တောင်ငူ၊ အုတ်ကျင်းနှင့် ကျောက်ကြီးမြို့နယ်များရှိ စွန့်လွှတ်မြေများကို တောင်သူလယ်သမားများထံသို့ ပြန်လည်ပေးအပ်

Eleven Myanmar, 26 Aug 2018
URL: http://www.elevenmyanmar.com/local/14729
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြည်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးပြီး တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ ၄၈၁ ဒသမ ၉၃ ဧကအား မူလတောင်သူများလက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲအခမ်းအနား သို့ တက်ရောက်အမှာ စာကားပြော ကြားခဲ့သည်။
အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာ၌ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ ၄၈၁ ဒသမ ၉၃ ဧကအား မူလတောင်သူ ၁၂၃ ဦးသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တောင်ငူတပ်နယ်မှ ကိုယ်စားလှယ်များက တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ ၂၁၀ ဒသမ ၄၅ ဧကအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများ၊ အုတ်တွင်းမြို့နယ် မဲကုန်း ကျေးရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ ၁၀ ဧကအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ ၂၆၁ ဒသမ ၄၈ ဧကအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများကို တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ယခင် အစိုးရလက်ထက်တွင် ပဲခူးတိုင်း၌ မြေသိမ်းအမှု ၁၄၈ မှုရှိခဲ့သည်။ သိမ်းယူထားသည် စုစုပေါင်းဧက ၂၂၄၀၆ ဒသမ ၉၅ ဧကကို ဥပဒေအရ ဖြေရှင်းပေးနိုင်ခဲ့သည်၊ သိမ်းယူထားသည့် ၁၅၃၈၄ ဒသမ ၇၆ ဧကကို မူလတောင်သူ ၁၅၃၉ ထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ လက်ရှိအစိုးရလက်ထက်တွင် သိမ်းယူထားသည့် မြေ ၅၂၉၅ ဧကကို တောင်သူလယ်သမား ၈၆ ဦးထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၁၁၆၁ ဒသမ ၆၉ ဧကကို လယ်သမား ၂၇၄၈ ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ သိမ်းဆည်းထားသည် ၁၂၄၄ ဒသမ ၀၉ ဧကအတွက် ဖြေရှင်းပေးရန် ကျန်ရှိနေသေးသည်။