ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတိုးလာမှုကြောင့် မွန်ပြည်နယ်ဘတ်ဂျက်သုံးဆတိုးလာ

...

ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတိုးလာမှုကြောင့် မွန်ပြည်နယ်ဘတ်ဂျက်သုံးဆတိုးလာ

Myanmar Times, 24 Oct 2017

URL: https://www.mmtimes.com/news/mon-state-budget-triples-due-rise-development-projects.html
မွန်ပြည်နယ်အစိုးရ၏ဘတ်ဂျက်သည် ယခင်အစိုးရဘတ်ဂျက်နှင့်နှိုင်းယှဉ်ကြည့်ပါက ယမန်နှစ်တွင် သုံးဆတိုးလာကြောင်း ဒေသကြီးအစိုးရရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

စီမံကိန်း၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားနှင့်လူဦးရေဌာနမှ ပြည်နယ်ဝန်ကြီးဖြစ်သူ ဦး၀ဏ္ဏကျော်က ဘတ်ဂျက်ခွဲဝေချထားပေးမှုများတိုးလာခြင်းမှာ ဒေသကြီးတွင် ဖွံ့ဖြိုးမှုစီမံကိန်းများ
စတင်ဆောင်ရွက်ရာ၌ အရေအတွက်ပမာဏတိုးလာခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြည်နယ်က စည်ပင်ရဲ့စီမံကိန်း ၃ နှစ် အစီအစဉ်ကို တစ်နှစ်နဲ့ပြီးအောင်လုပ်မှာပါ။ မွန်ပြည်နယ်က အချိန်တိုအတွင်း တိုးတက်လာမှာပဲဖြစ်ပါတယ် ဟု ၎င်းကပြောခဲ့သည်။

မွန်ပြည်နယ်တွင် စုစုပေါင်းဘတ်ဂျက် ကျပ် ၈၆ဘီလီယံရှိပြီး ၇၆ဘီလီယံမှာ ပြည်ထောင်စုအစိုးရထံမှလာပြီး ကျန်သည့် ၁၁ဘီလီယံမှာ အထွေအထွေအခွန်အကောက်များမှရရှိသည်။

၂၀၁၇ ခုနှစ်ဘတ်ဂျက်နှစ်အတွက် ပြည်နယ်အစိုးရသည် ဖွံ့ဖြိုးမှုများအကောင်အထည်ဖော်ဆောင်ရန် အဓိက မူဝါဒ(၁၄)ခု ချမှတ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးပုံမှန်ရရှိရေး၊ ပိုမိုကော
င်းမွန်သည့်အဆောက်အဦးများရရှိရေး၊ စည်ပင်စနစ်တွင် အခြေခံဝန်ဆောင်မှုများပိုမိုကောင်းမွန်လာစေရန်နှင့် ကျေးလက်ဒေသများတိုးတက်လာစေရန်ဦးတည်ထားဆောင်ရွက်လျှက်ရှိသည်။