တနင်္သာရီတိုင်းတွင် သတ္တုတွင်း အလွန်အကျွံ တူးဖော်မှုများအား စည်းကမ်းတင်းကြပ်

Myanmar Times, 17 Aug 2016
URL: http://www.mmtimes.com/index.php/business/22005-tanintharyi-tightens-mining-oversight.html
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊တနင်္သာရီဒေသကြီးတွင် သတ္တုတွင်းများတူးဖော်ရာ၌သဘာဝပတ်ဝန်းကျင်စိုးရိမ်စရာအခြေအနေများနှင့်
အငြင်း ပွားဖွယ်ရာများကိုဖြေရှင်းပြီးသည့်တိုင်ေဒသကြီးတွင်မည်သည့်သတ္တုတွင်းတူးဖော်ခွင့်လိုင်စင်ကိုမဆိုချထားပေးတော့မည်မ
ဟုတ်ကြောင်းဒေသကြီးအစိုးရကပြောကြားခဲ့သည်။
တနင်္သာရီဒေသကြီးရှိ သတ္တုတွင်းတူးဖော်သည့်စီမံကိန်းအရေအတွက်တော်များများအား ဒေသတွင်းနေထိုင်သူများမှသတ္တုတွင်းတူးဖော်
သူများကြောင့် လေထုညစ်ညမ်းမှုများနှင့်၎င်းတို့၏လယ်ယာမြေများပျက်စီးရခြင်းကြောင့် ၎င်းတို့အား ကြာမြင့်စွာကပင်ဆန့်ကျင့်ကန့်
ကွက်နေခဲ့ကြသည်။
သတ္တုတွင်းတူးဖော်ခြင်းစစ်ဆေးရေးအဖွဲ့ကို ခေါင်းဆောင်သည့် တနင်္သာရီတိုင်းသံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်
ကြီးဖြစ်သူဦးမြင့်မောင်က အချို့ကုမ္ပဏီများသည် ၎င်းတို့စာချုပ်ပါစည်းမျဉ်းစည်းကမ်းများကိုဖောက်ဖျက်နေကြကြောင်း၊ သတ္တုတွင်းဥ
ပဒေများကို ဆန့်ကျင်လုပ်ကိုင်နေကြပြီး သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေမှုများဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။
ချမှတ်ထားသော စည်းကမ်းဥပဒေများကို ထိုကုမ္ပဏီများမှ စတင်လုပ်ကိုင်လာသည့်တိုင်အောင် ၎င်းတို့ကို လိုင်စင်သက်တမ်းတိုးပေးဖို့
အလွန်ခက်မည်ဖြစ်ကြောင်း ဦးမြင့်မောင်ကပြောခဲ့သည်။ ထို့ပြင် လက်ရှိသတ္တုတွင်းတူးဖော်နေသည့်သူများမှ ၎င်းတို့လုပ်ဆောင်မှုများ
ကို ရှင်းရှင်းလင်းလင်းလုပ်ကိုင်ပြီးသည့်တိုင်အောင် သတ္တုတွင်းလုပ်ကိုင်မှုအသစ်များအတွက် မည်သည့်ထောက်ခံစာသစ်ကိုမှဒေသကြီး
အစိုးရက လက်မှတ်ထိုးပေးတော့မည်မဟုတ်ပေ။
“ကျွန်တော်တို့ ရင်းနှီးမြှပ်နှံမှုတွေ ရရှိချင်ပါတယ်၊ ဒါဟာဒေသကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအရေးကြီးတယ်ဆိုတာကျွန်တော်တို့သိ
တာပေါ့ ” ဟု သူကပြောခဲ့သည်။ “ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတစ်ခုတည်းအတွက်သာအာရုံစိုက်လုပ်
ကိုင်ရုံသာမပဲ ဒေသကြီးက သတ္တုတွင်းတူးဖော်လုပ်ကိုင်မှုအားလုံးကပါ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့်သူတို့ရဲ့အကျိုးသက်ရောက်မှု
တွေကိုတတ်နိုင်သလောက်လျော့ချရမှာပါ ” ဟုသူကပြောခဲ့သည်။
စီးပွားရေးလုပ်ရန်အတွက် သတ္တုတွင်းတူးကုမ္ပဏီ(၁၀)ခုကျော်က ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ယခုအချိန်တွင်မူ ဒေသကြီးအစိုးရက
၎င်းတို့အတွက် မည်သည့်ထောက်ခံစာကိုမှ ပေးတော့မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုသို့ထုတ်ပေးမည့်အစား စက်မှုလုပ်ငန်းများ၌ အချိန်ကြာမြင့်စွာကပင်ရှိနေခဲ့သည့် ဖြေရှင်းရမည့် အကြောင်းကိစ္စများအပေါ်အာရုံစိုက်
လုပ်ဆောင်သွားမည်ဖြစ်သည်။