မြန်မာ့လွှတ်တော်မှဝန်ကြီး(၁၈)ဦးကိုအတည်ပြု

...

မြန်မာ့လွှတ်တော်မှဝန်ကြီး(၁၈)ဦးကိုအတည်ပြု

Xinhau News, 24 Mar 2016

URL: http://news.xinhuanet.com/english/2016-03/24/c_135219418.htm
အစိုးရဝန်ကြီးဌာန(၂၁)ခုတွင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက်သမ္မတဦးထင်ကျော်တင်သွင်းသည့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အဆိုပြုခံရသူ(၁၈)ဦးကိုကြာသာပတေးနေ့၌မြန်မာ့ပြည်ထောင်စုလွှတ်တော်တွင်အတည်ပြုလိုက်သည်။

ဝန်ကြီးအမည်စာရင်းမှာ-ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံခြားရေးရာဝန်ကြီး၊ပညာရေးဝန်ကြီး၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊သမ္မတရုံးဝန်ကြီး)၊ဦးသူရအောင်ကို(ယဉ်ကျေးမှုနှင့်သာသနာရေးရာဝန်ကြီး)၊ဦးအောင်သူ(စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး)၊ဦးခင်မောင်ချို(စက်မှုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)၊ဒေါက်တာမြင့်ထွေး(ကျန်းမာရေးဝန်ကြီး) ၊ဦးနိုင်သက်လွင်(တိုင်းရင်းသားရေးရာဝန်ကြီး) ၊ဦးအုန်းမောင်(ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး)၊ဦးအုန်းဝင်း(သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး)၊ ဦးဖေမြင့်(ပြန်ကြားရေးဝန်ကြီး)၊ဦးသန်းမြင့်(စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)ဦးသန့်စင်မောင်(ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး)၊ဦးသိန်းဆွေ(အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး)၊ ဦးဝင်းခိုင်(ဆောက်လုပ်ရေးဝန်ကြီး)၊ဦးဝင်းမြတ်အေး(လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး)၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ(ပြည်ထဲရေးဝန်ကြီး)၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း(ကာကွယ်ရေးဝန်ကြီး)၊ နှင့်ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်(နယ်စပ်ရေးရာဝန်ကြီး)စသည်
တို့ဖြစ်သည်။