တပ်သိမ်းမြေ ဧက ၂၀၀ ကျော် ပြန်လည်စွန့်လွှတ်

...

တပ်သိမ်းမြေ ဧက ၂၀၀ ကျော် ပြန်လည်စွန့်လွှတ်

Burma New International, 12 Mar 2018

URL: https://www.bnionline.net/en/news/tatmadaw-releases-over-200-acres-grabbed-land
ကယားပြည်နယ်၊ လွိုင်ကော်အခြေစိုက် အမှတ် (၂၅၀) ခြေလျင်တပ်ရင်းမှ မြေဧက ၁၉၄ နှင့် အမှတ်(၇) တပ်မတော်စစ်ဆေးရုံမှ ၁၅ ဧက စုစုပေါင်း ၂၀၉ ဧကကို ၅ နှစ်အကြာ
သိမ်းယူထားပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ် ပေးလိုက်သည်။

ယင်းသိမ်းဆည်းခံမြေများကို လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ရက်စွဲပါ စာဖြင့် နိုင်ငံ
တော်သို့ ပြန်လည် အပ်နှံခွင့်ပြုခဲ့သည်။

ယင်းမြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ပေးကာ မူလတောင်သူများသို့ ပြန်လည်လုပ်ကိုင်ခွင့် ပေးအပ် လိုက်ခြင်းဖြစ်
သည်။

စွန်လွှတ်လိုက်သည့် အဆိုပါ မြေများအား သက်ဆိုင် ရာ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့် ယာယီ ပုံစံ(၃) ထုတ်ပေးခြင်းနှင့် မီးရထား ဘူတာရုံမြေအတွက် အသုံးပြု
သည့် မြေယာများအား မူလတောင်သူများထံသို့ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားတွင် တောင်သူများထံသို့ တရားဝင် လွဲပြောင်းပေးခဲ့သည်။

ယင်းမြေယာကို တပ်မတော်မှ လွိုင်ကော် တောင်သူများထံ ၂၀၁၃ ခုနှစ်ကတည်းက သိမ်းယူခဲ့သည်။ ၅ နှစ်အကြာမှသာ တရားဝင် လုပ်ကိုင်ခွင့်ကို တောင်သူများက ပြန်လည်ရရှိ
ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ကော်မတီ အဆင့်ဆင့်မှ သေချာစိစစ်ပြီး ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မူလက သိမ်းယူခဲ့သည့် မြေပမာဏ၏ အနည်းငယ်သာ ယခု ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကာ ထပ်မံကျန်ရှိသေးသည့် မြေများကိုလည်း ပြန်လည်စွန့်လွှတ်ပေးရန် ဆက်လက်တောင်းဆို
မည်ဖြစ်ကြောင်း မြေနီကုန်းကျေးရွာနေ ခူးဦးရယ်က ပြောသည်။