မြန်မာ့ရေလုပ်ငန်းဖွံ့ဖြိုးရေး အီးယူနှင့် ဂျာမနီကယူရိုငွေ ၂၂ သန်းကျော် ထောက်ပံ့

...

မြန်မာ့ရေလုပ်ငန်းဖွံ့ဖြိုးရေး အီးယူနှင့် ဂျာမနီကယူရိုငွေ ၂၂ သန်းကျော် ထောက်ပံ့

Myanmar Times, 02 Feb 2018

URL: https://www.mmtimes.com/news/government-commits-long-term-aquaculture-development-starts-dialogue-issues.html
ရေသတ္တဝါ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည် ဖွံ့ဖြိုး ရေး ငါးနှစ်စီမံကိန်းကို ဥရောပသမဂ္ဂနှင့် ဂျာမနီအစိုးရတို့က ထောက်ပံ့
သည့် ယူရို ၂၂ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် မည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများဖြစ်သော ဧရာဝ တီ တိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို စီမံကိန်းဒေသများအဖြစ် ရွေးချယ်ထား ပြီး ဒေသခံများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများအ
ဓိက အကျိုးခံစား ရရှိရေးကို ဦးတည်မည်ဖြစ်သည်။ အစိုးရစာရင်းအချက်အ လက်များအရ ဘဏ္ဍာနှစ် ခြောက်နှစ်တာအတွင်း မြန်မာ့ရေထွက် ကုန်တင်ပို့မှုသည် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရရန်ကြီး
မားသည့် အရင်းအမြစ်တစ်ခု ဖြစ်သော်လည်း ၂ဝ၁၁…၁၂ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၇ဝဝ ကျော် ရရှိပြီး နောက် ပိုင်းမှ စ၍ ဝင်ငွေလျော့ကျခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း
၅၈ဝ ကျော်သာ ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် ကီလိုမီတာ ၂,ဝဝဝ နီးပါးရှည်လျားသော ပင်လယ် ကမ်းရိုးတန်းကို ပိုင်ဆိုင်ပြီး ရေသတ္တဝါမျိုးစိတ် စုံလင်စွာ ပေါက် ဖွားရှင်သန်သည့် ရေလုပ်ငန်းလုပ်ကွက်ပေါင်း စတုရန်းကီလိုမီတာ ၈၂,ဝဝဝ
ပိုင်ဆိုင်ထားသည်ဟု အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။