မြန်မာ့လက်နက်ကိုင်အဖွဲ့များမှ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူအသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေး

...

မြန်မာ့လက်နက်ကိုင်အဖွဲ့များမှ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူအသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေး

Radio Free Asia, 05 May 2016

URL: http://www.rfa.org/english/news/myanmar/myanmar-armed-ethnic-groups-talk-peace-wtih-governments-new-mediator-05052016161519.html
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူ ကိုယ်စားလှယ်သစ်တစ်ဦးနှင့်
အတူငြိမ်းချမ်းရေးအား မည်သို့မည်ပုံ တိုးတက်အောင်ပြုလုပ်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ
(UPDJC)အားမည်သို့ပြန်လည်ဖွဲ့စည်းမည်ဆိုသည်ကို လာမည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မစတင်မီ​ ဆွေးနွေးရန်အတွက်
ဗုဒ္ဓဟူးနေ့၌ရန်ကုန်မြို့တွင်အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုအစည်းဝေးတက်ရောက်ခဲ့သည့် တိုင်းရင်းသားအဖွဲ့မှ
ခေါင်းဆောင်တစ်ဦးကပြောကြားခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလတွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့များ
မှကိုယ်စားလှယ်များသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍၎င်းတို့၏ရပ်တည်ချက်များကိုဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ဒေါက်တာတင်မျိုးဝင်းနဲ့အလွတ်သဘောအစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ဒေါက်တာတင်မျိုးဝင်းကလည်း
အလွတ်သဘောလာရောက်တွေ့ဆုံခဲ့ပါတယ် ” ဟု ၎င်းက RFA မြန်မာပိုင်းသို့ပြောခဲ့သည်။

UPDJCအားငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ရာတွင်အခြေအနေတန်းတူညီတူပေးရန်၎င်းတို့ကဒေါက်တာတင်မျိုးဝင်းအားအ
ဆိုပြုခဲ့သည်ဟု၎င်းကပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးရန်အတွက် NLDမှတရားဝင်အစည်းအဝေးတစ်ခုကိုနေပြည်တော်၌မေလ(၁၀)ရက်နေ့
တွင်မစတင်မီ၎င်းတို့မှနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံလိပ်မူ၍စာတစ်စောင်အားဒေါက်တာတင်မျိုးဝင်းထံ
ပေးအပ်ခဲ့သည်။