ကြားမှုများကိုနားလည်သဘော ပေါက်မှုများဖြင့်၎င်းတို့ကိုယ်တိုင်ဆက်လက်ကြိုးစားလေ့လာသင်ယူအားထုတ်ကြိုးပမ်း ခဲ့သည်၊၎င်းတို့၏တန်ဖိုးထားမှုများ၊မျှော်လင့်ချက်များသည်အခွင့်အလမ်းသစ်များကို၎င်း တို့အတွက်ဖြစ်ပေါ်လာစေလိမ့်မည်ဖြစ်ပြီး၎င်းတို့နှင့်အတူအိမ်မက်များအကောင်အထည် ဖော်လာမည်ဟုယုံကြည်ကြသည်။

  • စခန်းလက်ထောက်ဦးစီးနှင့်ပညာရေးကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ နော်ပိုနှင့်တွေ့ဆုံမေးမြန်းခြင်း
    close

    နော်ဖိုးသည်အသက်(၆၀)အရွယ်ရှိကရင်အမျိုးသမီးတစ်ဦးဖြစ်ပြီးအသက်ပျိုရွယ်သော အချိန်ကတည်းကပင်ပညာရေးလုပ်ငန်းအတွက်ဘဝကိုမြုပ်နှံလုပ်ကိုင်ခဲ့သည်။သူမ၏ စိတ်ဆုံးဖြတ်ချလုပ်ကိုင်မှုသည်သူမအားစခန်းလက်ထောက်ဦးစီးနှင့်ပညာရေးကြီးကြပ် ရေးမှူးအဖြစ်ရွေးချယ်ခဲ့သောနူပိုစခန်းသို့ရောက်ရှိချိန်ထိဆက်လက်ရှင်သန်လုပ်ဆောင် နေဆဲဖြစ်သည်။နော်ဖိုးအိမ်မက်သည်ကရင်လူမျိုးများကောင်းသောပညာရေးစနစ်ရှိ ရန်နှင့်ပိုမိုကောင်းမွန်သောဘဝများကိုစခန်းတွင်းတွင်လည်းကောင်း၊နိုင်ငံတွင်းတွင် လည်းကောင်းပိုင်ဆိုင်ရရှိရန်ဖြစ်သည်။သူမသည်မျိုးဆက်သစ်များရှင်သန်ဖွံ့ဖြိုးရေးနှင့် အောင်မြင်ရေးအတွက်နောက်ပိုင်းမှနေ၍လုပ်ဆောင်ရန်ပိုမိုနှစ်သက်သည်။ နော်ဖိုးရဲ့အကြောင်းကိုအနည်းငယ်ပြောပြပါလား။ ကျွန်မနံမည်ကတော့နော်ဖိုးဖြစ်ပါတယ်။ကျွန်မကို၁၉၅၄ဇူလိုင်လ(၂၀)ရက်နေ့မှာကရင် ပြည်နယ်မြဝတီရှိဖလူးလို့ခေါ်တဲ့ရွာမှာမွေးဖွားခဲ့ပါတယ်။ငယ်ငယ်တုန်းကညီနောင်တွင် (၈)တန်းအထိပညာသင်ကြားခဲ့ပါတယ်။ကျွန်မဟာစာသင်ကြားခြင်းကိုအင်မတန်မှချစ် မြတ်နိုးတဲ့အတွက်ကျွန်မနေရပ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပြီး၁၉၇၁ခုနှစ်ကတည်းကပင်ဆရာ မအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ကျွန်မကကရင်ဘာသာနဲ့သင်ချာဘာသာရပ်များကိုသင်ပါ တယ်။နောက်ပိုင်းမှာကျွန်မဟာတခြားရွာကလူတစ်ယောက်နဲ့အိမ်ထောင်ပြုပြီးသားသ မီး(၃)ယောက်ရှိပါတယ်။သားသမီးနောက်ထပ်(၃)ယောက်ကိုလဲမွေးစားခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာကေအင်ယူနှင့်မြန်မာစစ်တပ်အကြားပဋိပက္ခရှိတာကြောင့်ကျွန်မတို့မိ သားစုဟာအခြားရွာတစ်ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။၁၉၉၇နောက်ပိုင်းမှာကျွန်မ တို့ရွာမှာတိုက်ပွဲနောက်တစ်ခါထပ်ဖြစ်ပါတယ်။ကျွန်မအရမ်းကိုကြောက်ပြီးကျွန်မရဲ့ခ လေးတွေကိုဒီလိုဆိုးရွာတဲ့နယ်မြေနဲ့ဝေးရဖို့အတွက်ထိုင်းနိုင်ငံရှိနူပိုဒုက္ခသည်စခန်းကို ထွက်ပြေးတိမ်းရှောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နူဖိုးမှာကျောင်းအုပ်ဆရာမတစ်ယောက်အနေနဲ့၁၉၉၇နဲ့၂၀၀၈ခုနှစ်အတွင်းတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ကျောင်းဆရာမတစ်ယောက်အနေနဲ့လုပ်ကိုင်ရတာဟာလစာ ငွေမရှိတာကြောင့်ခက်ခဲလှပါတယ်။ကျောင်းအုပ်တစ်ယောက်အနေနဲ့ပြန်တော့လဲ ကျောင်းဆရာမတွေကိုဝင်ငွေလောက်လောက်ငှငှပေးနိုင်ဖို့ခက်ခဲလှပါတယ်။စခန်း ထဲကဘဝတွေဟာဆင်းရဲလှပါတယ်။တစ်ချို့ကျောင်းသားတွေဟာအင်မတန်မှဆင်း ရဲပြီးဘာမှမရှိရှာဘူး။ကျွန်မတို့ဟာညီညွတ်စွာနဲ့တစ်ဦးကိုတစ်ဦးပေးမှရပါတယ်။ ဆရာမတစ်ယောက်ဖြစ်ရခြင်းကိုဘာကြောင့်နှစ်သက်ရတာလဲ။ ဆရာမတစ်ယောက်ဖြစ်ရခြင်းအားဖြင့်ကျွန်မဟာသူများတွေကိုသူတို့ရဲ့ကောင်းမွန်တဲ့ အနာဂတ်အတွက်ကူညီခွင့်ရပါတယ်။ပြီးတော့ဆရာမတွေဟာငွေကြေးတစ်ခုတည်းအ တွက်နဲ့အလုပ်မလုပ်ပါဘူး၊ကျွန်မတို့ဟာတစ်ပါးသူကိုကူညီပံ့ပိုးအတွက်ပဲအလုပ်လုပ် တာပါ။ကျွန်မရဲ့ကျောင်းသားတွေဟာအရွယ်ရောက်ပြီးအချိန်တန်လို့ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေဖြစ်သွားပြီး(သို့)သူတို့ဘဝတွေအောင်မြင်တာတွေရရင်ကျွန်မအရမ်း ဂုဏ်ယူပါတယ်။ ဆရာမရဲ့ပြီးခဲ့တဲ့တာဝန်ထမ်းထောင်မှုအကြောင်းတွေကိုပိုပြောပြလို့ရမလား။ ကျွန်မဟာစခန်းကော်မတီအဖွဲ့ဝင်အနေနဲ့၂၀၀၈ကတည်းကလုပ်ဆောင်ခဲ့ပြီးKRCEEအ တွက်စခန်းပညာရေးကြီးကြပ်ရေးမှူးအနေနဲ့သုံးနှစ်ထမ်းထောင်ခဲ့ပါတယ်။၂၀၁၂ခုနှစ် စခန်းကော်မတီရွေးကောက်ပွဲမှာတော့ကျွန်မဟာအရွေးခံသူအယောက်(၄၀)အနက်ဒုတိ ယအမှတ်အများဆုံးရပြီးအမျိုးသမီးစခန်းကော်မတီအဖွဲ့ဝင်နှစ်ဦးအနက်တစ်ဦးဖြစ်ခဲ့ရ သည်။ခုကျွန်မဟာလက်ထောက်စခန်းကြီးကြပ်ရေးမှူးအဖြစ်လုပ်ဆောင်လျက်ရှိပါ တယ်။ကျွန်မဟာစခန်းဦးစီးမှူးကိုအကြောင်းအရာတော်တော်များများမှာကူညီပေးပြီး အထူးသဖြင့်စခန်းတွင်းရှိပညာရေးစနစ်နှင့်ကျောင်းများအတွက်လဲကူညီပံ့ပိုးရပါတယ်။ စခန်းဦးစီးမှူးမရှိတဲ့အချိန်မှာလဲစခန်းအတွက်တာဝန်ယူရပါတယ်။ အမျိုးသမီးစခန်းလက်ထောက်ဦးစီးမှူးအနေနဲ့အလုပ်လုပ်ရတာအခက်အခဲများရှိပါသလား။ အခက်အခဲမရှိပါ။ကျွန်မအလုပ်ချိန်မှာလူအများ၏လေးစားမှုခံရပြီးအမျိုးသမီးများအဖိနှိပ် ခြင်းမရှိပါ။ကျွန်မအနေနဲ့တန်းတူညီတူခံစားရပါတယ်။စခန်းထဲမှာတော့အားလုံးအချင်း ချင်းတူညီစွာဆက်ဆံပြောဆိုကြပါတယ်။ ကရင်လူမျိုးများရဲ့ပညာရေးနဲ့ပတ်သက်ပြီးဆရာမရဲ့အမြင်ဘယ်လိုရှိပါသလဲ။ ကရင်လူမျိုးများအနေနဲ့အဆင့်မြင့်ပညာရေးကိုသင်ကြားနိုင်ဖို့အခွင့်အရေးမရှိပါဘူး၊ အများစုဟာဆိုရင်ပညာမတတ်ကြဘူး။ကျွန်မအနေနဲ့တောင်မှ(၈)တန်းအထိပဲအောင် ခဲ့တာ။ကျွန်မဆန္ဒကတော့ကရင်လူမျိုးတွေကိုကောင်းတဲ့ပညာရေးစနစ်ရရှိစေချင်ပါ တယ်။ကျွန်မတို့ကရင်လူမျိုးတွေဟာမြန်မာပြည်အတွင်းမှာအခက်အခဲများရှိပြီးကျွန် မအထင်ကတော့ကောင်းမွန်တဲ့ပညာရေးစနစ်ရရှိရင်ဘယ်နေရာရောက်ရောက်ကောင်း တဲ့အနာဂတ်တွေပိုင်ဆိုင်ရမှာပါ။ စခန်းရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲ။ နူပိုစခန်းတွင်းနေထိုင်သူများဟာခေါင်းဆောင်များရဲ့စကားကိုသိပ်နားထောင်ပုံမရပါဘူး။ အထူးသဖြင့်မကြာခင်ကရိက္ခာတွေအဖြတ်ခံရတဲ့အချိန်မှာပါ။စခန်းအတွင်းမှာအခြေအ နေဟာပိုခက်ခဲလာပြီးလူအများလဲစိတ်ဓါတ်ကျမောပန်းရပါတယ်။ ဆရာမနော်ဖိုးကိုသားသမီးများနှင့်အတူတတိယနိုင်ငံသို့သွားရောက်လိုသလားဟုမေး သောအခါသူက၊ကျွန်မကတော့သွားဖို့အသက်ကြီးနေပါပြီ။ဟိုရောက်ရင်လဲအလုပ်မရ နိုင်တော့တဲ့အတူဒီမှာပဲကျွန်မရဲ့လူမျိုးတွေကိုကူညီချင်ပါတယ်။ ကျွန်မအနေနဲ့ကျွန်မတို့ကိုအရာအားလုံးဖြစ်တဲ့ကျန်းမာရေး၊ပညာရေး၊စားနပ်ရိက္ခာ နဲ့ယာယီတည်းခိုစရာများအတွက်အဖက်ဖက်မှကူညီပံ့ပိုးသောအဖွဲ့အစည်းအားလုံး ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။တတိယနိုင်ငံသို့ပြန်လည်နေရာချထား ရေးနဲ့ပတ်သက်ပြီးကူညီကြတဲ့အဖွဲ့အစည်းများကိုကျွန်မအနေနဲ့ပြောချင်တာကတော့ PREနံပါတ်ရထားပြီးသူများနဲ့အသိအမှတ်မပြုခံရသေးသူများအတွက်ပါသွားရောက် နိုင်ရန်အခွင့်အရေးများရရှိရန်ကူညီပေးစေလိုပါတယ်။နောက်ဆုံးအနေနဲ့ဒီမေးမြန်း ခြင်းကိုအထူးပဲကျေးဇူးတယ်မိပါတယ်။ကျွန်မကိုယ်ကျွန်မဂုဏ်ယူမိပါတယ်။ဒီလို UNHCRနဲ့အရင်တုန်းကစကားပြောဆိုဖို့အခွင့်အရေးမရှိခဲ့ပါဘူး။ မေးမြန်းသူPraparat Khachornboon မဲဆောက်ရုံး - မေလ ၂၀၁၄

  • ကရင်နီစွမ်းရည်- Doughty အဖွဲ့နှင့်သီးသန့်တွေ့ဆုံမေးမြန်းခြင်း
    close

    ဘန့်မဲ့နွိုင်စွိုင်စခန်းရှိကရင်နီရိုးရာအကအဖွဲ့ ယခုနှစ်တွင်ကရင်ရိုးရာအကဖွဲ့ဖြစ်သည့်Doughtyအဖွဲ့သည်ပထမဆုကိုဆွတ် ခူးနိုင်ခဲ့ပြီးကျွန်ုပ်တို့UNHCR၏လာမည့်နယ်စပ်ဖြတ်သန်းအစည်းအဝေးတွင် ထုတ်ပြန်ကြေငြာရန်အတွက်၎င်းတို့အဖွဲ့အားကျွန်ုပ်တို့UNHCRမှတွေ့ဆုံပြီး သီးသန့်လူတွေ့မေးမြန်းခြင်းပြု လုပ်ရန်၎င်းတို့မှသဘောတူညီခဲ့သည်။ ---အဖွဲ့သားတွေတယောက်နဲ့တယောက်သိကြတာကြာပြီလား၊ဘယ်လိုတွေ့ဆုံ ခဲ့ကြသလဲဆိုတာလေးကိုပြောပြပေးပါ။ ---ကျွန်ုပ်တို့အားလုံးစခန်းထဲမှာပဲတွေ့ခဲ့ကြတာပါ။ကျွန်ုပ်တို့ထဲကအများစုက တော့ရပ်ကွက်(၁)ကလာတာဖြစ်ပြီးကျွန်ုပ်တို့ငယ်ငယ်ကတည်းကတက်တဲ့ ကျောင်းလည်းအတူတူပါပဲ။ကျွန်ုပ်တို့အားလုံးအသက်(၁၅)နှစ်ကနေ(၁၈)နှစ် အတွင်းတွေပါပဲ။ဒါကြောင့်ကျွန် တော်တို့လူတိုင်းကိုအလွယ်တကူစုစည်းနိုင် ပြီးအလွယ်တကူအဖွဲ့ဖွဲ့နိုင်ခဲ့တာပါ။ ---ဒီအဖွဲ့ကိုဖွဲ့ဖို့ဘယ်သူကစိတ်ကူးရခဲ့တာလဲ၊ပြီးတော့ဘယ်အချိန်ကစပြီးဖွဲ့ဖြစ် ခဲ့တယ်ဆိုတာပြောပြပေးပါအုံး။ ---အစပိုင်းကတော့ကျွန်တော်တို့ကျောင်းဆင်းပြီးတဲ့အခါတိုင်းအမြဲစုစည်းတွေ့ ဆုံလေ့ရှိပါတယ်၊ဒါပေမယ့်ကျွန်ုပ်တို့မှာကျွန်ုပ်တို့အားတဲ့အချိန်တွေမှာဘာလုပ် ရမလဲဆိုတာကိုအစီအစဉ်အသေးစိတ်မရှိခဲ့ပါဘူး။အဲ့ဒါနဲ့ကျွန်ုပ်တို့ရပ်ကွက်ထဲမှာ​ အတက်ကြွဆုံးဖြစ်တဲ့ဖိုးဒူးကအကအဖွဲ့ဖွဲ့ဖို့စိတ်ကူးရခဲ့တာပါ။အကအဖွဲ့ကို၂၀၀၈ ခုနှစ်မှာပထမဆုံးအကြိမ်စတင်ဖွဲ့စည်းခဲ့ပြီးသူဟာဒီနေ့ထိကျွန်ုပ်တို့ အုပ်စုရဲ့ ကောင်းရာကိုညွှန်ပြပေးတဲ့ဆရာတယောက်အဖြစ်ရှိနေဆဲပါ၊ပြီးတော့သူဟာအ ဖွဲ့လိုက်လေ့ကျင့်ရေးပိုင်းတွေနဲ့အကတိုက်တဲ့အခါတွေမှာလည်းအရမ်းကိုအကူ အညီပေးတဲ့သူပါ။ ---အဖွဲ့ကိုဒီနာမည်ပေးဖြစ်ခဲ့တဲ့မူလအကြောင်းအရင်းကိုပြောပြပေးပါအုံး။ ---ဒီနာမည်ကိုတကယ်တော့ဖိုးဒူးကမှ​ည့်ခဲ့တာပါ၊Doughtyဆိုတဲ့အဓိပ္ပယ်က ရဲရင့်တယ်၊ဇွဲ ကောင်းတယ်။ ဒါဟာကျွန်ုပ်တို့မျှော်လင့်ချက်တွေမဆုံးရှုံးအောင် နေ့တိုင်းနေ့တိုင်းလိုအပ်နေတဲ့တစုံတရာပါပဲ၊ပြီးတော့ကျွန်ုပ်တို့အတွက်၊ကျွန်ုပ် တို့မိသားစုအတွက်နဲ့ကျွန်ုပ်တို့ လူထုအသိုင်းအဝိုင်းအတွက်ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုတည်ဆောက်နိုင်ဖို့အတွက်ဆက်လက်ကြိုးစားလုပ်ဆောင်နေဖို့ပါ ပဲ။ဒါကြောင့်ဒီနာမည်ဟာကျွန်ုပ်တို့ရှေ့ဆက်ရမယ့်ဘဝတွေမှာရှိရမယ့်လိုအပ် တဲ့စိတ်နေစိတ်ထားကိုနှိုးဆော်ပေးနေတဲ့အရာလိုပါပဲ။ပြီးတော့လည်းကျွန်ုပ် တို့ရဲ့လူထုတွေဆီကိုပါနှိုးဆော်ပေးနေသလိုပါပဲ။လူတွေအများကြီးရှေ့ မှာဖျော် ဖြေရတာခက်ခဲမှုရှိနိုင်ပါတယ်။ကျွန်ုပ်တို့မိသားစုတွေ၊သူငယ်ချင်းအပေါင်းအ သင်းတွေရှေ့တောင်မှဖျော်ဖြေရတာမလွယ်ကူနိုင်ပါဘူး၊တချိန်တည်းမှာပဲ ကျွန်ုပ်တို့ဖျော်ဖြေပွဲအတွက်လူအများကြီးရှေ့မှာရင်ဆိုင်ဖျော်ဖြေဖို့ရာကျွန်ုပ်တို့ ရဲရင့်ဖို့လိုတုန်းပါပဲ။ ---ဘာကြောင့်ရိုးရာအကကိုရွေးပြီးအဖွဲ့ဖွဲ့ဖြစ်ခဲ့တာလဲ။ ---ကျွန်ုပ်တို့အမိမြေကနေထွက်လာတာနှစ်ပေါင်းအတော်ကြာပါပြီ၊ကျွန်ုပ်တို့ရိုး ရာယဉ်ကျေးမှုကိုထိမ်းသိမ်းဖို့မကြိုးစားဘူးဆိုရင်နောက်ဆုံးမှာပျောက်ကွယ် သွားပါလိမ့်မယ်။ဒါကြောင့်ကျွန်ုပ်တို့ကရင်ရိုးရာအကကိုသင်ယူဖို့သဘောတူခဲ့ ကြတာပါ။ကျွန်ုပ်တို့ရိုးရာရှင်သန်မှုကိုဆက်လက်ထိန်းသိမ်းဖို့အတွက်နဲ့ကျွန်ုပ် တို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်အကြောင်းကျွန်ုပ်တို့သူငယ်ချင်းအပေါင်းအသင်း တွေကိုပေးသိစေဖို့အတွက်ဒါဟာကျွန်ုပ်တို့အတွက်နည်းလမ်းကောင်းတစ်ခုပါပဲ။ ---အဖွဲ့မှာအကြီးမားဆုံးစိန်ခေါ်မှုတွေအနေနဲ့ဘာတွေရှိခဲ့သလဲ။ ---အဖွဲ့စတင်ဖွဲ့စည်းတဲ့အချိန်ကတည်းကပဲအဖွဲ့မှာအဖွဲ့ဖွဲ့စည်းပုံအများအပြား ပြောင်းလဲခဲ့ပါတယ်။နဂိုမူလကရှိတဲ့အဖွဲ့ဝင်အများအပြားဟာတတိယနိုင်ငံကို အခြချသွားခဲ့ကြပါတယ်။ဒါပေမယ့်ဖိုးဒူးကအဖွဲ့ဝင်သစ်တွေစုဆောင်းခေါ်ယူ တာကိုစီမံခန့်ခွဲခဲ့ပါတယ်။ပြီး တော့အဖွဲ့တစုတစည်းတည်းနဲ့အတူတကွဖျော် ဖြေနိုင်စေဖို့အတွက်အဖွဲ့ဝင်သစ်တွေကိုကျွမ်းကျင်မှုရှိဖို့နဲ့ပေါင်းစပ်ဖို့အတွက် သင်တန်းပေးတာတွေကိုကျွန်ုပ်တို့ကကြိုးကြိုးစား စားလုပ်ခဲ့ရပါတယ်၊ဒါက တော့စိန်ခေါ်မှုအခက်အခဲအနည်းငယ်ပါ၊ဒါပေမယ့်လည်း ကျွန်ုပ်တို့အဖွဲ့ရပ် တည်နိုင်အောင်ဆက်လက်စီမံနိုင်ခဲ့ပါတယ်။ကျွန်ုပ်တို့ကပြဖျော်ဖြေဖို့အတွက် ရိုးရာအဝတ်အစားရှာတဲ့အခါမှာလည်းအချိန်အခက်အခဲရှိပါတယ်။ကျွန်ုပ်တို့ ထဲကအချို့ဟာချေးငှားပြီးဝတ်ခဲ့ရတယ်။ဒါပေမယ့်အချိန်မီဖြစ်အောင်ကျွန်ုပ်တို့ အမြဲစီမံခန့်ခွဲနိုင်ပါတယ်။အဲ့ဒါကိုကရင်နီလူမှုရေးရာနှင့်ဖွံ့ဖြိုးတိုးတက်မှုစင်တာ ကသူတွေကလည်းမ ကြာခဏကူညီပေးပါတယ်။ ---အဖွဲ့အတွက်အဖြစ်ချင်ဆုံးစိတ်ကူးအိမ်မက်လေးကိုပြောပြပေးပါ။ ---တနေ့နေ့မှာကျွန်တော်တို့ဘန်ကောက်မှာဖျော်ဖြေချင်ပါတယ်။ကျွန်တော်တို့ ထိုင်းနိုင်ငံမှာနေတာအတော့်ကိုကြာနေပါပြီ။တနေ့မှာကျွန်တော်ဘန်ကောက် ကိုရောက်ဖူးချင်ပါတယ်။ရန်ကုန်မှာလည်းကရင်နီရိုးရာယဉ်ကျေးမှုကိုကျွန်တော် ဖျော်ဖြေတင်ဆက်ပြသချင်ပါတယ်။ ---တချိန်ချိန်ကျရင်ကယားပြည်နယ်မှာကောဖျော်ဖြေတင်ဆက်မယ်လို့စဉ်းစား ထားလား။ ---ကယားပြည်မှာဖျော်ဖြေရမယ်ဆိုရင်တကယ့်ကိုခမ်းနားကြီးကျယ်စရာပါ။ဒါ ဟာမကြာခင်မှာဖြစ်လာနိုင်တယ်လို့ကျွန်တော်ကြားပါတယ်။မကြာမီမှာပြန်လည် အခြေချဖို့ဖြစ်နိုင်စရာအလားအလာရှိတယ်လို့လူအမြောက်အများကပြောနေကြ ပါတယ်။လွိုင်ကော်မှာဖျော်ဖြေပွဲလုပ်ရင်တကယ်ကိုပဲကောင်းမှာပါပဲ။ ----ကိုယ်ပိုင်အဖွဲ့ပြုလုပ်ချင်တဲ့သူတွေအတွက်ဘာအကြံဉာဏ်များပေးချင်ပါသ လဲ။ ---ရဲရင့်ကြ​ပါ! ---ကြားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်! UNHCRအနေနဲ့​COERRကိုကျေးဇူးတင်ရှိပါတယ်၊အထူးသဖြင့်ကရင်နီ စွမ်းရည်၂၀၁၄ကိုစုစည်းပါဝင်ပေးတဲ့အတွက်သူတို့ရဲ့မဲ့ဟောင်ဆောင်အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါတယ်။ဒီနှစ်စဉ်နှစ်တိုင်းပြုလုပ်သည့်အခမ်းအနားဟာ ဘန့်မဲ့နွိုင်စွိုင်စခန်းမှာနေတဲ့ လူငယ်လူရွယ်တွေအတွက်သူတို့ရဲ့ဝါသနာတွေကို ၎င်းတို့ရဲ့လူထုအားမျှဝေပေးနိုင်တဲ့အ တွက်အလွန်ကိုခမ်နားကြီးကျယ်တဲ့အခါ သမယပါပဲ။

  • ငါ့ရယ် - ဖခင်တစ်ဦး၏စိုးရိမ်ပူပန်မှုများ
    close

    အသက်ဆယ့်နှစ်နှစ်ရှိသောအုမဲ့သည်သူမ၏အသည်းကျော်ဖြစ်သောတူမလေးနှင့်အတူထိုင် နေကြသည်။သူမ၏တူမလေးမှာအသက်မှာ၁၄လသာရှိသော်လည်းမသန်မစွမ်းဖြစ်နေ သောသူမ၏အဒေါ်အုမဲ့အားသူမ၏သခွားသီးလတ်လတ်ဆတ်ဆတ်ကိုကြင်ကြင်နာနာဝေမျှ ပေးနေသည်။အုမဲ့၏ဖခင်သည်မိန်းကလေးများကိုဂရုတစိုက်ကြည့်ရှုစောင့်ရှောက်သည်။ “အုမဲ့မှာဘာချို့ယွင်းနေလဲဆိုတာကျွန်တော်တို့တကယ့်ကိုမသိပါဘူး၊၊မွေးလာကတည်းကဒီ အတိုင်းပါ။လမ်းမလျှောက်နိုင်ပါဘူး၊သေသေချာချာလည်းမမြင်ရပါဘူးပြီးတော့စကား လည်းမပြောနိုင်ပါဘူး၊ဒါပေမယ့်သူ့ကိုယ်ပိုင်ဟန်နဲ့လူတွေကိုဆက်သွယ်နိုင်ပါတယ်။ သူ​မကိုကျွန်တော်တချိန်လုံးစိုးရိမ်ပူပန်နေပါတယ်”ငါ့ရယ်သည်သူ၏ဇနီးသည်နှင့်ကလေး(၄) ယောက်နှင့်အတူမြန်မာနိုင်ငံမှထွက်ပြေးလာခဲ့သည့်အချိန်ကသူတို့သည်သူတို့၏နိုင်ငံနှင့် နှစ်ပေါင်းများစွာအကြာကြီးခွဲခွာနေထိုင်ရလိမ့်မည်ဟုသူတို့တွေးထင်မထားခဲ့ပေ။ အုမဲ့သည်ဘန့်မဲ့နွိုင်စွိုင်စခန်းတွင်မွေးဖွားလာခဲ့သည်။သို့သော်လည့်ငါ့ရယ်သည်ထိုင်းနိုင်ငံ တွင်ရှိသောသူ၏မိသားစုနှင့်အသိုင်းအဝိုင်းအနာဂတ်အတွက်စိုးရိမ်ပူပန်သည်။“ဒီနေရာကလွဲ ပြီးကျွန်တော်တို့မှာရွေးချယ်စရာမရှိပါဘူး”ဟုသူပြောသည်။“ကျွန်တော်တို့အိမ်ပြန်လို့မရသေး ပါဘူး၊ဘာ့ကြောင့်လဲဆိုတော့လုံခြုံမှုမရှိလို့ပါပဲ၊ပြီးတော့အဲ့ဒီမှာကျွန်တော်တို့အတွက်ဘာ တွေရှိမှာမို့လို့လဲ?ဒီမှာအနည်းဆုံးတော့အုမဲ့အတွက်အကူအညီအချို့ကျွန်တော်တို့ရနိုင် တယ်လေ၊ကျွန်တော်တို့ကဒီကလေးအတွက်အနာဂတ်ကောင်းကောင်းလိုချင်ရုံပါပဲ” အု​မဲနေထိုင်သည့်ထိုင်းနိုင်ငံမြောက်ပိုင်း၌စခန်းထဲတွင်ရှိသောဆေးပေးခန်းတစ်ခုမှဝန်ထမ်း သည်အုမဲ့တွင်ဦးနှောက်နှင့်အာရုံကြောဆိုင်ရာလိုအပ်ချက်ရှိသည်ဟုသံသယရှိပြီးဒီမှာ တော့အဲ့ဒါနဲ့ပက်သက်ပြီးဆေးစစ်ရန်လွယ်ကူမှုမရှိပေ။ UNHCRမှတဆင့်ကျွန်တော်တို့ဒေသတွင်းအတူလုပ်ကိုင်သူများမှဆေးကုသမှုနှင့်ဆိုင် သောအခြေခံဝန်ဆောင်မှုများနှင့်ထောက်ပံ့ကာကွယ်မှုများသေသေချာချာရရှိရန်အကူ အညီပေးနေသောကြောင့်အနာဂတ်မှာအုမဲ့ဟာဘေးကင်းလုံခြုံမှုရှိလိမ့်မည်ဖြစ်သည်။ “ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးဟာ အုမဲ့အတွက်တကယ်ကိုပဲစိုးရိမ်ပူပန်မိပါတယ်၊ အထူးသဖြင့်ကျွန်တော်တို့ကွယ်လွန်သွားတဲ့နောက်သူမဘာတွေကြုံရမလဲဆိုတာတွေ ကိုပေါ့။ဒါပေမယ့်သူ့အထက်မှာရှိတဲ့ကလေးအကြီးတွေကရောသူ့ကိုစောင့်ရှောက်နိုင်မှာ လား၊သူတို့မှာလည်းသူတို့မိသားစုနဲ့သူတို့ပဲလေ။ကျွန်တော်တို့ဒီကလေးအနာဂတ်အ တွက်နေ့တိုင်းစိုးရိမ်ပူပန်နေပါတယ်”။မည်သို့ဆိုစေကာမူအနည်းဆုံးတော့သူမလိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှုကိုရရှိလိမ့် မည်ဟုဦးမဲနားလည်သဘောပေါက်သည်။ခန်းထဲတွင်အခြေခံအဆင့်ဖြစ်သော်လည်းဆေး ခန်းသည်ကောင်းစွာလည်ပတ်နေပြီးသူမရရှိသောပြုစုစောင့်ရှောက်မှုအားလုံးသည် ယနေ့ထိအလွန်ပင်ကောင်းမွန်သည်။ခန့်မှန်းခြေသုံးသိန်းခွဲအထက်ရှိသောဒုက္ခသည်များ နှင့်ရွာပုန်းရွာရှောင်လူများသည်မသန်မစွမ်းသူများနှင့်အတူဒုက္ခသည်စခန်းများနှင့် မြို့ပြဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ကြပြီးဤမသန်မစွမ်းများထဲမှသုံးပုံတစ်ပုံ သည်ကလေးသူငယ်များဖြစ်သည်။

  • ညာ့ရယ် : အနာဂတ်မှာအတည်တကျဖြစ်ဖို့မျှော်လင့်ခြင်း
    close

    ခူ့ဆဲသည်အိပ်ပျော်ရင်းအသက်ခပ်မျှင်းမျှင်းရှူနေသည်။သူ၏ဖခင်သည်သူ၏အနီးတွင်စိုး ရိမ်တကြီးစောင့်ကြည့်နေကာသူနာပြုဆရာမမှသူ၏အရေးကြီးသောရောဂါလက္ခဏာများ ကိုစမ်းသပ်မည်ဖြစ်သောကြောင့်ညာ့ရယ်သည်သူ့သား၏အရောင်မှိန်နေသည့်ရှပ်အင်္ကျီ လေးအားလှန်ပေးနေသည်။ ခူ့ဆဲသည်အလွန်ကိုနာမကျန်းဖြစ်နေကာသူနေထိုင်သောဒုက္ခသည်စခန်းထဲတွင်ရှိသည့် ဆေးခန်းငယ်မှဝန်ထမ်းများသည်သူမှပဋိဇီဝဆေးဝါးများကိုတုံ့ပြန်မှုမရှိသည့်အပေါ် စိုးရိမ်ပူပန်နေကြသည်။“မြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့အိမ်ဟာဆေးခန်းနဲ့ဝေးပါတယ်၊ ဖျားနာပြီးအနီးအနားမှာဆေးခန်းရှိရင်တောင်မှကျွန်တော်တို့ကလေးတွေကိုဆေးခန်းပို့ဖို့ နည်းလမ်းမရှိပါဘူး။ကရင်နီဖြစ်တာကြောင့်ဆေးကုသခငွေအများအပြားကျွန်တော်တို့ ပေးရပါတယ်။ဒီမှာဆေးခန်းနဲ့ဆေးကျောင်းသားတွေရှိတာအရမ်းကိုကောင်းပါတယ်။ သူတို့ဟာခူ့ဆဲအတွက်အကောင်းဆုံးလုပ်ပေးပါတယ်။ဒါဟာအခမဲ့ကုသပေးတာလည်း ဖြစ်လို့ကျွန်တော်တို့လူထုအတွက်အလွန်ကိုပဲကောင်းမွန်ပါတယ်”ဟုဖခင်ဖြစ်သူအ သက်၄၂နှစ်အရွယ်ရှိညာ့ရယ်မှပြောပြသည်။ခူ့ရယ်သည်အဖျားအလွန်တက်နေကာဆီး သွားလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ခန္ဓာကိုယ်မှအရည်ဓတ်အပြင်းအထန်ခန်း ခြောက်နေသည်။ရောဂါပိုးသည်သူ၏ကျောက်ကပ်ဆီသို့ရောက်နေပြီဖြစ်သောကြောင့် ဆရာဝန်မှစိုးရိမ်နေပြီးဆေးစစ်ချက်အဖြေကိုစောင့်ရုံလွဲ၍သူတို့ဘာမှမလုပ်နိုင်တော့ပေ။ “ကျွန်တော့်ဇနီးနဲ့ကလေးအကြီးတွေကိုအန္တရယ်ကင်းစေဖို့အတွက်၁၉၉၆ခုနှစ်မှာဒီကို လာပို့ခဲ့ပါတယ်၊နောက်ပြီးတော့လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကမှကျွန်တော်သူတို့နဲ့လာနေပါ တယ်။ကျွန်တော်တို့အတူကွနေချင်ပါတယ်၊ခွဲခွာပြီးမနေချင်ပါဘူး။မြန်မာနိုင်ငံမှာကျွန် တော်ဟာစစ်သားတစ်ယောက်အဖြစ်နဲ့နေရတာကျွန်တော့်အတွက်အရမ်းကိုခက်ခဲပါတယ်၊ ဒါပေမယ့်ဒီမှာနေရတာလည်းအခက်အခဲတွေရှိနေတုန်းပါပဲ”ဟုညာ့ရယ်မှပြောသည်။ သူတို့မိသားစုရောက်ရှိလာသည့်ကနဦးတွင်UNHCRမှတရားဝင်မှတ်ပုံတင်ပေးခဲ့ပြီးအ သစ်ရောက်ရှိလာသည့်သူများအားအခြေခံစားနပ်ရိက္ခာများ၊အိမ်အမိုးအကာပစ္စည်းများ၊ စောင်များနှင့်ဖျာများစသည်တို့အားဖြန့်ဝေပေးခဲ့သည့်စခန်းထဲမှရပ်ကွက်သူကြီးများမှ လက်ခံကြိုဆိုခဲ့ကြသည်ဟုညာ့ရယ်မှပြောခဲ့သည်။သူတို့သည်လုံခြုံစိတ်ချမှုရှိသည်ဟု ခံစားရသော်လည်းထိုင်းနိုင်ငံသည်ဘယ်တော့မှအမြဲစေအခြေချရမည့်နေရာမဟုတ်မှန်း ညာ့ရယ်မှနားလည်သဘောပေါက်ခဲ့သည်။အတူတကွနေထိုင်ခြင်းသည်လုံခြုံမှုရှိသည်။ သူ၏အနာဂတ်အတွက်မျှော်လင့်ချက်များကိုမေးသည့်အခါအကျွမ်းတဝင်မရှိသောနေ ရာသစ်တွင်အိပ်ပျော်နေရာမှနိုးလာပြီးစိတ်ရှုပ်ကာဝမ်းနည်းသောသူ၏ကလေးငယ်ကို ကြင်နာစွာချီထားရင်းညာ့ရယ်မှခဏတွေးတောလိုက်သည်။ “အနာဂတ်မှာကျွန်တော့်ရဲ့မျှော်လင့်ချက်တွေနဲ့အိမ်မက်တွေကဘာတွေလဲဆိုတာကျွန် တော်မသိပါဘူး…”ဟုညာ့ရယ်ကပြောသည်။ကျွန်တော့ကလေးတွေအတွက်ကျွန်တော့် မှာမျှော်လင့်ချက်တွေရှိပါတယ်၊ဒီမှာပဲဖြစ်ဖြစ်၊ဒါမှမဟုတ်အခြားတနေရာမှာပဲဖြစ်ဖြစ် ကျွန်တော်သူတို့ကိုပညာတတ်တွေဖြစ်စေချင်ပြီးသူတို့အတွက်ပိုမိုကောင်းမွန်တဲ့ဘဝ တွေဖြစ်အောင်လုပ်ပေးချင်ပါတယ်၊ကျွန်တော်တို့လိုအပ်တဲ့အကူအညီတွေကိုကျွန်တော် တို့ဒီစခန်းထဲမှာရှိနိုင်ပါတယ်၊ဒါပေမယ့်ဒီစခန်းဟာကျွန်တော်တို့ရဲ့အနာဂတ်မဟုတ်ပါ ဘူး”။“မြန်မာနိုင်ငံအကြောင်းကိုကျွန်တော်မသိပါဘူး၊ကျွန်တော်မသိပါဘူး။မြန်မာ နိုင်ငံရဲ့အခြေအနေပြောင်းအလဲအပေါ်မှာမူတည်ပါလိမ့်မယ်။အခုလောလောဆယ်မှာ တော့ကျွန်တော်တို့အတွက်လုံခြုံမှုမရှိပါဘူး၊ဒါကြောင့်ကျွန်တော်တို့ပြန်လို့မရနိုင်ပါဘူး။ ဒါပေမယ့်ဖြစ်နိုင်ရင်တစ်အုပ်စုလုံးကျွန်တော်တို့အားလုံးအတူတကွပြန်တဲ့အခါလုံခြုံမှု ရှိပါလိမ့်မယ်။ဒါဟာအနာဂတ်အတွက်မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ဒါဟာတစုတစည်း နဲ့အတူတကွကျွန်တော်တို့ပြန်နိုင်ပါမယ်”

  • မီးမယ် : လိုအပ်သည့်အခါကျန်းမာရေး စောင့်ရှောက်မှုများရရှိခြင်း
    close

    ကလေးငယ်စိုးမသည်အလွန်ပင်နာမကျန်းဖြစ်နေသည်။ကလေးမလေးသည်သူမ၏ အသားအရေအဝါရောင်သန်းကာချွေးစေးကပ်ကပ်နှင့်ဖြူဖပ်ဖြူရော်ဖြစ်နေသည်။သူမ နေထိုင်လျက်ရှိသည့်ဆေးခန်းပတ်လည်ကိုသူမ၏မျက်လုံးကြီးဖြင့်လိုက်ကြည့်နေ သော်လည်းသူမသည်ဂျီကျခြင်း၊ငိုခြင်းမရှိပေ၊သူမအမေမီးမယ်လက်ချောင်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။မီးမယ်သည်စိုးရိမ်ပူပန်မှုများဖြင့်ပင်ပန်းနွမ်းနယ် နေပုံသည်၊သူမပူပန်မှုသည်သူမရင်ဆိုင်နေရသောငှက်ဖျားရောဂါနာကျင်ကိုက်ခဲမှုအ ပေါ်တွင်အခြေခံသည်။မီးမယ်သည်လွန်ခဲ့သောဆယ့်တစ်နှစ်ကမြန်မာနိုင်ငံမှထွက် ပြေးလာစဉ်လတ်တလောအခက်အခဲများကိုစိုးရိမ်ပူပန်ခဲ့သည်။သူမခင်ပွန်းသည်နှင့် အတူခြင်ပေါသောတောထဲတွင်ညအမှောင်ကိုဖြတ်လျှက်လမ်းလျှောက်လာခဲ့ကာထိုင်း နိုင်ငံထဲသို့ဘေးကင်းစွာရောက်ရန်တခုတည်းကိုသာကြိုးစားအာရုံစိုက်ခဲ့ကြသည်။ “ကျွန်မငှက်ဖျားပိုးကူးစက်ခံရပြီးအဲ့ဒီ့ပိုးဟာတကယ်ကိုပဲဆိုးဝါးပါတယ်”ဟုမီးမယ်မှ ပြောသည်။“ကျွန်မတို့ငှက်ဖျားရောဂါအကြောင်းကိုသိခဲ့ပါတယ်၊ပြီးတော့အိမ်မှာလဲဂ ရုစိုက်နေထိုင်ပါတယ်၊အပြင်မှာခြင်တွေပိုမိုထွက်လာပေမယ့်ညအမှောင်ထဲမှာလမ်း လျှောက်ရတာကတော့ကျွန်မတို့မှာရွေးချယ်စရာမရှိလို့ပါ။ဒါဟာဆိုးဝါးပါတယ်။ကျွန် မနေထိုင်မကောင်းဖြစ်တယ်။ကျွန်မအစာလဲမစားနိုင်ဘူးပြီးတော့လမ်းလျှောက်ဖို့ တောင်ခက်ခဲခဲ့ပါတယ်။ကောင်းလာဖို့အချိန်အတော်ကြာယူခဲ့ရပါတယ်၊ပြီးတော့ဒီနေ့ ထိဒီငှက်ဖျားပိုးဟာကျွန်မကိုနေထိုင်မကောင်းဖြစ်စေတုန်းပါပဲ။ဒါကြောင့်ကျွန်မသမီး လေးစိုးမအတွက်စိုးရိမ်နေတာပါ။”“ဘာဟာကလွဲသွားလဲတော့ကျွန်မသေချာမသိပါ ဘူး”ဟုမီးမဲကပြောသည်။“ကလေးကချောင်းဆိုးလာတယ်၊မသွားနိုင်တော့ဘူး၊နောက် နှစ်ရက်လဲရောက်တော့ဖျားရော။ကျွန်မဘာလုပ်ရမှန်းမသိလို့ကလေးကိုဒီကိုခေါ်လာ တာပါ၊ပြီးတော့ခုကလေးဖြစ်တာကလဲငှက်ဖျားလိုအန္တရယ်ရှိတဲ့တစ်ခုခုဖြစ်မှာကိုကျွန် မအရမ်းစိုးရိမ်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်း၊ဘန့်မဲ့နွိုင်စွိုင်ဒုက္ခသည်စခန်းတွင်ရှိသော ကျန်းမာရေးဆေးခန်းသည်သေးငယ်သော်လည်းကောင်းစွာလည်ပတ်ကာဆေးခန်းတွင် ရှိသောသူနာပြုများသည်မီးမယ်အားကလေးတွင်ငှက်ဖျားပိုးရှိသည်ဟုသူတို့သံသယမ ရှိကြောင်းသေချာပြောပြသည်။ထိုငှက်ဖျားပိုးအစားစိုးမတွင်အလွန်အမင်းသွေးအားနည်း နေသည်ဟုဆရာဝန်မှယူဆပြီးထိုသွေးအားနည်းခြင်းသည်ကလေး၏သေးငယ်သောခန္ဓာ ကိုယ်ကိုလျော့ကျစေကာအအေးမိခြင်းကဲ့သို့တခြားဖျားနာမှုများအလွယ်တကူဝင်လာနိုင် သည်။ဆေးခန်းတွင်တစ်ညတာအိပ်စက်ပြီးအခြေခံဆေးဝါးကုသမှုများခံယူပြီးနောက်က လေးအဖျားပျောက်သွားကာချောင်းဆိုးပါလျော့လာသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့်စီစစ်ရန်အတွက်သူမ၏သွေးကိုယူကာဓာတ်ခွဲခန်းသို့ ပို့ခဲ့ပြီးစိုးမသည်နောက်ထပ်တစ်ညနေရမည်ဖြစ်ကာသူမသွေးအားတက်လာရန်အတွက် အရေးပေါ်ဆေးဝါးကုသမှုကိုဆေးပတ်လည်အောင်ကုသမှုခံယူရမည်ဖြစ်သည်။“ထိုင်း နိုင်ငံထဲမှာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးတွေပါပဲ။ဒီလိုမျိုးသာကုသရမယ်ဆိုရင်မြန်မာနိုင်ငံမှာဆိုကျွန်မတို့ဘာမှမပေးနိုင် ပါဘူး။ဒါအပြင်ကျွန်မအတွက်ဆေးကုသဖို့ဆေးခန်းမရှိပါဘူး။ကျွန်မကလေးစိုးမကိုဒီ ကိုစစ်ဆေးဖို့ကျွန်မခေါ်လာနိုင်တဲ့အတွက်ကျွန်မကျေနပ်အားရပါတယ်။ဒီဆေးခန်း ဟာအလွန်ကိုကောင်းပါတယ်။ကျွန်မစိုးရိမ်နေတုန်းပါပဲဒါပေမယ့်လည်းအနည်းဆုံး တော့သူတို့ကျွန်မကလေးကိုပိုကောင်းလာအောင်လုပ်နေကြတယ်ဆိုတာကျွန်မတွေ့နိုင် ပါတယ်”ဟုမီးမယ်မှပြောသည်။“ဒါဟာကျွန်မတို့အမိမြေမဟုတ်ပါဘူး။စခန်းဟာအမြဲ တမ်းကိုယ့်ရပ်ကိုယ့်မြေတစ်ခုမဟုတ်ပါဘူး။တကယ်လို့ကျွန်မတို့ဇာတိနေရပ်ဟာလုံခြုံ မှုရှိပြီဆိုရင်ကျွန်မတို့ပြန်နိုင်ရင်ပြန်မှာပါ၊ပြီးတော့တနေ့မှာကျွန်မတို့ပြန်မှာပါ။ဒါပေ မယ့်အနည်းဆုံးတော့ဒီမှာကျွန်မကလေးတွေပညာသင်ကြားနိုင်ပြီးကျွန်မတို့ဘာသာစ ကားကိုသင်ယူနိုင်ပါတယ်။သူတို့လည်းပဲကျန်းမာသန်စွမ်းနိုင်ပြီးကျွန်မတို့အနာဂတ်အ တွက်ရုန်းကန်နေရရင်တောင်သူတို့ဟာအရာရာတိုင်းမှာကျန်းမာသန်စွမ်းနေပါမယ်။” ငှက်ဖျားရောဂါကြောင့်နှစ်စဉ်စုစုပေါင်းတစ်သန်းသေဆုံးမှုရှိသည်ပြီးထိုအထဲမှသုံး ဆယ်ရာခိုင်နှုန်းသည်အာဖရိကတွင်ရှိသောပဋိပက္ခသက်ရောက်ဖြစ်ပွားနေသည့်နေရာ များမှဖြစ်သည်ဟုခန်းမှန်းခဲ့သည်။

  • ကြောက်ရွံ့မှုနှင့်စစ်အနိဌာအာရုံများမှ အနာဂတ်တစ်ခုတည်ဆောက်ခြင်း- အိမယ်နှင့်ခေးရယ်
    close

    ပုံမှန်လာရောက်ဝယ်ယူသူများဖြင့်ကုန်စုံဆိုင်လေးသည်အလုပ်များနေသည်။တောက်ပ သောအရောင်မျိုးစုံသကြားလုံးများ၊အိမ်တံစက်မြိတ်တွင်လတ်ဆတ်ပြီးအိမ်တွင်းလုပ် ခေါက်ဆွဲများချိတ်ဆွဲထားခြင်း၊အချိုရည်ပုလင်းများသေသေသပ်သပ်စီထားခြင်းပြီးအ သင့်ဝယ်ယူနိုင်ရန်အတွက်အသီးအရွက်နှင့်သစ်သီးများကိုအနီးအနားတိုင်တွင်ရက်လုပ် ထားသောခြင်းတောင်းငယ်များထဲတွင်ထည့်ထားသည်။ခေးရယ်နှင့်အိမယ်သည်မြန်မာ နိုင်ငံကရင်နီပြည်နယ်ရှိလယ်သမားမိသားစုမှဆင်းသက်လာသည်။ယခုအခါသူတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်းဘန်မဲ့နွိုင်စွိုင်စခန်းတွင်ကုန်စုံဆိုင်အငယ်စားပိုင်ရှင်များဖြစ်နေကြ ပြီဖြစ်သည်။အိမ်နောက်ဖေးတွင်ဝက်များမွေးခြင်းမှရရှိလာသောငွေများကိုစုဆောင်းခြင်း နှင့်UNHCRလုပ်ဖော်ကိုင်ဖက်များထံမှအသေးစားချေးငွေရရှိလာပြီးနောက်ပိုင်းတွင်လွန် ခဲ့သောလေးနှစ်၌၎င်းတို့သည်ဆိုင်ခန်းငယ်ကိုဖွင့်လှစ်နိုင်ခဲ့ကြပြီး၎င်းတို့ကိုယ်တိုင်နှင့်၎င်း တို့၏သားသမီးများအတွက်ပိုမိုကောင်းမွန်သောအနာဂတ်ကိုစတင်တည်ဆောက်နေပြီဖြစ် သည်။ ခေးရယ်သည်မြန်မာနိုင်ငံမှထွက်ပြေးလာသောအခါသူသည်ဆယ်ကျော်သက်အရွယ်သာ ရှိသောကြောင့်သူ့အသက်ဘယ်နှစ်နှစ်ရှိသည်ကိုမသိပေ။မြန်မာစစ်တပ်နှင့်ကရင်နီလွတ် မြောက်ရေးလက်နက်ကိုင်တပ်ဖွဲ့များအကြားရက်စက်သောတိုက်ပွဲများသည်၁၉၉၆ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး၎င်းတို့အသက်ရှင်နေထိုင်ရန်အတွက်ကြောက်ရွံ့မှုဖြင့်အရေအတွက်အတော်များ များထွက်ပြေးခဲ့ရသည့်နှစ်ဖြစ်သည်။ လေးနှစ်ကြာပြီးနောက်ကရင်နီပြည်နယ်မှဒုက္ခသည်များသည်မြန်မာနိုင်ငံမှထွက်ပြေးခဲ့ကြ သည်။အိမယ်သည်၎င်းတို့ထဲမှတစ်ဦးဖြစ်သည်။၂၀၀၀ခုနှစ်တွင်တခြားလူငယ်လူရွယ်များ နှင့်အတူသူမရွာမှထွက်ပြေးလာသောအခါသူမအသက်၁၇နှစ်သာရှိသေးပြီးထိုင်းနိုင်ငံနယ် စပ်ကိုရောက်ရန်အတွက်တစ်လထက်မနည်းခြေလျှင်လျှောက်ခဲ့ကြသည်။နှစ်များစွာ ကြာပြီးနောက်ယနေ့တွင်အိမယ်နှင့်ခေးရယ်တို့တွင်ကလေးသုံးဦးရှိနေပြီဖြစ်ကာထိုင်းနိုင်ငံ တွင်နေရသည်ပဲဖြစ်စေ၊လုံခြုံမှုရှိသောအခါမြန်မာနိုင်ငံသို့ပြန်ရသည်ပဲဖြစ်စေဘဝသည် မည်သည့်အချိန်တွင်အခြေတကျနှင့်လွတ်လပ်မှုရှိမည်ကို၎င်းတို့မှအနာဂတ်တချိန်ကိုမျှော် ကြည့်နေကြသည်။ “ကျွန်မတို့ကလေးတွေကိုပံ့ပိုးနိုင်ဖို့အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ကြတယ်”ဟုအိမယ်မှပြော သည်။“ဒီမှာလည်းပဲကလေးတွေကျောင်းသွားနိုင်တာကိုသိရတဲ့အတွက်ကျွန်မတို့အရမ်း ကိုပျော်ရွှင်ခဲ့ပါတယ်။ကျွန်မအတန်းပညာအခြေခံတော့ရှိပါတယ်။ဒါပေမယ့်ကျွန်မအမျိုး သားကတော့ဘာအတန်းပညာမှမရှိပါဘူး။ကျွန်မတို့ကလေးတွေကိုပညာတတ်တွေဖြစ်စေ ချင်ပါတယ်။ကျွန်မတို့သူတို့အတွက်အရမ်းကိုဂုဏ်ယူပါတယ်”။

  • အိုင်မီးမယ့် :ကမ္ဘာသစ်နှင့်ထိတွေ့ခိုင်းခြင်း
    close

    အိုင်မီးမယ့်သည်သူမ၏မိဘများကိုတွေ့မြင်ခဲ့လိုက်ရသည်မှာဆယ်စုနှစ်တစ်စုစာကျော်လွန် သွားပြီဖြစ်သည်။သူမအသက်၁၇နှစ်နှစ်တွင်သူမ၏မိဘများမှသူမအားသူတို့၏အမိမြေ ဖြစ်သောမြန်မာနိုင်ငံ၊ကရင်ပြည်နယ်မှထွက်ခွာခိုင်းခဲ့ပြီးပိုမိုလုံခြုံသည့်အနာဂတ်၊ပိုမို ကောင်းမွန်မှုများကိုသူမရှာတွေ့လိမ့်မည်ဟုသူတို့မှသေချာသိသည့်အားလျှော်စွာထိုင်းနိုင်ငံ မြောက်ပိုင်းဒုက္ခသည်စခန်းသို့သူမဦးတည်သွားခဲ့သည်။ထိုင်းနိုင်ငံမြောက်ပိုင်းဘန့်မဲ့နွိုင် စွိုင်ဒုက္ခသည်စခန်းသို့အိုင်မီးမယ့်သည်၂၀၀၃တွင်ရောက်ရှိလာခဲ့သည်။ရောက်ရှိသောအ ခါသူမသည်တခြားသွေးဝေးသောဆွေမျိုးတချို့ကိုတွေ့ခဲ့သော်လည်းအထီးကျန်ပြီးသူမ၏ မိဘများကိုလွမ်းဆွတ်နေခဲ့ကာအိမ်ကိုလွမ်းခဲ့ပြီးသူမအနာဂတ်အတွက်မရေမရာဖြစ်ခဲ့သည်။ “ကျွန်မဒီကိုရောက်တဲ့အခါကျွန်မအထီးကျန်ပြီးမိဘတွေကိုလွမ်းပါတယ်။သူတို့ကိုကျွန်မပူ ပန်ခဲ့ပြီးဒီမှာနေရတာလုံခြုံတယ်လို့ထင်ပါတယ်၊မြန်မာနိုင်ငံမှာကျွန်မတွေ့မြင်ခဲ့ရတာတွေ ကိုကျွန်မအများကြီးစဉ်းစားခဲ့ပါတယ်။အဲ့ဒီ့တုန်းကကျွန်မအသက်၁၇နှစ်နှစ်သာရှိခဲ့ပါ တယ်။ဒီမှာကျောင်းတက်နိုင်တယ်လို့ကျွန်မကြားခဲ့ပြီးကျွန်မပညာသင်ကြားချင်ပါတယ်၊ ကျန်မရဲ့စာသင်နှစ်နောက်ဆုံနှစ်တစ်ချို့ကိုကျွန်မပြီးစီးအောင်ကြိုးစားချင်ပါတယ်။”ဖွံ့ဖြိုး တိုးတက်မှုအတွက်ကလေးတွေကိုပညာရေးထောက်ပံ့ပေးခြင်းသည်အရေးကြီးသည့်အရာ တစ်ခုဖြစ်သည်သာမကကလေးများလုံခြုံမှုရှိဖို့အတွက်လည်းအကောင်းဆုံးနည်းလမ်းများ ထဲမှတစ်ခုဖြစ်သည်။စာသင်ကျောင်းမှအိုင်မီးမယ့်ကိုလမ်းဖွင့်ပေးရန်ကူညီပေးခဲ့သည်။ သူမသည်အတန်းဖော်များနှင့်သူငယ်ချင်းဖွဲ့ခဲ့ပြီးစာကြိုးစားသူတစ်ဦးဖြစ်ခဲ့သည်၊သူမ သည်မြန်မာနိုင်ငံတွင်လွတ်သွားခဲ့သည့်စာများကိုစာသင်နှစ်တွင်လျှင်မြန်စွာစာလိုက်နိုင်ခဲ့ သည်။သူမဘဝတွင်သံယောဇဉ်ကိုလည်းပဲတွေ့ဆုံခဲ့ပြီးထိုသူသည်စခန်းထဲရောက်ရှိပြီးသုံး နှစ်နောက်ပိုင်းတွင်သူမ၏ခင်ပွန်းဖြစ်လာသည်။“ကျွန်မကျောင်းကိုအရမ်းကိုပဲသဘော ကျပါတယ်၊ပြီးတော့ဒါဟာကျွန်မအမျိုးသားနဲ့တွေ့ဆုံခဲ့တဲ့နေရာလည်းဖြစ်ပါတယ်၊သူလည်း ကျောင်းတက်နေပြီးကျန်မကိုအထက်တန်းပြီးအောင်ကူညီခဲ့ပါတယ်”ဟုအိုင်မီးမယ့်မှပြော သည်။“ဒီမှာသုံးနှစ်ကြာပြီးနောက်ကျွန်မတို့လက်ထပ်ခဲ့ပါတယ်။ကျွန်မတို့မြန်မာနိုင်ငံက မတူညီတဲ့နေရာဒေသတွေကလာတာပါ၊ဒါကြောင့်ကျွန်မဒီလိုမလာရင်သူနဲ့တွေ့ဆုံလိမ့်မှာမ ဟုတ်ပါဘူး”။အကာအကွယ်မခဲ့ရာမှကာကွယ်ပေးသူအဖြစ်နဲ့ယနေ့တွင်သူမသည်အသက် ခြောက်နှစ်အရွယ်နှင့်သုံးနှစ်အရွယ်ယောက်ျားရွယ်​ယော​ကင်္လေးနှစ်ဦး၏မိခင်ဖြစ်လာ သည်။ အိုင်မီးမယ့်သည်စခန်းထဲတွင်ကလေးသူငယ်ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးသူတစ်ဦး ဖြစ်ပြီးအန္တရယ်ကြုံတွေ့နေသောတခြားကရင်နီကလေးများကိုကာကွယ်ပေးဖို့ကူညီရန်အ တွက်သူမသင်ကြားခဲ့ရသောပညာများကိုအသုံးချခဲ့သည်။“လွန်ခဲ့သောငါးနှစ်ကတည်းက ကျွန်မဟာကလေးသူငယ်ကာကွယ်ရေးစောင့်ကြည့်စစ်ဆေးသူတစ်ဦးဖြစ်ပါတယ်။” ဟုအိုင်မီးမယ်ကပြောသည်။“ဒီကအလုပ်ကိုကျွန်မကြိုက်ပါတယ်၊ကျွန်မထက်တောင်ပျော် ရွှင်မှုနည်းတဲ့ကလေးတွေကိုကူညီရတာကျွန်မနှစ်သက်ပါတယ်။ဒီမှာခက်ခဲတဲ့ဘဝတွေပါ၊ ဒါကြောင့်ဒီမှာအလုပ်လုပ်ရတာဟာအရမ်းကိုကောင်းပြီးအရမ်းကိုပဲအရေးကြီးပါတယ်။” “သက်ကြီးရွယ်အိုအဘိုးအဘွားတွေနဲ့နေရတဲ့ကလေးအမှုတွေကိုမကြာခဏကျွန်မတွေ့ရ ပါတယ်။ပြီးတော့အဘိုးအဘွားတွေကအလုပ်မလုပ်နိုင်တာကြောင့်မို့လို့သူတို့မှာအစားအ စာအလုံအလောက်မရှိပါဘူး၊သူတို့အခြေအနေအဆင်ပြေလားမပြေလားဆိုတာကိုသေချာ အောင်သိဖို့အတွက်ကျွန်မတို့သူတို့အခြေအနေကိုသွားရောက်ကြည့်ရှု့စစ်ဆေးပါတယ်။တ ခါတလေမှာမိဘတွေဟာကလေးကိုကောင်းကောင်းကြည့်ရှုမစောင့်ရှောက်ပါဘူး၊အဲ့ဒီ့အ ခါကျွန်မတို့ကသူတို့နဲ့ဆွေးနွေးပြောပြရပြီးသူတို့နားလည်လာအောင်အကူအညီပေးဖို့အ တွက်သူတို့ကိုပညာပေးရပါတယ်ကလေးတွေကိုပိုမိုကောင်းမွန်အောင်ကြည့်ရှူ့စောင့် ရှောက်ဖို့အတွက်နည်းလမ်းတွေရှာပေးပါတယ်။”

  • ၁၉၉၁ခုနှစ်ကတည်းကတာဝန်ထမ်းဆောင်ခဲ့ သောဘန်မဲ့နိုင်းစွယ်စခန်းကော်မတီဥက္ကဌ ခွန်အီရယ်
    close

    ၁၉၈၆အစောပိုင်းတွင်မြန်မာအစိုးရသည်ကယားပြည်နယ်တွင်“ဖြတ်လေးဖြတ်စစ်ဆင်ရေး”ကို စတင်ခဲ့သည်။မြန်မာလှည့်ကင်းများနဲ့စစ်ကြောင်းဟာအဆမတန်ဖျက်စီးခံရတော့မယ့်ကျွန် တော်နေထိုင်တဲ့နယ်မြေအနီးကိုချည်းကပ်လာပါတယ်၊ထိုအချိန်ကရွာမှာကျွန်တော်ဟာ ခေါင်းဆောင်တဦးဖြစ််ပြီးကျွန်တော့ရွာကလူတွေကိုအန္တရယ်နဲ့ဝေးရာခေါ်သွားဖို့ကျွန်တော်ဆုံး ဖြတ်ချက်ချခဲ့သည်။၁၉၈၆ခုနှစ်၊ဧပြီ​လ(၅)ရက်နေ့တွင်တရွာလုံးမှတောတောင်များကိုဖြတ် သန်းကာထွက်ပြေးခဲ့ကြသည်။နှစ်ရက်လောက်ခြေကျင်လျောက်ပြီးတဲ့အခါမှာတော့ကျွန် တော်တို့ဟာထိုင်း-မြန်မာနယ်စပ်အနီးရှိနိုင်​စွယ်​ကျေးရွာကိုရောက်ရှိလာပါတယ်၊ကျွန်တော် တို့ကိုထိုရွာအနီးအနားမှာအခြေချနေထိုင်ရန်ခွင့်ပြုခဲ့သောဒေသထိုင်းရဲအရာရှိထံသို့ကျွန် တော်တို့ချည်းကပ်ခဲ့ပါတယ်။ထို့နောက်မှာတော့၁၉၉၃ခု​နှစ်​နှင့်၁၉၉၆ခု​နှစ်​၌ရောက်ရှိလာ သောဒုက္ခသည်အသစ်များအား၎င်းတို့ကိုရပ်သစ်ရွာသစ်တွင်ဝင်ဆံ့နိုင်အောင်ကျွန်တော် တို့ကြိုးပမ်းခဲ့ကြသည်။နောက်ဆုံးတွင်တော့ဘန့်မဲ့နိုင်​စွ​ယ​]ကို၂၀၀၂ခုနှစ်တွင်တည်ထောင် ခဲ့ပြီးဒီမှာပဲကျွန်တော်တို့ယနေ့ထိထက်တိုင်အောင်နေထိုင်လာခဲ့ပါတယ်။ကျွန်တော်အဓိ ကပူပန်မိတာကတော့ကလေးတွေရဲ့ပညာရေးပါပဲ။ကျွန်တော်တို့သူတို့ကိုဘယ်လိုပညာ သင်ပေးရမလဲ။အစဦးတုန်းကကျွန်တော်တို့မှာဘာမှမရှိပါဘူး၊ဦးစွာနေထိုင်စရာအကာ အရံအမိုးအကာများတည်ဆောက်ပြီးနောက်မှာတော့ကျွန်တော်တို့စာသင်ကျောင်းတ ကျောင်းကိုစတင်တည်ဆောက်ခဲ့ပါတယ်။သို့သော်လည်းကျွန်တော်တို့ဟာအလယ်တန်း ကျောင်ရဲ့အစပိုင်းဖြစ်တဲ့လေးတန်းထက်ကျော်လွန်ပြီးကျွန်တော်တို့မသင်ကြားနိုင်ပါဘူး။ ဒီမှာကျွန်တော်တို့ကိုအကူအညီပေးခဲ့တဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ယနေ့မှာ တော့ကျွန်တော်တို့ကလေးတွေကိုဆယ်တန်းထိရောက်အောင်နည်းလမ်းအားလုံးနဲ့ကျွန် တော်တို့သင်ကြားပေးနိုင်ပါပြီးသူတို့ကိုကောင်းမွန်တဲ့ပညာရေးကိုပေးနိုင်ခဲ့ပါပြီ။ကျွန် တော်တို့ထိုင်းကိုရောက်တဲ့အချိန်အခက်အခဲအကြီးအမားကတော့လူထုအသိုင်းအဝိုင်း ကိုအတူတကွဖြစ်စေရန်၊ဂုဏ်သိက္ခာရှိစွာနဲ့အသက်ရှင်နေထိုင်မှုဘဝကိုထိန်းသိမ်းဖို့အ တွက်တွေပဲဖြစ်ပါတယ်။ကွဲပြားသောဘာသာရေးယုံကြည်မှုများနဲ့၊ကွဲပြားသောဒေသ ခံစကားပြောလူတွေစသောလူပေါင်းစုံနှင့်ကျွန်တော်တို့ရောနှောနေခဲ့ပါတယ်။ဒါဟာမိ ဘများအတွက်နဲ့ခေါင်းဆောင်များအတွက်လူထုအသိုင်းအဝိုင်းတွင်မူလဓလေ့ထုံးစံ ကိုထိန်းသိမ်းထားရန်အတွက်တကယ့်ကိုအခက်အခဲဖြစ်စေတဲ့အရာပဲဖြစ်ပါတယ်။ ကျွန်တော်လဲအသက်ကြီးလာပါပြီ။နောက်မျိုးဆက်သစ်တွေကိုလက်လွှဲပြောင်းပေး ဖို့အချိန်ရောက်ပါပြီ။ကျွန်တော်တို့မှာစွမ်းအင်အမြောက်အများနဲ့လတ်ဆတ်တဲ့စိတ် ကူးတွေရှိတဲ့လူငယ်လူရွယ်တွေအမြောက်အများရှိနေပါပြီ။သူတို့အတွက်လုပ်ဆောင် စရာအများအပြားချန်ထားရစ်ခဲ့ပါတယ်။ကျွန်တော့်မျိုးဆက်သစ်တွေဟာကျွန်တော် တို့လူတွေရဲ့အောက်မေ့ဖွယ်ရာအမှတ်တရတွေကိုမူလအခြေအနေအတိုင်းထိန်းသိမ်း ထားပါတယ်။ကျွန်တော်တို့ဟာရိုးရာဓလေ့ထုံးတမ်းများကိုလည်းလွှဲပေးနိုင်ခဲ့ပါပြီ။ ယခုအခါမှာသူတို့ဟာလုပ်ဆောင်ရတော့မှာဖြစ်ပြီးသူတို့ကိုယ်တိုင်နဲ့လူထုအတွက် စစ်မှန်တဲ့အနာဂတ်ကိုတည်ဆောက်ရမှာပဲဖြစ်ပါတယ်။တကယ်လို့သူတို့ကျွန်တော့ ကိုလိုအပ်တယ်ဆိုရင်ကျွန်တော်ဟာသူတို့ကိုကူညီဖို့အတွက်အမြဲတမ်းရှိနေမှာပါ။ ဒါပေမယ့်ကျွန်တော်ဟာ၁၉၉၁ခုနစ်ကတည်းကတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်အနည်းငယ်အနားယူချင်ပါတယ်။ကျွန်တော်​ဘာကိုဆန္ဒရှိသလဲဆိုတော့ လူငယ်မျိုးဆက်သစ်ခေါင်းဆောင်တွေကပြည်သူလူထုစည်းလုံညီညွတ်မှုထိန်း သိမ်းရန်အတွက်စီမံခန့်ခွဲဖို့ပဲဖြစ်ပါတယ်။သူတို့ဟာကျွန်တော်တို့မြန်မာနိုင်ငံဆီသို့ အိမ်ကိုပြန်လည်ပြန်ဖို့အတွက်ဆောင်ရွက်​ပေးနိုင်ပြီးကျွန်တော်တို့သူတို့ဆီလွှဲ ပြောင်းပေးထားတဲ့တူညီတဲ့စိတ်ဓာတ်နဲ့တူညီတဲ့တန်ဖိုးရှိမယ်လို့ကျွန်တော်မျှော်လင့် ပါတယ်။ပညာရေးဟာသော့ချက်တခုပါပဲ။သူတို့အနေနဲ့ဆက်လက်သင်ယူနေဖို့၊ ဆက်လက်ကြိုးစားလုပ်ဆောင်နေဖို့နဲ့လူတိုင်းရဲ့အကူအညီများနဲ့အတူနောက်ဆုံးမှာ ကျွန်တော်တို့ဟာတောက်ပတဲ့အနာဂတ်ကိုရလာမယ်လို့ကျွန်တော်မျှောင်လင့်ချက် ထားပါတယ်။

  • ကျားမအခြေခံလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်နေ့တာစည်းရုံးလှုပ် ရှားမှု
    close

    "ကျွန်ုပ်စခန်းလုံခြုံရေးများဖြစ်ခဲ့ရရင်၊စခန်းကော်မတီများနှင့်လူထုအသိုင်းအဝိုင်းပါအတူ တကွလက်တွဲပြီးကျားမအခြေခံလိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများဖေါ်တုတ်မည်ဖြစ်သည်။ ၎င်းကိစ္စ​သည်လူတစ်ဦးတစ်ယောက်၏ပြဿနာမဟုတ်ပါ သို့သော်အားလုံးကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။"

  • လူငယ်၏အသံများ
    close

    ”ကျွန်ပ်အတွက်ကောင်းသောအနာဂတ်ဖြစ်သည်ဟုထင်ပါသည်။ အနာဂတ်တွင်ပညာ သင်ယူခွင့်ပိုမိုရရှိပါကပြန်လည်ရင်ကြားစေ့ရေးအတွက်အလုပ်လုပ်ချင်ပါသည်။ ”

  • လူငယ်၏အသံများ
    close

    အနာဂတ်သည် ”ပျော်ရွှင်ခြင်း၊ငြိမ်းချမ်းသာယာလှပ သောဘဝရှိခြင်းနှင့်အခက်အခဲမရှိခြင်းပင်ဖြစ်သည်။”

  • ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ၂၀၁၃ ခုနှစ် ပန်း​ချီ​ဆွဲပြိုင်ပွဲ
    close

    ကျွန်တော်ငြိမ်းချမ်ရေးကိုလိုချင်သည်စစ်မဟုတ်ပါအားလုံးငြိမ်းချမ်ရေးအတွက် လက်တွဲဆောင်ရွက်ကြပါ။ ကျွန်ုပ်တို့၏မျက်လုံးများဆိုးရွား​နေ​သောအရာများထက် ကောင်းသောအရာများကြည့်သင့်ပါသည်။ စစ်ကြောင့်မျက်ရည်များဖြစ်ပေါ်လာ သောကြောင့်စစ်ဖြစ်ခြင်းကိုရပ်တန့်ရမည်ဖြစ်သည်။ စောအယ်ဟာသာ့ ၂၀ နှစ်

  • ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ၂၀၁၃ ခုနှစ် ပန်း​ချီ​ဆွဲပြိုင်ပွဲ
    close

    “အနာဂတ်ဘဝအတွက်သာယာလှပသောအိမ်ကိုတည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကိုကျမလိုချင်ပါသည်။” နော်စေးလွဲ ၁၅နှစ်

  • အရေးကြီးဆုံးသောအရာတခု-ဆုတောင်းရန်အတွက်ကြေးစည်
    close

    ကျမတို့ရွာအနီးတိုက်ပွဲပြင်းပြင်း​ထန်ထန်ဖြစ်ပွါးခဲ့သောတနေ့၌​အလွန်ကြောက်စရာ ကောင်းပြီး​နှစ်ဖက်စစ်သား​များ၏အပြန်အလှန်ပစ်ခတ်မှုကြောင့်ကျမယောင်္ကျားက ပြေးတော့ဟုပြောပါသည်။ အိမ်ကိုမပစ်ထားခင်ကျမကလေးအဝတ်အစားနှင့်ဆု တောင်းရန်အတွက်ကြေးစည်ကိုယူခဲ့ပါသည်။ ဤကြေးစည်သည်ကျမသ္မီးဦးမွှေးဖွား တုံးကအမေပေးထား​ခဲ့​သော​လက်ဆောင်တခုဖြစ်​သည်။​ မကောင်း​ဆိုးဝါးမှကာကွယ်ပြီး ကုသိုလ်ကောင်းများ​ပေးလိမ့်မည်ဟုအမေပြောခဲ့ပါသည်။ကြေးစည်ကိုကျမအိပ်ရာ အနီးရှိဘုရားစ​င်ပေါ်တွင်တင်ထားပြီးတနေ့နှစ်ကြိမ်ဘုရားရှိခိုးပြီးတိုင်းတီးပါသည်။

  • အရေးကြီးဆုံးသောအရာတခု - ကွမ်းညှပ်
    close

    တနေ့တွင်မြန်မာစစ်သားများရွာထဲတွင်ဝင်လာပြီးရွာကိုမီးရှို့လိုက်သည်။ မြန်မာစစ်သားများရောက်လာခါနီးသတင်းရသောအခါကျမအလွန်ကြောက် ပြီးကလေးများကိုခေါ်ပြီးထွ​က်ပြေးမ​ည်ဟုဆုံးဖြတ် ချက်ချပြီးအိမ်၌မထွက်ခင် ကျမအစ်ကိုအိမ်ထောင်မပြုခင်ကပေးခဲ့သောကွမ်းညှပ်ကိုယူပြီးထွက်ပြေးခဲ့သည်။ ရွာကိုထွက်ပြီးကတည်းကအစ်ကို၏​သတင်း(သေသလားရှင်သလား)ကိုမကြား မ​သိရတော့ပါ။ သို့သော်ကျမတခုဝမ်းသာတာကကျမဤကွမ်းညှပ်ကိုယူလာမိသော ကြောင့်တချိန်တုန်းကအစ်ကိုနှင့်အတူတူနေခဲ့ဘူး​သည်​ကိုပြန်သတိရမိသည်။

  • သီးသန့်တွေ့ဆုံမေးမြန်းခြင်း- ကရင်နီဒုက္ခသည်ကော်မတီဥက္ကဌ စောမန်းစော
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • နန်းကြိုင်လေးသို့ အလည်တစ်ခေါက် ကယားပြည်နယ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • BMN စခန်းရှိလူငယ်လူရွယ်များဦးဆောင်သည့်လူငယ်ကလပ်အသင်းတစ်သင်းနှင့် လူငယ်ခေါင်းဆောင်တစ်ဦး၏ရည်မှန်းချက်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများနှင့်ဒုက္ခသည်များပြန်လည်အခြေချနေထိုင်ခြင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပံ့ပိုးကူညီမှုဒေါ်မိုးမယ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများနှင့်ဒုက္ခသည်များပြန်လည်အခြေချနေထိုင်ခြင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပံ့ပိုးကူညီမှုဦးစူးရယ်​
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • မယ်လဒုက္ခသည်စခန်းမှတတိယနိုင်ငံသို့ အခြေချပြီးနောက်ဂျပန်နိုင်ငံမှတဆင့်စခန်း သို့ပြန်လည်လာရောက်လည်ပတ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ရှယ်ဖီးယူနိုက်တက်အသင်းမှယခင်က ဒုက္ခသည်တစ်ဦးဖြစ်သူအားအသင်းတွင် ပထမဆုံးအကြိမ်စာချုပ်ချုပ်ဆို
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • “ကျွန်ုပ်တို့ရဲ့ဒေသတွင်းသတင်းနှင့်ဗဟုသုတစင်တာလေး”ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • နို့ဖိုးဒုက္ခသည်စခန်းမှသည်အမေရိကန်နိုင်ငံသို့ရောက်ရှိသွားသောဖောဆဲ့​​စိုး​ပ​ရီး! ထိုင်း-မြန်မာနယ်စပ်မှစိတ်ဓာတ်တက်ကြွဖွယ်ရာဘဝဇာတ်လမ်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ထမ့်ဟင်ဒုက္ခသည်စခန်းဂျူ နီယာကောလိပ်မှကျောင်းအောင်သူများ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • စခန်းလက်ထောက်ဦးစီးနှင့်ပညာရေးကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ နော်ပိုနှင့်တွေ့ဆုံမေးမြန်းခြင်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ကရင်နီစွမ်းရည်- Doughty အဖွဲ့နှင့်သီးသန့်တွေ့ဆုံမေးမြန်းခြင်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ငါ့ရယ် - ဖခင်တစ်ဦး၏စိုးရိမ်ပူပန်မှုများ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ညာ့ရယ် : အနာဂတ်မှာအတည်တကျဖြစ်ဖို့မျှော်လင့်ခြင်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • မီးမယ် : လိုအပ်သည့်အခါကျန်းမာရေး စောင့်ရှောက်မှုများရရှိခြင်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ကြောက်ရွံ့မှုနှင့်စစ်အနိဌာအာရုံများမှ အနာဂတ်တစ်ခုတည်ဆောက်ခြင်း- အိမယ်နှင့်ခေးရယ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • အိုင်မီးမယ့် :ကမ္ဘာသစ်နှင့်ထိတွေ့ခိုင်းခြင်း
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ၁၉၉၁ခုနှစ်ကတည်းကတာဝန်ထမ်းဆောင်ခဲ့ သောဘန်မဲ့နိုင်းစွယ်စခန်းကော်မတီဥက္ကဌ ခွန်အီရယ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ကျားမအခြေခံလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်နေ့တာစည်းရုံးလှုပ် ရှားမှု
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • လူငယ်၏အသံများ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • လူငယ်၏အသံများ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ၂၀၁၃ ခုနှစ် ပန်း​ချီ​ဆွဲပြိုင်ပွဲ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ၂၀၁၃ ခုနှစ် ပန်း​ချီ​ဆွဲပြိုင်ပွဲ
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • အရေးကြီးဆုံးသောအရာတခု-ဆုတောင်းရန်အတွက်ကြေးစည်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • အရေးကြီးဆုံးသောအရာတခု - ကွမ်းညှပ်
    ပုံ​ကို​နှိပ်​ပြီး​ဆက်​ဖတ်​ရန်​
  • နော်ဝေနိုင်ငံ ဒုက္ခသည်များဆိုင်ရာကောင်စီ (မြန်မာနိုင်ငံအရှေ့တောင်ပိုင်း)
    02 Sep 2015
    နော်ဝေနိုင်ငံဒုက္ခသည်များဆိုင်ရာကောင်စီ (NRC) မှာနိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံ၌နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီးသည့်နောက်ကူညီဆောင်ရွက်ပေးရန်၂၀၀၈ခုနှစ်အောက်တိုဘာလတွင်စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ထိုနောက်ပိုင်း၌NRCသည်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့တွင်ပဋိပ က္ခကြောင့်ထိခိုက်ခံစားရသောပြည်သူလူထုအားကူညီပေးရန်အတွက်စီမံချက်များဆောင်ရွက်နေပါသည်။NRCသည်လက်ရှိကာလာ၌အဓိကလုပ်ငန်းကဏ္ဍ၃ခုကိုဆောင်ရွက်လျှက်ရှိပါသည်။
    နေထိုင်စရာအဆောက်အဦးနှင့်ကျောင်းများဆောက်လုပ်ခြင်း NRC၏နေထိုင်စရာအဆောက်အဦးစီမံချက်မှာထိခိုက်လွယ်သူများအတွက်ရေရှည်ခံသောနေထိုင်စရာများပေးအပ်ပါသည်။နေထိုင်စရာအဆောက်အဦးစီမံချက်တွင်ငှက်ဖျားနှင့်အခြားရောဂါများဖြစ်ပွားမှုကိုလျှော့ချနိုင်ရန်အတွက်အိမ်သာ၊စိတ်ချရသောသောက်သုံးရေနှင့်စနစ်ကျသောအမှိုက်စွန့်ပစ်စနစ်များကိုလည်းထည့်သွင်းဆောင်ရွက်ပေးသည်။စီမံချက်သည်လူထုနှင့်ဆိုင်သောအဆောက်အဦးများ၊တံတားများ၊လမ်းများကိုလည်းတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းဖြင့်ပြည်သူများအနေနှင့်အခြေခံဝန်ဆောင်မှုများဖြစ်သည့်ကျန်းမာရေး၊ပညာရေးတို့နှင့်တကွအလုပ်နှင့်အသက်မွေးမှုတို့အတွက်ဥပမာစျေးများဆီသို့လက်လှမ်းမီရောက်ရှိစေနိုင်သည်။NRCသည်နေထိုင်စရာအဆောက်အဦးစီမံချက်ကို၂၀၁၀ခုနှစ်တွင်စတင်ခဲ့သည့်အချိန်မှစ၍ထိခိုက်လွယ်မှုသတ်မှတ်ချက်အရပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရသူများနှင့်အိမ်ရှင်လူထုအတွက်သာအကူအညီများပေးအပ်နေသည်။ယခုအချိန်အထိNRCသည် ပြန်လည်ဝင်ရောက်လာမည့်နယ်စပ်ဖြတ်ကျော်ဒုက္ခသည်များအတွက်(ပြန်လည်နေရာချထားပေးရေးနေရာများ၌)အဆောက်အဦးဆောက်လုပ်မှုတွင်NRCတစ်ဖွဲ့တည်းဖြစ်စေ၊အခြားအဖွဲ့များနှင့်တွဲဖက်၍ဖြစ်စေပါဝင်ဆောင်ရွက်နေခြင်းမရှိသေးပါ။
    NRCသည်ကလေးပျော်မူလတန်းကျောင်းအသစ်များကိုလည်းဆောက်လုပ်ပေးပါသည်။ထိုကျောင်းများသည်ယခင်ကကျောင်းတက်နိုင်ရန်အခက်အခဲရှိခဲ့သူများအတါက်နေအိမ်နှင့်နီးသောနေရာတွင်ညာရေးကိုရယူနိုင်စေည်။ကျောင်းဝန်းထဲတွင်ရေဘုံဘိုင်သို့မဟုတ်ရေခပ်ရန်နေရာ၊မိန်းကလေးနှင့်ယောက်ျားလေးများအတွက်သီးခြားအိမ်သာများနှင့်ပရိဘောဂများလည်းထည့်သွင်းပေးသည်။NCR၏နေထိုင်စရာအဆောက်အဦးလုပ်ငန်းများစတင်စဉ်မှစ၍အိမ်ထောင်စုပေါင်း၁၃၀၀ကျော်အတွက်နေထိုင်စရာများပံ့ပိုးပေးခဲ့ပြီးကရင်၊ကယားပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်ကျောင်းပေါင်း၃၉ကျောင်းကိုပြန်လည်တည်ဆောက်ပြုပြင်ပေးခဲ့ပြီးဖြစ်သည်။
    အသက်မွေးဝမ်းကျောင်းနှင့်ဘဝတွက်တာကျွမ်းကျင်မှုဆိုင်ရာပညာများသင်ကြားခြင်း NRCသည်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်ကရင်ပြည်နယ်ဖားအံမြို့နှင့်တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တို့၌အသက်မွေးဝမ်းကျောင်းနှင့်ဘဝတွက်တာပညာရပ်များသင်ကြားပေးသည့်ဌာနနှစ်ခုကိုဖွင့်လှစ်ပေးခဲ့သည်။ထိုဌာနများသည်အသက်၁၆နှစ်မှ၂၅နှစ်အတွင်းရှိလူငယ်များကိုအချုပ်အလုပ်၊အစားအစာတာရှည်ခံအောင်ပြုလုပ်နည်း၊မော်တော်ဆိုင်ကယ်ပြုပြင်နည်းနှင့်နှစ်တိုစိုက်ပျိုးရေးနည်းလမ်းများစသည့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ဆိုင်ရာပညာရပ်များကို(၃)လကြာသင်ကြားပေးသည်။ဘဝတွက်တာကျွမ်းကျင်စရာသင်တန်းသည်လူငယ်များအတွက်၎င်းတို့၏လူမှုဘဝနှင့်လုပ်ငန်းခွင်တို့တွင်ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများအတွက်ပြင်ဆင်နိုင်ရန်ရည်ရွယ်သည်။
    ၂၀၁၅ခုနှစ်တွင်NRCသည်ကရင်ပြည်နယ်၌NRCမှဆောက်လုပ်ပေးခဲ့သည့်ကျောင်းနှစ်ကျောင်းရှိမူလတန်းပြဆရာ၊ဆရာမများအတွက်ကျောင်းတွင်းလက်တွေ့သင်ကြားရေးပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကိုစတင်ပါမည်။အစီအစဉ်မှာထိုကျောင်းများမှကလေးအားလုံးရည်အသေးပြည့်ပညာသင်ကြားမှုကိုရရှိနိုင်ရန်အတွက်ဆရာဆရာမများနှင့်အတူလုပ်ဆောင်ရန်ဖြစ်သည်။
    ၂၀၁၄ခုနှစ်အတွင်းကဖားအံနှင့်ထားဝယ်သင်တန်းဌာနများတွင်သင်တန်းသားပေါင်း၄၆၈ဦး(မ၂၃၆ဦး၊ကျား၂၃၂ဦး)အောင်မြင်စွာသင်ယူပြီးမြောက်ခဲ့ကြသည်။၂၀၁၅ခုနှစ်အကုန်တွင်နောက်ထပ်သင်တန်းသား၆၀၀ကျော်တက်ရောက်ပြီးမြောက်ရန်မျှော်မှန်းထားသည်။
    သတင်းအချက်အလက်ပေးခြင်း၊ဆွေးနွေးအကြံပေးခြင်းနှင့်ဥပဒေရေးရာအကူအညီပေးခြင်း(ICLA) ၂၀၁၂ခုနှစ်ဇွန်လကတည်းကပင်NRCသည်အရှေ့တောင်ပိုင်းရှိပဋိပက္ခကြောင့်ထိခိုက်ခံစားရသည့်ပြည်သူများအတွက်အမျိုးသားမှတ်ပုံတင်ကဒ်ပြား(ပန်းရောင်ကဒ်)များထုတ်ပေးရာတွင်လျှင်မြန်စေရန်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနအားပံ့ပိုးမှုများပေးနေသည်။ထိုနိုင်ငံသားစီစစ်ရေးကဒ်များသည်ပြည်သူများ၏လွတ်လပ်စွာသွားလာနိုင်ခွင့်၊မဲပေးခွင့်၊တက္ကသိုလ်ပညာသင်ကြားခွင့်အပါအဝင်အခြေခံလူ့အခွင့်အရေးများကိုခံစားရရှိစေနိုင်သည်။ထို့ပြင်အရေးကြီးသောအစိုးရဝန်ဆောင်မှုများကိုလည်းရရှိစေနိုင်ပြီးသူတို့၏ပိုင်ဆိုင်ပစ္စည်းနှင့်မြေယာများကိုမှတ်ပုံတင်ထားနိုင်စေသည်။NRCသည်အစိုးရအားအရှေ့တောင်ပိုင်းအနှံ့အပြားရှိကျေးရွာများသို့သွားရောက်နိုင်ရန်နှင့်လျှောက်ထားသူများအားမှတ်ပုံတင်ကဒ်ပြားနေ့ချင်းပြီးထုတ်ပေးနိုင်ရန်အတွက်ကူညီပေးသည်။
    NRC၏အထောက်အထားရရှိစေရေးလုပ်ငန်းများစတင်ခဲ့သည့်၂၀၁၂ခုနှစ်မှ၂၀၁၅ခုနှစ်မြန်မာအရှေ့တောင်ပိုင်းဒေသတစ်ဝှမ်းမှပြည်သူပေါင်း၃၅၃၀၀၀နီးပါးသည်ပန်းရောင်ကဒ်များရရှိခဲ့ကြသည်။
    NRCသည်၂၀၁၅ခုနှစ်မှစ၍တနင်္သာရီတိုင်းဒေသကြီးပုလောမြို့နယ်တွင်နေထိုင်စရာအကူအညီများရရှိခဲ့သည့်မိသားစုများအတွက်နေထိုင်စရာများကုတရားဝင်ရရှိရန်ဆောင်ရွက်ပေးနေသည်။
    ၂၀၁၅ခုနှစ်ဇန်နဝါရီလတွင်NRCသည်နယ်စပ်ဖြတ်ကျော်စီမံချက်တစ်ခုကိုကရင်ပြည်နယ်မှစတင်ခဲ့သည်။ထိုစီမံချက်သည်ထိုင်းနိုင်ငံရောက်နယ်စပ်ဖြတ်ကျော်ဒုက္ခသည်များအားမြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်ဖွဲ့ဖြိုးတိုးတက်နေမှုများနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုလမ်းကြောင်းအမျိုးမျိုးအသုံးပြု၍ပေးနိုင်ရန်ဖြစ်သည်။ထိုသတင်းအချက်အလက်များမှာထိုင်းနိုင်ငံရောက်ဒုက္ခသည်များအားသူတို့၏နေရင်းဇာတိသို့မဟုတ်အခြားပြန်လာနေနိုင်သည့်နေရာများ၏အခြေအနေကိုသိရှိနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်သည်။
    မူ​ရင်း​ဌာ​န​  
    NRC
  • အများအကျိုးဆောင်ရွက်လိုစိတ်
    06 May 2015
    အသက်(၂၀)နှစ်ရှိကရင်အမျိုးသမီးဖော မူးသည်ဘဝတွင်လုံခြုံစိတ်ချမှုမရှိခဲ့ပေ။ မြန်မာနိုင်ငံရှိသူမ၏ရွာသည်စစ်တပ်၏ တိုက်ခိုက်စီးနင်းခြင်းခံခဲ့ရသည်။နေ့
    တိုင်းကြောက်လန့်စွာဖြင့်သူမနေထိုင်ခဲ့ ရသည်။

    သူမဘဝတွင်လက်ရှိဖြစ်ပွားနေသောအ ရာအခြေအနေများမှသူမလွတ်မြောက် ချင်ခဲ့သည်။သူမချုပ်တီးထားရသည့် အခြေအနေများကိုသည်းမခံနိုင်တော့
    သည့်တနေ့တွင်ဖောမူးသည်လုံခြုံစိတ် ချရသောနေရာကိုရှာဖွေရန်အတွက် ထိုင်းနိုင်ငံသို့ဦးတည်ထွက်ခွာရန်ဆုံး ဖြတ်ချက်ချခဲ့သည်။

    ဖောမူးသည်မြန်မာနိုင်ငံရှိတိုင်းရင်းသား မျိုးနွယ်စုတစ်စုမှလာခဲ့သူဖြစ်ပြီးပညာ အရည်အချင်း(၅)တန်းထိသာရှိသူဖြစ် သည်။၂၀၀၅ခုနှစ်၌အသက်(၂၁)နှစ် တွင်သူမသည်သူမ၏ခင်ပွန်းနှင့်ကလေး ပါထိုင်းနိုင်ငံသို့ပြောင်းရွှေ့လာခဲ့ပြီးယခု အခါဘန့်ဒွန်ယန်းဒုက္ခသည်စခန်း၌ဝါး များဖြင့်ဆောက်လုပ်ထားသည့်ဖက်မိုး တဲအိမ်ထဲတွင်နေထိုင်လျက်ရှိသည်။
    စည်းမျဉ်းစည်းကမ်းများနှင့်ဒုက္ခသည် စခန်းထဲတွင်နေထိုင်ရခြင်းသည်လွယ် ကူသည့်နေရာမဟုတ်သော်လည်းသူမ အတွက်လုံခြုံစိတ်ချမှုနှင့်မျှော်လင့်ချက် များရရှိခဲ့သည်။
    ဖောမူးသည်သင်ကြားမှုများပိုမိုရရှိရန်
    နှင့်သူမ၏အရည်အသွေးတိုးတက်
    ကောင်းမွန်စေရန်အတွက်ထက်သန်
    ပြင်းပြသောဆန္ဒတစ်ခုအမြဲတမ်းရှိ
    သူဖြစ်သည်။သူမသည်သူမ၏ဘဝကို
    တခြားသူများအတွက်မြှပ်နှံချင်သော
    ကြောင့်သူမကိုယ်ကိုတိုးတက်စေရန်
    အမှန်တကယ်လိုချင်နေသူဖြစ်သည်။
    “ကျွန်မမှာအနည်းငယ်ရှိဒါနဲ့သာတ​​ခြား
    သူတွေကိုကူညီနိုင်တယ်ဆိုတာကျွန်မ
    သိခဲ့ပါတယ်၊ဒါပေမယ့်ကျွန်မသာကျွန်
    မကိုယ်ကိုတိုးတက်အောင်လုပ်ဆောင်
    နိုင်မယ်ဆိုရင်ပိုမိုကြီးမားတဲ့လုပ်နိုင်
    စွမ်းနဲ့ကျွန်မကူညီဆောင်ရွက်ပေးနိုင်
    ပါတယ်”ဟုဖောမူကရှင်းပြသည်။

    တနေ့တွင်ဖောမူးသည်အပြောင်းအ
    လဲစီမံကိန်းအတွက်ကြိုတင်ပြင်ဆင်
    သည့်ADRAအသက်မွေးမှုသင်တန်း
    အကြောင်းကိုသူငယ်ချင်းဖြစ်သူထံမှ
    ကြားသိရသည့်အခါသင်တန်းအနေ
    အထားကိုအောက်ခြေအထိသွား
    ရောက်လေ့လာခဲ့ပြီးတက်ရောက်ရန်
    ဆုံးဖြတ်ချက်ချခဲ့သည်။

    ADRAထိုင်းနိုင်ငံ၏အသက်မွေးဝမ်း
    ကြောင်းသင်တန်းကျောင်းသည်အ
    ပြောင်းအလဲစီမံကိန်းအတွက်ကြိုတင်
    ပြင်ဆင်မှုများပြုလုပ်ရန်ထိုင်းမြန်မာ
    နယ်စပ်တစ်လျှောက်ရှိယာယီစခန်း
    (၇)ခုတွင်လုပ်ဆောင်လျှက်ရှိသည်။
    ၎င်းတို့စိတ်ပါဝင်စားမှုများနှင့်လို
    အပ်မှုများအပေါ်အခြေခံထားသည့်
    သင်ရိုးအမျိုးမျိုးကိုပေးသည်၊ဆောက်
    လုပ်ရေး၊ဧည့်ခံရေး၊အချက်အပြုတ်
    နှင့်မုန့်ဖုတ်၊အချုပ်အလုပ်အဆင့်(၁)၊
    အချုပ်အလုပ်အဆင့်(၂)၊ဆံပင်ညှပ်၊
    ဆံပင်အလှပြင်ပြုပြင်ခြင်း၊လျှပ်စစ်
    ဝရိန်နှင့်ပြု ပြင်ခြင်း၊မော်တော်ဆိုင်
    ကယ်နှင့်အင်ဂျင်အသေးစားပြန်လည်
    ပြုပြင်ခြင်း၊အခြေခံကွန်ပြူတာသင်
    တန်းစသည်တို့ဖြစ်သည်။

    “သင်တန်းဟာအခမဲ့ဖြစ်ပြီးသင်ယူလို
    သည့်မည်သူမဆိုအားလုံးအတွက်ဖွင့်
    ပေးထားတာလို့ကြားရကတည်းက
    သင်တန်းမှာရရှိမယ့်အကျိုးကျေးဇူး
    များကိုရယူဖို့ကျွန်မဆုံးဖြတ်ချက်ချခဲ့
    ပါတယ်။ဒါကြောင့်ကျွန်မအချုပ်အလုပ်
    သင်တန်းမှာတက်ဖို့စာရင်းသွင်းခဲ့ပါ
    တယ်။ကျွန်မအရည်အသွေးတိုးတက်
    ဖို့လိုအပ်တယ်လို့ကျွန်မခံစားရပါတယ်”
    ဟုဖောမူးမှအလေးအနက်ပြန်လည်
    ဖြေကြားခဲ့သည်။

    ဖောမူးသည်ယခုတွင်သင်တန်းပြီးဆုံးပြီ
    ဖြစ်ပြီးအသက်မွေးဝမ်းကြောင်းပညာ
    ရေးကော်မရှင်(OVEC)ရုံးမှပေးသောအ
    သိအမှတ်ပြုလက်မှတ်ကိုဂုဏ်ယူဝင့်
    ကြွားစွာကိုင်ဆောင်နေပြီဖြစ်သည်။

    သူမတက်ရောက်ခဲ့သောသင်တန်းတွင်
    မည်သည့်အရာကိုသူမအနှစ်သက်ဆုံး
    လဲဟုမေးမြန်းခဲ့သောအခါသူမမှ“သင်
    တန်းဆရာတွေကသင်တန်းသားတ
    ယောက်စီကိုအလွန်ပဲစိတ်ရှည်လက်
    ရှည်ရှိတာကိုနှစ်သက်ပါတယ်၊မတူညီ
    တဲ့နည်းပညာတိုင်းကိုလက်တွေ့ပြသ
    နေစဉ်မှာလည်းပဲတဆင့်ချင်းစီကိုရှင်း
    ပြပေးပါတယ်။တို့ဆီကအကြင်နာမေ
    တ္တာရောင်ပြန်ဟပ်မှုကိုကျွန်မရှင်း
    ရှင်းလင်းလင်းတွေ့မြင်ရပါတယ်။”

    “နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်
    ကျွန်မဘဝမှာသိသိသာသာကွာခြားမှု
    ရှိတယ်ဆိုတာကျွန်မသတိပြုမိပါ
    တယ်။မြန်မာနိုင်ငံမှာနေထိုင်ခဲ့တုန်း
    ကဘ၀ဟာအလွန်ကိုပဲခက်ခဲခဲ့ပါ
    တယ်။ပိုက်ဆံမရှိပဲပညာမတတ်နိုင်
    ပါဘူး၊ပြီးတော့ကျောင်းကလဲအဝေး
    ကြီးမှာပဲရှိပါတယ်”ဟုဖောမူးကမှတ်
    ချက်ချခဲ့သည်။“ဒါပေမယ့်အခုဒီစ
    ခန်းထဲမှာကျွန်မလိုအပ်တဲ့အရာတွေ
    ကိုကျွန်မရရှိနေပါပြီ..သင်တန်းသင်
    ရိုးတွေ၊အစားအစာ၊ဆေးဝါး၊ဘုရား
    ကျောင်း..အစစအရာရာပေါ့။”

    ဖောမူးကသူမ၏အနာဂတ်အစီအစဉ်
    များကိုနောက်ထပ်ပြောကြားခဲ့သည်၊
    “သင်တန်းမှာကျွန်မလက်ခံရရှိခဲ့တဲ့
    အချုပ်အလုပ်ကျွမ်းကျင်မှုများနဲ့ကျွန်
    မချုပ်လုပ်တဲ့အဝတ်ထည်စီတိုင်းဟာ
    ရရှိတဲ့မည်သူ့ကိုမဆိုမေတ္တာတရားတွေ
    ထုတ်လွှင့်ပေးနေမယ်ကျွန်မမျှော်လင့်
    ပါတယ်၊ကျွန်မအပေါင်းအသင်းမိတ်
    ဆွေတွေနဲ့ဆွေမျိုးတွေအတွက်ကျွန်
    မအဝတ်အထည်တွေချုပ်ပေးပါတယ်။
    အခုလောလောဆယ်ကျွန်မမှာအထည်
    ဆိုင်မရှိသော်လည်းမေတ္တာငတ်နေတဲ့
    သူတွေကိုမေတ္တာတရားတွေဆောင်ယူ
    လာပေးနိုင်တယ်၊မျှော်လင့်ချက်မဲ့နေ
    သူတွေကိုမျှော်လင့်ချက်တွေဆောင်
    ယူလာပေးနိုင်တုန်းပါ။ဒါဟာနည်း
    လမ်းငယ်တစ်ခုဖြစ်ပေမယ့်ပေါ့လေ။”
    မူ​ရင်း​ဌာ​န​  
    ADRA
    ဆက်​ဖတ်​ရန်​  
    http://www.adrathailand.org/news-a-updates/news-from-adra/177-heart-to-serve-others.html
  • မိသားစုစီမံကိန်းဆွေးနွေးခြင်းကို ဦးဆောင်သည့်မြန်မာနိုင်ငံကျေး လက်ဒေသရှိအမျိုးသမီး
    06 May 2015
    ဘားအံ၊ကရင်ပြည်နယ်၊မြန်မာနိုင်ငံ- လွန်ခဲ့သောသုံးနှစ်ကမြန်မာနိုင်ငံအရှေ့ ဘက်ရှိကျေးလက်တောရွာကလေးတစ် ရွာ၌အနော်သည်သူမ၏အိမ်ထဲရှိကြမ်း
    ပြင်ပေါ်၌မေ့လဲကျနေခဲ့သည်။သူမသိ လိုက်ရသည့်အခါသူမကိုယ်ဝန်ပျက်ကျ ခြင်းကြောင့်သွေးအလွန်အမင်းထွက် ခြင်းဖြစ်သည်ဟုသဘောပေါက်ခဲ့သည်။

    “ကျွန်မကိုယ်ဝန်ရှိနေတယ်ဆိုတာကို တောင်ကျွန်မမသိခဲ့ပါဘူး”ဟုအသက် (၃၆)နှစ်အရွယ်ရှိသူမမှသူမ၏အိမ်ရှေ့ ဧည့်ခန်းရှိဘုရားစင်ရှေ့တွင်ထိုင်ကာပြန်
    လည်ပြောပြခဲ့သည်။ကျွန်မဆေးရုံ ရောက်တဲ့အချိန်မှာသူတို့ကျွန်မကိုပြော ပြခဲ့တာပါ။ကျွန်မကံကောင်းလို့အသက် ရှင်တာလို့သူတို့ကပြောခဲ့ပါတယ်။”

    သူမ၏အတွေ့အကြုံများသည်အကျိုးရ လဒ်တစ်ခုအနေဖြင့်ယခုအခါအနော် သည်အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေး ကော်မတီအစီအစဉ်တွင်တစိတ်တပိုင်း
    အဖြစ်ပါဝင်နေပြီဖြစ်ပြီးထိုအစီအစဉ်မှ မြန်မာနိုင်ငံကရင်ပြည်နယ်ရှိအမျိုးသမီး ရာပေါင်းများစွာကိုကလေးမွေးဖွားခြင်း နှင့်လုံခြုံစိတ်ချစွာကိုယ်ဝန်ဆောင်နိုင်
    ခြင်းတို့တွင်ကိုယ်စားပြုဆောင်ရွက်ပေး သောသူများဖြစ်လာရန်သင်တန်းပေး သည်။ဤမိခင်များစောင့်ရှောက်ကူညီ ရေးအဖွဲ့များသည်ကျေးရွာတွင်စုရုံး၍
    ဖြစ်စေ၊တစ်အိမ်တက်ဆင်းသွားလာ၍ ဖြစ်စေ၊သားသမီးများပြားသောမိသားစု များ(သို့)အသက်အရွယ်ငယ်ရွယ်သည့် မိသားစုများတွင်ကလေးမွေးဖွားမှုလျှင်
    မြန်ဆက်တိုက်ဖြစ်နေခြင်းကိုဖြစ်စေ ၎င်းတို့၏သတင်းအချက်အလက်များ ကိုထိုသူတို့ထံဖြန့်ဝေပေးသည်။

    “အခုအခါကျွန်မတို့အလုပ်ဟာအမျိုးသ မီးများနှင့်အမျိုးသမီးငယ်လေးတွေကို ကိုယ်ဝန်မဆောင်ချင်ဘူးဆိုရင်သူတို့ ကိုယ်တိုင်ဘယ်လိုအကာအကွယ်ပြု
    လုပ်ရတယ်ဆိုတာကိုသတင်းပေးနိုင်ပါ ပြီဟုအနော်ကဆိုသည်။ပြီးတော့သူတို့ ကိုယ်ဝန်ဆောင်တဲ့အခါသူတို့လူထုအ သိုင်းအဝိုင်းမှာရရှိတဲ့ကျန်းမာရေးဝန်
    ဆောင်မှုတွေကိုကျွန်မတို့ကသူတို့ဆီ အကြောင်းကြားပါတယ်။”

    ဤဝန်ဆောင်မှုများသည်အနည်းစုသာ ရှိပြီးကြားတွင်အလှမ်းကွာဝေးမှုရှိသည်။ မြန်မာ့ကျန်းမာရေးစနစ်သည်တိုင်းရင်း သားလွတ်မြောက်ရေးအုပ်စုများနှင့်အ
    စိုးရလက်နက်ကိုင်အဖွဲ့များအကြား ဆယ်စုနှစ်ကြာတိုက်ပွဲများနှင့်လစ်လျူ ရှု့မှုများခံရပြီးနောက်ကမောက်ကမဖရို ဖရဲဖြစ်နေသည်။ကျေးလက်ဆေးရုံအ
    များစုနှင့်ဆေးပေးခန်းများတွင်ကျန်းမာ ရေးဝန်ထမ်းများအားသင်တန်းပေးမှုမ ရှိကာကိရိယာတန်ဆာပလာများမည် မည်ရရမရှိပေ။

    ရလဒ်အနေဖြင့်မြန်မာနိုင်ငံရှိမိခင်သေ ဆုံးမှုနှုန်းသည်မကြာသေးမီကကုလသ မဂ္ဂလေ့လာမှုအရနယ်မြေအလိုက် အမြင့်ဆုံးတစ်ခုဖြစ်လာသည်။

    သေဆုံးမှု(၉၀)ရာခိုင်နှုန်းနီးပါးသည် ကျေးလက်နယ်မြေများတွင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်၊ထိုနေရာများရှိခြေခံအ ဆောက်အအုံချို့တဲ့မှုသည်ဆေးပေး
    ခန်းများသို့ရောက်ရှိရန်ပိုမိုခက်ခဲစေ သည်။ကရင်ပြည်နယ်ရှိလူဦးရေလေးပုံ တစ်ပုံသည်ဆင်းရဲနွမ်းပါးသည့်အခြေ အနေစည်းအောက်တွင်ရောက်
    ရှိနေပြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု အတွက်အဆင့်အတန်းများသည်နိုင် ငံ၏အနိမ့်ဆုံးအကြားတွင်ရှိသည်။

    မြန်မာနိုင်ငံ၏အခြားသောကျေးလက် အသိုင်းအဝိုင်းများကဲ့သို့ကရင်ပြည် နယ်၌မိသားစုစီမံကိန်းသည်ရှေးရိုးစွဲ ဝါဒီအသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့်ဘာ
    သာရေးခေါင်းဆောင်များ၏ဘဝင်မကျ ခြင်းများမကြာမခဏရှိခဲ့သည်။အစိုးရ ၏ခန့်မှန်းတွက်ဆချက်အရနိုင်ငံတစ် ဝှမ်းကွန်ဒုံးသုံးစွဲခြင်းနှင့်တခြားရှေး
    ရိုးစွဲဝါဒီများသည်(၄၀)ရာခိုင်နှုန်းထက်
    လျော့နည်းသည်။ကရင်ပြည်နယ်ရှိအိမ်
    ထောင်သည်အမျိုးသမီး(၁၅)ရာခိုင်နှုန်း
    သာခေတ်မီသောမိသားစုစီမံကိန်းလုပ်
    ဆောင်မှုများကိုလက်ခံခဲ့သည်။

    “လူတွေကမိသားစုများများလိုချင်ကြ တယ်၊ဒါပေမယ့်သူတို့ကလေးအားလုံး အတွက်မကြာခဏဂရုစိုက်မပေးနိုင်ကြ ဘူးဟုမြန်မာနိုင်ငံရှိ(IRC)ညွှန်ကြားရေး
    မှူး(Ralf Thill)ကပြောသည်။ဒါဟာဆင်း ရဲတဲ့ရွာတွေကိုပိုမိုဆင်းရဲစေတာပါပဲ။

    မြန်မာနိုင်ငံကျေးလက်ဒေသများရှိအ ခြားပြဿနာမှာအသက်ငယ်ရွယ်သော မိခင်များဖြစ်သည်။အသက်(၁၈)နှစ်အ ရွယ်တွင်ကလေးသုံးယောက်ရှိခြင်း
    သည်မထူးဆန်းတော့ဟု(Thill)ကပြော သည်။

    “အသက်(၁၄)နှစ်ပဲရှိတဲ့မိခင်တွေကို တောင်ကျွန်တော်တို့တွေ့ခဲ့ပါတယ်ဟု ၎င်းမှပြောသည်။ဒီလူထုအသိုင်းအဝိုင်း မှာသတင်းအချက်အလက်ဟာအဓိက
    သော့ချက်ပါပဲ။”ကိုယ်ဝန်ဖျက်ချခြင်း သည်မြန်မာနိုင်ငံတွင်ယေဘုယျအား
    ဖြင့်တရားဝင်မဟုတ်ပေ၊ပုန်းလျှိုးကွယ် လျှိုးပြုလုပ်ခြင်း၏ရလဒ်အနေဖြင့်ဘဝ
    တွင်မကြာခဏခြိမ်းခြောက်ခံရခြင်း၊ အဆုံးသတ်ခြင်းများဖြစ်ပွားနိုင်သည်။ “ဘာကြောင့်လဲဆိုတော့သူတို့ဟာဆေး ပညာကျွမ်းကျင်မှုမရှိတဲ့သူတွေနဲ့လျှို့
    ဝှက်စွာလုပ်ဆောင်တာကိုနှစ်သက်ကြ တာမို့လို့ပါ၊သေဆုံးတာအပါအဝင်ထပ် တိုးလာတဲ့ရောဂါအများအပြားကိုကျွန် တော်တို့မြင်တွေ့ပါတယ်”ဟု(Thill)က
    ပြောသည်။

    အကူအညီပေးရန်အလို့ငှာ(IRC)ဝန် ထမ်းသည်သားလျှောသဖြင့်ထုတ်ဖော် ပြောဆိုလာသည့်အမျိုးသမီးများကို ဆေးရုံများနှင့်အထူးကျွမ်းကျင်သော
    သူများဆီသို့ပို့ဆောင်ပေးသည်။

    ရေကျော်ရွာ၌အမျိုးသမီးတစ်စုသည် ဒေသတွင်းအမျိုးသမီးကူညီစောင့် ရှောက်ရေးအဖွဲ့မှဟောပြောချက်များ ကိုနားထောင်ရန်စုစည်းနေခဲ့ကြသည်။
    ထိုအဖွဲ့ဝင်များထဲမှတစ်ယောက်ဖြစ်
    သောဒေါ်အေးသန်းသည်သန္ဓေတား
    ဆေးအမျိုးမျိုးကိုပြသနေပြီးအုပ်စု၏တ
    ရပ်စပ်မေးခွန်းများပေါ်ထွက်လာသည်။

    “ဒီဟော်မုန်းဆေးထိုးခြင်းအားဖြင့်ဘာ ဘေးထွက်ဆိုးကျိုးတွေရှိမလဲ”ဟုအမျိုး သမီးတစ်ဦးကမေးသည်။

    “တကယ်လို့(IUD)ကိုကြာကြာထည့်ထား ရင်အဲ့ဒါကအန္တရယ်ရှိနိုင်မလား” ဟုနောက်ထပ်တစ်ဦးကတောင်းဆို သည်။သူမအလုပ်လုပ်သည့်ရွာတွင်
    မျိုးပွားမှုဇီဝဗေဒအကြောင်းမသိရှိမှုအ များအပြားရှိနေသေးသည်ဟုပြောပြ သည်။

    “အမျိုးသမီးတွေဟာသေချာတဲ့သန္ဓေ တားဆေးကိုတခါမှမကြားဖူးကြပါဘူး၊ တချို့တွေကအသက်(၄၀)နောက်ပိုင်း ကိုယ်ဝန်ဆောင်တာမဖြစ်နိုင်ဘူးလို့
    ထင်ကြတယ်၊ဒါကြောင့်သူတို့ကိုယ်သူ တို့အကာအကွယ်လုပ်တာကိုရပ်လိုက် ကြတယ်”ဟုသူမကဆိုသည်။

    ဆွေးနွေးမှုတွင်ကြုံတောင့်ကြုံခဲဖြစ်
    သည့်အများနှင့်ဆိုင်သည့်တခြား
    ပြဿနာတစ်ခုမှာသားအိမ်ကျွံခြင်း
    ဖြစ်သည်ဟုကလေးတစ်ယောက်ပြီး
    တစ်ယောက်မွေးခြင်းနှင့်အလေးအ
    ပင်အလွန်အကျွံမခြင်းတို့ဖြစ်ပြီးသည့်
    နောက်ပိုင်းတွင်ဝမ်းဗိုက်သည်ပုံမှန်
    အနေအထားမှလျှောကျနေခြင်းကို
    ရည်ညွန်းကာဒေါ်အေးသန်းကပြောဆို လိုက်သည်။

    “ဒီအကြောင်းအရာကိုမကြာခဏမပြော အပ်ဘူးလို့တားမြစ်ထားပါတယ်၊ဒါပေ
    မယ့်ဒါတွဟာအရမ်းကိုအရေးကြီးပါတယ် ဟုသူမကဆိုသည်။တစ်ယောက်
    ယောက်ကအဖြေတွေကိုဖြေပေးမှာပါ”။

    *အမျိုးသမီး၏ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးရန်အတွက်အမည်များကို လွှဲပြောင်းထားသည်။

    မူ​ရင်း​ဌာ​န​  
    IRC
    ဆက်​ဖတ်​ရန်​  
    http://www.rescue.org/blog/women-rural-Myanmar-lead-conversation-family-planning
  • မွေးစာရင်းမှတ်ပုံတင်ခြင်းသည် ဒုက္ခသည်ကလေးများ၏​ဘဝအ တွက်အစကောင်းတစ်ရပ်
    09 Oct 2013
    လွန်ခဲ့သည်၂၀၁၀ခုနှစ်စက်တင်ဘာလ တွင်ထိုင်းနိုင်ငံပြင်သူမှတ်ပုံတင်ခြင်း လှုပ်ရှားမှုဆောင်ရွက်ပြီးသည့်နောက် ပိုင်းဥပဒေပြု​ ပြ​င်ပြောင်းလဲပြီးသည့် နောက်ပိုင်းနိုင်ငံအတွင်း၌မွေးဖွားသော ကလေးများအားလုံးမိဘများကထိုင်း နိုင်ငံသားများမဟုတ်သော်လည်းက လေးမွေးခြင်းစာရင်းသွင်းရန်အတွက် ခွင့်ပြုခဲ့ပြီးအရေးကြီးသောအဆင့်ကဒု က္ခသည်မျိုးဆက်သစ်ကလေးများနိုင်ငံ မဲ့သူဖြစ်ရခြင်းမှကာကွယ်ရန်ဖြစ်သည်။ လတ်တလောတွင်ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းကိုးခု​ရှိကလေး ၈၂၇၉ ယောက်​အားမွေးစာရင်းထောက်ခံစာကို ရရှိခဲ့ပါသည်။၎င်းအခွင့်အရေးကိုပျော် ရွှင်နိုင်ရန်အတွက်ကျန်ရှိနေသေးသော စခန်းအတွင်း၌မွေးဖွားသည့်ကလေး တော်တော်များများကထိုင်းခရိုင်အာ ဏာပိုင်များအနေဖြင့့််ဒုက္ခသည်များ ဆိုင်ရာကုလသမဂ္ဂမဟမင်းကြီးရုံးက လွန်ခဲ့သည့်နှစ်အတွင်းစတင်တင်ပြ ခဲ့ပါသည်။
    မူ​ရင်း​ဌာ​န​  
    UNHCR
    ဆက်​ဖတ်​ရန်​  
    http://www.unhcr.org/50604a959.html
  • ACTED's အသက်မွေးဝမ်း ကြောင်းသင်တန်းကျောင်းမှ အောင်မြင်လာသော ၈၈ မြန်မာဒုက္ခသည်များ
    04 Oct 2013
    ၂၀၁၃ ခုနှစ်နှစ်စောပိုင်းကတည်းက ACTEDသည်ထိုင်း-မြန်မာနယ်စပ်ရှိ စခန်းနှစ်ခုအတွင်းတွင်အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှရွေ့ပြောင်းလူငယ်များအား အသက်မွေးဝမ်းကြောင်းနှင့်အခြေခံဘ ဝအရည်အချင်းရှိရန်နှင့်နောက်ဆုံး၌ မိမိနိုင်​ငံသို့ပြန်မည့်အချိန်အတွက်ကြို တင်ပြင်ဆင်ထားခြင်းဖြစ်သည်။အသက် မွေးဝမ်းကြောင်းသင်တန်းတွင်အဓိက တင်ပြတောင်းဆိုလာသောအလုပ်(၁၀) ခုဖြစ်သည့်ဟိုတယ်မာနီဂျာ၊ရုံးမာနီဂျာ၊ စက်ချုပ်၊အပ်ချုပ်၊ဆံပင်ပုံသွင်း၊အလှ ပြင်ခြင်း၊မော်တော်ဆိုင်ကယ်ပြင်ခြင်း၊ စားဖိုမှူး၊စားပွဲထိုးနှင့်အခြားတို့ဖြစ် သည်။သင်တန်းတွင်ပုံစံထုတ်ဖေါ်ရန် သေချာစေပြီးမြန်မာဒုက္ခသည်များ၏ စိတ်ဝင်စားမှုနှင့်ကိုက်ညီစေသောမြန် မာအလုပ်သမားဈေးကွက်ဖြစ်ရမည်။

    ACTEDသည်မဲ့ဟောင်ဆောင်ရှိနဝမင်း တြာချင်း(Nawamintrachine)စက်မှု လုပ်ငန်းနှင့်လူမှုအသိုင်း​ဝိုင်းပညာရေး ကောလိပ်နှင့်ကရင်နီပညာရေးအဖွဲ့အ
    သက်မွေးဝမ်းကြောင်းသင်တန်းနှင့် ကျောင်းပြင်ပပညာရေးစနစ်စာသင် ခြင်းအရည်အသွင်းရှိစေရန်နှင့်နိုင်ငံ တကာသင်ရိုးညွန်းတန်းနှင့်အညီ TVETစံနှုန်းအတိုင်းဖြစ်သည်။
    သင်တန်းပထမအဖွဲ့ဖြစ်သော(၁၅၀)နာ ရီအသက်မွေးဝမ်းကြောင်းသင်တန်းနှင့် (၇၅)နာရီဘဝအရည်အချင်းတိုးတက် ရေးသင်တန်းကို ပြီးမြောက်လာသူ(၈၈)
    ကျောင်းသူကျောင်းသားများဖြစ်ကြ သည်။

    ယ္ခုသူတို့၏​အရည်အချင်းပိုမိုတိုးတက် ရန်အတွက်(၆-၈)ပတ်အတွင်းထိုင်းနှင့် မြန်မာနိုင်ငံတွင်ရှိသောပုဂ္ဂလိကပိုင်လုပ်​ ငန်းတွင်လက်တွေ့ပြန်လည်အသုံးချနေ ဆဲဖြစ်သည်။

    ACTEDလာမည့်​၂နှစ်အတွင်းမြန်မာဒု က္ခသည်လူငယ်(၁၁၀၀)ယောက်အား နည်းပညာအသက်မွေးဝမ်းကြောင်းပ ညာရေးကိုဆက်လက်ပို့ချရန်ရည်ရွယ် ထားသည်။ဤစီမံကိန်းသည်ဥရောပအ သင်းမှကူညီထောက်ပံ့ခဲ့သည်။
    မူ​ရင်း​ဌာ​န​  
    ACTED
    ဆက်​ဖတ်​ရန်​  
    http://www.acted.org/en/88-myanmar-refugees-graduate-vocational-training-courses
  • ဝင်ငွေရရှိရန်အတွက်စိုက်ပျိုးရေးလှုပ်​ရှား​မှု​များ(AAIG)
    19 Sep 2013
    ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာ မင်းကြီးရုံး၏ဆောင်ရွက်မှုအရ(ZOA) ကထိုင်းနိုင်ငံတွင်နေထိုင်သောဒုက္ခ သည် ၅၀၀ ယောက်နှင့်ထိုင်းမြန်မာနယ်
    စပ်ရှိထိုင်း​ရွာသားတို့အားဝင်ငွေရရှိရန် အတွက်ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သည့်နေရာ များအားမယ်လနှင့်အုန်းပြန်မိုင်စခန်း ကတပ်ခ်ခရိုင်အတွင်းတွင်ဖြစ်သ​ည်။ (AAIG)၏ဒီမံကိန်းသည်သဘာဝစိုက် ပျိုးရေးနှင့်သားငါးရရှိနိုင်သောတိရစ္ဆာန် မွေး​မြူရေးများအပါအဝင်​၊ဒုက္ခသည်များ တတ်ကျွမ်းထားသောလက်မှုပညာများ ဖြင့်အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုရန်မျှော်လင့်ချက်ဖြင့်ပြင်​ပ ထောက်ပံ့ကူညီမှုမှီခိုရေးလျှောက်နည်း စေရန်အတွက်ဖြစ်သည်။

    မူ​ရင်း​ဌာ​န​  
    ZOA
    ဆက်​ဖတ်​ရန်​  
    http://www.zoa-international.com/content/resultaten-7
  • နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC)ဥပဒေအထောက်အကူပြုဌာန(LAC)
    19 Sep 2013
    နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)ဥပဒေအထောက်အကူပြုဌာန (LAC)ဥပဒေအထောက်အကူပြုဌာန၏​ စီမံ​ကိန်း​သ​ည်မြန်မာဒုက္ခသည်များဥပ
    ဒေစိုးမိုးမှုနှင့်တရားမျှတမှုများကိုရရှိရန် အတွက်အထောက်အကူပြုပါ​သည်။

    ၂၀၀၇ခုနှစ်၌စခန်း(၅)ခု​ဖြစ်သောမယ် လ၊အုံးဖြန်၊​နို​ဖိုး၊ဘန့်မိုင်နိုင်းစွယ်နှင့် ဘန့်မဲ့​စူရီးတို့တွင်ဥပဒေအထောက်အ ကူပြုဌာနကစတင်ထူထောင်ခဲ့သည်။

    ယ္ခုလက်ရှိထောက်ပံ့ကူညီပေးမှုများ ကြောင့်အကျိုးခံစားနေရသည့်ဒုက္ခ သည်ခန့်မှန်းချေအားလုံး၁၀၀ ၀၀၀ ယောက်ရှိမည်ဖြစ်သည်။အဖွဲ့​အ​စည်း​
    သည်စခန်းနှင့်ထိုင်းအာဏာပိုင်များ စွမ်း​ရည်မြှင့်တင်နိုင်ရေးတွင်ပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းအားပေးခြင်း၊ ပဒေဆိုင်ရာအကြောင်းအရာများကိုပိုမို
    နားလည်သဘောပေါက်ခြင်း၊ဒုက္ခသည် များ၏အခွင့်အ​ရေးများကိုရရှိရန်နှင့် ဥပေဒစောင့်ရှောက်မှုများကိုရရှိရန်ကူ ညီပေးသည်။ဥပဒေအထောက်အကူပြု
    ဌာန၏စီမံ​ကိန်း​သည်(IRC)နှင့် (UNHCR)တို့အတူတကွပူးပေါင်းလုပ် ဆောင်ပြီးတော်ဝင်ထိုင်းအစိုးရ(RTG)၊ ထိုင်းလူထုအသိုင်းအဝိုင်း(Thai civic
    society)၊ဒုက္ခသည်ဦးစီးခေါင်းဆောင်မှု များနှင့်လူထုအခြေခံအဖွဲ့အစည်းများပါ ဝင်ပူးပေါင်းဆောင်ရွက် ကြသည်။LAC သည်ထိုင်းနိုင်ငံအတွင်းရှိဒုက္ခသည်များ
    တရားမျှတမှုပိုမိုကောင်း​မွန်စေရန်အ တွက်လုပ်ဆောင်ရသည်များမှာ-ဥပဒေ အကြံအဥဏ်ပေးခြင်း​နှင့်ဒုက္ခသည်များ ပိုမိုကူညီပေးခြင်း။ - ဥပဒေစံနှုန်းနှင့်
    သက်ဆိုင်သောအကြောင်းအရာများနှင့် သင်တန်းပေးခြင်း။
    - ဒုက္ခသည်များနှင့်စခန်းခေါင်းဆောင် များအတွက်နည်းပညာနှင့်စွမ်းရည်မြှင့် တင်ပေးရေးကိုပံ့ပိုးကူညီပေးခြင်း။
    - ထိုင်းနိုင်ငံအတွင်းနေထိုင်သောဒုက္ခ သည်များအားတရားမျှတမှုရရှိစေရန်အ တွက်ထိုင်းတရားမျှတမှုနှ​င့်​အခြားသော အာဏာပိုင်များနှင့်အခြားသောလူမှုအ
    ဖွဲ့အစည်းများပူးပေါင်းပါဝင်မှုရှိရမည်။
    - မိမိဆန္ဒအရနေရပ်ရင်းပြန်ခြင်းနှင့် ပတ်သက်သောအသိပညာများနှင့်အ တတ်ပညာများသို့မဟုတ်ဥပဒေဆိုင်ရာ အခြေခံသဘောတရားများ၊အခြေခံလူ့
    အခွင့်အရေးများ၊လူထုပညာရေး၊ ကောင်းသောစီမံခန့်ခွဲမှုများ၊ညှိနှုင်း တိုင်ပင်မှုနည်းစနစ်များ၊တရားမျှတမှု ပြန်လည်သင့်မြစေရေးထို့နည်းတူမြန်
    မာနိုင်ငံအတွင်းအခြေခံဥပဒေပြန် လည်ပြဌာန်းခြင်းစနစ်တို့ဖြစ်သည်။
    မူ​ရင်း​ဌာ​န​  
    IRC
    ဆက်​ဖတ်​ရန်​  
    http://www.rescue.org/irc-thailand
  • တိုးတက်ဖွံ့ဖြိုးမှုနှင့်သက်သာစေ ခြင်းအဖွဲ့(ADRA)
    05 Sep 2013
    ADRAသည်ကမ္ဘာ့လူသားအကျိုးဆောင် အဖွဲ့အစည်းဖြစ်သည်ခရစ်တော်၏ နောက်တဖန်ပြန်ကြွလာမည်ကိုစောင့် မျှော်နေသည့်တ္တမနေ့ခရစ်ယာန်အ
    သင်းဖြစ်ပြီးဆင်းရဲသားများအတွက်နှင့် အပေါင်းလက္ခဏာသို့ပြောင်းလဲခြင်းနှင့် ဦးစီးခေါင်းဆောင်မှုနှင့်တာဝန်ယူမှုကို မြှင့်တင်ပေးသောအဖွဲ့အစည်းဖြစ်သည်။
    ADRA၏မြန်မာဒုက္ခသည်များအတွက် ပေးသောအသက်မွေးဝမ်းကြောင်းအ တတ်ပညာသင်တန်းအားမိမိကိုယ်ကို ပိုပြီး​ယုံ​ကြည်နိုင်အောင်ပံ့ပိုးပေးခြင်းနှင့်
    ထိုင်းမြန်မာနယ်စပ်ရှိယာယီစခန်းကိုးခု အတွင်းနေထိုင်သူများဘဝအရည်အ ချင်းပိုမိုကောင်းစေရန်ဖြစ်သည်။
    (VTRM)သည်စခန်းအတွင်းရှိအဖွဲ့အ စည်းများနှင့်နီးကပ်စွာဆောင်​ရွက်​ပြီး အသက်မွေးဝမ်းကြောင်းသင်တန်းပေး သည်။ယာယီစခန်းကိုးခုစလုံး၏
    (VTRM)၏သင်ရိုးများသည်သင်တန်း ဆရာများနှင့်စခန်းကော်မတီလုပ်ဖော် ကိုင်ဖက်များမှဆောင်ရွက်လျက်ရှိ သည်။သင်တန်းဆရာ​များ၏အရည်
    အချင်းကိုမြင့်​တင်စေခြင်းကြောင့်ဖြစ် သည်။

    ထိုင်းနိုင်ငံအတွင်းရှိADRAသည်ထိုင်း အသက်မွေးဝမ်းကြောင်းကောလိပ် ကျောင်းနှင့်ပူးပေါင်းပြီးသင်တန်းဆရာ များကိုသင်တန်းပေးခြင်း(ToT)ဖြစ် သည်။

    သင်တန်း၏သင်ရိုးအားလုံးသည်စခန်း ထဲရှိအထောက်အကူပြုကိရိယာများရှိ သည့်အဆောက်အဦးထဲတွင်ကျင်းပ လျက်ရှိသည်။စခန်းထဲရှိအခြေခံလူမှုအ
    သိုင်းအ​ဝိုင်း​များ​နှင့်နီးကပ်စွာဆောင် ရွက်ပြီးVTအဆောက်အဦးများထိန်း သိမ်းစောင့်ရှောက်မှုများကိုသေချာစေ ပြီးနှင့်ပစ္စည်းများနှင့်ကိရိယာများကိုလို
    အပ်သလိုဆောင်ရွက်ပေးလျက်ရှိသည်။
    မူ​ရင်း​ဌာ​န​  
    ADRA Thailand
    ဆက်​ဖတ်​ရန်​  
    www.adrathailand.org




လတ်​တ​လော​တွင်​ထိုင်း​မြန်​မာ​နယ်​​စပ်​ရှိ​ယာ​ယီ​ခို​လုံ​ရန်​နေ​ရာ(၉)ခု​အ​တွင်း​ တွင်​ဒုက္ခ​သည်​များ​.....​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။​မြန်​မာ​နိုင်​ငံ​အ​ခြေ​အ​နေ​ ပြောင်း​လဲ​မှု​သည်​​ဒုက္ခ​သည်များ​​နှင့်​​ဒုက္ခ​သည်များ​​အ​တွက်အ​လုပ်​လုပ်​နေ​ သူ​များ​ပါ​​အ​ရေး​ပါ​သော​စိန်​ခေါ်​မှု​တ​ရပ်​ဖြစ်​သည်။​
ဒုက္ခ​သည်​များ​
လွန်​ခဲ့​သော​ ၁၉၈၄ ခု​နှစ်​မှ​စ​၍​​မြန်​မာ​နိုင်​ငံ​​တွင်း​​အ​ကြမ်း​ဖက်​မှု​များ​အောက်​မှ​​​ထွ​က်​ပြေး​ပြီး​လုံ​ခြုံ​မှု​တ​စုံ​တ​ရာ​တောင်း​ဆို​လာ​သူ​လူ​ဦး​ရေ​ ၂၂၀ ၀၀၀ ကျော်​ရှိ​ခဲ့​ပါ​သည်။​
ထိုင်း​နိုင်​ငံ​ခ​ရိုင်​စစ်​ဆေး​ရေး​ဘုတ်​ကော်​မ​တီ(Provincial Admissions Board) ​ထံ​သို့ယ​​နေ့​အ​ထိ​ခို​လှုံ​​ခွင့်​တောင်း​​ဆို​လာ​သူ​တင်​ပြ​လာ​သော​ဒုက္ခ​သည်​ဦး​ရေ​ ၁၀၂၀၀၀ ကျော်​​အား​ထိုင်း​ပြည်​ထဲ​ရေး​ဌာ​န (Ministry of Interior) ​နှင့်​ဒုက္ခ​သည်​များ​ဆိုင်​ရာ​ကု​လ​သ​မ​​ဂ္ဂ​မ​ဟာ​မင်း​ကြီး​ရုံး​(UNHCR)တို့​မှ​​မှတ်​ပုံ​တင်​ထား​ခဲ့​ပါ​သည်။​
အ​စား​အ​စာ​များ၊​ နေ​ထိုင်​ရန်​နေ​ရာ​များ၊​ ကျန်း​မာ​ရေး​နှင့်​ပ​ညာ​ရေး​အ​ရ​ထောက်​ပံ့​မှု​များ​ရ​ရှိ​သော​စ​ခန်း​ကိုး​ခု​အ​တွင်း​တွင်​မှတ်​ပုံ​တင်​ထား​သူ​နှင့်​မှတ်​ပုံ​မ​တင်​ထား​သူ​အ​ပါ​အ​​ဝင်​ခန့်​မှန်း​​ချေ​လူ​ဦး​ရေ​ ၁၂၈၀၀၀ ယောက်​ရှိ​ပါ​သည်။​
၂၀၁၁ ခု​နှစ်​မတ်​လ​တွင်​ပြည်​သူ့​အ​စိုး​ရ​ဖွဲ့​စည်း​တည်​ထောင်​လာ​ပြီး​နောက်​ပိုင်း​မြန်​​မာ​နိုင်​ငံ​အ​ခြေ​အ​နေ​အား​လျင်​မြန်​စွာ​ပြောင်း​လဲ​လာ​ခဲ့​ပါ​သည်။​
ထိုင်း​နိုင်​ငံ​ရှိ​ယာ​ယီ​စ​ခန်း​
ဘန့်​မဲ့​နိုင်း​စွယ်​
9,915
ဘန့်​မဲ့​စူ​ရီး​
2,388
မဲ့​ရ​မတ်​လွမ်​
11,007
မယ်​လ​
37,217
မယ်​လ​အူး​
9,851
အုန်း​ဖြန်​
11,946
နို့​ဖိုး​
11,083
ဘန့်​ဒွန်​ယန်း​
2,777
​ထမ့်​ဟင်
6,228
ထိုင်း​နိုင်​ငံ​