မကွေးနှင့်ပဲခူးတိုင်းရှိဝန်ကြီး(၄)ဦး နှုတ်ထွက်

...

မကွေးနှင့်ပဲခူးတိုင်းရှိဝန်ကြီး(၄)ဦး နှုတ်ထွက်

Democratic Voice of Burma, 11 Jan 2018

URL: http://www.dvb.no/news/four-regional-ministers-resignations-magwe-bago-confirmed/79172
သမ္မတဦးထင်ကျော်သည် မကွေးတိုင်းနှင့်ပဲခူးတိုင်းအစိုးရအဖွဲ့များ၌ ဝန်ကြီး ၄ဦး၏ နှုတ်ထွက်စာများကိုလက်ခံရရှိခဲ့ပြီး ယခုထိ ပြည်နယ်နှင့်ဒေသကြီးများမှ
အနည်းဆုံး ဝန်ကြီးများ(၇)ဦးမှလည်း ၎င်းတို့၏နေရာများမှ ထွက်ခွာရန်ရှိသည်။

မကြာမီရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်း ဂျော်နီ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုး
ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
ရေးဝန်ကြီး ဦးကျော်မင်းဇံ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။

လက်ရှိ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို ဒေသတွင်း အလုပ်အကိုင် ဖန်တီးမှုမရှိခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ မလုပ်ဆောင်နိုင်
ခြင်း၊ တရားဥပဒေ စိုးမိုးရေး မလုပ်ဆောင်နိုင်ခြင်းတို့ ကို အကြောင်းပြကာ ရာထူးမှနုတ်ထွက်ပေးရန် အင်န်အယ်လ်ဒီပါတီဝင်အချို့ဦးဆောင်ပြီး ဆန္ဒထုတ်
ဖော်နေကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦးနှင့် တိုင်းဝန်ကြီးငါးဦး နုတ်ထွက်ခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ အဆုံးမသတ်သေးဘဲ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ၏ အတွင်း ရေးမှူး မုံရွာအောင်ရှင်က ဇန်နဝါရီ ၁၃ ရက်
၌ မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောခဲ့သည်။"အပြောင်းအလဲတွေ ဆက်ဖြစ်လာနိုင်သေး ပါတယ်။ ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါ တယ်။ အပြောင်းအလဲလုပ်
တဲ့အခါ ကျန်းမာရေး၊ အဂတိလိုက်စားမှု၊ လူမှုရေးအရှုပ်အ ရှင်း ဒါတွေနဲ့ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။