မြန်မာ့ရွေးကောက်ပွဲကော်မရှင်မှမဲဆန္ဒရှင်စာရင်းစတင်ပြု​ စု​

...

မြန်မာ့ရွေးကောက်ပွဲကော်မရှင်မှမဲဆန္ဒရှင်စာရင်းစတင်ပြု​ စု​

Irrawaddy News, 01 Jul 2014

URL: http://www.irrawaddy.org/burma/burma-election-commission-begins-compiling-voter-lists.html
မြန်မာနိုင်ငံ၏ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှမဲဆန္ဒရှင်စာရင်းများကောက်ယူပြုစုခြင်းကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင်မဲရွေးခံရန်အတွက်မည်သူကသင့်တော်မှုရှိသည်ဆိုသည် ကိုဆုံးဖြတ်မည်ဖြစ်သည်။

စာရင်းမကောက်ယူမီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရန်ကုန်တိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ရှိမြို့နယ်သုံးမြို့နယ်တွင်စမ်းသပ်စီမံကိန်းနေဖြင့်သင့်တော်သော်မဲဆန္ဒရှင်များစာရင်းကိုပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လတွင်ပြီးဆုံးမည်ဖြစ်သည်။

၎င်းတို့မှခွဲခြားသတ်မှတ်မှုများပြုလုပ်ရန်အတွက်မြို့နယ်သုံးမြို့နယ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းUECမှညွှန်ကြားရေးမှူးဖြစ်သူဦးသောင်းလှိုင်၏ပြောကြားချက်အရသိရသည်။လူဦးရေအလွန်ထူထပ်သောရန်ကုန်တိုင်းအလုံ မြို့နယ်သည်ပထမနေရာအဖြင့်၊ဒုတိယနေရာမှာချင်းပြည်နယ်တီးတိန်မြို့နယ်ဖြစ်ပြီးဝေးလံသည့်နေရာတွင်ရှိသောတတိယမြို့နယ်မှာကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ဖြစ်ပြီးစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တို့အကြားတိုက်ပွဲဖြစ်သောကြောင့်နေရပ်စွန့်ခွာထွက်ပြေးသူများနေထိုင်ရာနေရာဖြစ်သည်။

ကွဲပြားတဲ့အခြေအနေတွေနဲ့ဒီမြို့နယ်သုံးမြို့နယ်မှာဆက်လက်ကောက်ယူခြင်းအားဖြင့်ပြည်လုံးကျွတ်ကောက်ယူတဲ့အခါမှာဘယ်လိုစီမံခန့်ခွဲမှုကောင်းကောင်းလုပ်မယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်ဟုဦသောင်းလှိုင် မှဧရာဝတီသို့ပြောခဲ့သည်။

အရပ်သားလူမှုအဖွဲ့အစည်း(၂၅)ဖွဲ့မှလည်းမဲဆန္ဒရှင်များကိုပညာပေးခြင်းများနှင့်စောင့်ကြည့်စစ်ဆေးခြင်းများအပါအဝင်စာရင်းကောက်ယူပြုစုခြင်းများကိုအကူအညီပေးနေပြီဖြစ်သည်။ရပ်ကွက်စီမံခန့်ခွဲမှုများနှင့်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏အမျိုးသားမှတ်ပုံတင်ဌာနနှင့်အတူခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်များမှလည်းပါဝင်ကြသည်။

မဲဆန္ဒရှင်စာရင်းတွင်ရပ်ကွက်လူဦးရေစာရင်းနှင့်အိမ်ထောင်စုစာရင်းတွင်ပါရှိသည့်အနည်းဆုံးအသက်(၁၈)ရှစ်နှစ်ရှိသည့်နိုင်ငံသားမဆိုပါဝင်နိုင်သည်ဟုဦးသောင်းလှိုင်မှပြောကြားခဲ့သည်။လူထုအဖွဲ့ဝင်များမှ၎င်းတို့မှားယွင်း စွာပယ်ထုတ်ခံရသည်ဟုယုံကြည်လျှင်အယူခံဝင်နိုင်ကြောင်း၎င်းမှပြောကြားခဲ့သည်။

“စာရင်းတွင်လူတစ်ဦးတည်းမှနှစ်ကြိမ်မထည့်သွင်းနိုင်ဖို့အတွက်မဲဆန္ဒရှင်အချက်အလက်စာရင်းကိုကျွန်တော်တို့ကွန်ပျူတာထဲထည့်သွင်းထားမှာပါ”ဟု၎င်းမှပြောကြားခဲ့သည်။“နောင်ကျရင်ကျွန်တော်တို့သတင်းအချက်အလက် တွေကိုဝက်ဆိုဒ်မှာတင်မှာဖြစ်ပြီးမည်သူမဆိုမဲဆန္ဒနယ်တခုချင်းစီရဲ့မဲဆန္ဒရှင်စာရင်းကိုဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်။”

ပြည်လုံးကျွတ်စာရင်းကောက်ယူခြင်းကိုလာမည့်နှစ်အစောပိုင်းမှာစတင်မည်ဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

“ကျွန်တော်တို့လက်ကမ်းစာစောင်တွေကိုချင်းပြည်နယ်တီးတိန်နဲ့ကချင်ပြည်နယ်၊မြစ်ကြီးနားတွေမှာဖြန့်ဝေတဲ့အခါကျရင်သူတို့ရဲ့ဘာသာစကားကိုကျွန်တော်တို့အသုံးပြုသွားမှာပါ”ဟုသူမှဧရာဝတီသို့ပြောခဲ့သည်။

မဲဆန္ဒရှင်စာရင်းထည့်သွင်းပါဝင်မှုဟာရွေးကောက်ပွဲအတွက်အရေးအကြီးဆုံးပါပဲ။တကယ်လို့တစ်ဦးတစ်ယောက်ကိုမထည့်သွင်းခဲ့မိဘူးဆိုရင်သူဟာရွေးကောက်မခံရတော့ပဲမညီမျှမှုတွေဖြစ်လာနိုင်ပါတယ်”ဟုပြောခဲ့သည်။