ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ ဖွဲ့စည်းမည်

...

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ ဖွဲ့စည်းမည်

The Irrawaddy, 12 Nov 2018

URL: https://www.irrawaddy.com/news/burma/president-proposes-new-ministry-promote-investment.html
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတက အကြောင်းကြား စာ ပေးပို့ထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကိုယ်စားတာဝန် ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းက နို ဝင်ဘာ ၁၂ ရက် (ယနေ့)တွင် ပြန်လည်ကျင်းပမည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ် တော် ဒသမအကြိမ် ပုံမှန် အစည်း အဝေး(ပထမနေ့)တွင် လွှတ်တော်သို့ ရှင်းလင်းတင်ပြမည်ဖြစ် သည်။

ယခင်အစိုးရလက်ထက်၌ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုရှိ ခဲ့ပြီး ယခုအင်န်အယ်လ်ဒီ လက်ထက်၌ ဝန်ကြီးဌာန ၂၁ ခုသို့ လျှော့ချခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးများကိုလည်း လျှော့ချခန့်ထားခဲ့ပြီး လိုအပ်ချက် အရ ဒုတိယဝန်ကြီးများနှင့် ပြည်ထောင် စုဝန်ကြီးဌာန အသစ်နှစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။

သို့ဖြစ်ရာ ဝန်ကြီးဌာနအသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနတစ်ခုအဖြစ် မြင်တွေ့လာရဖွယ် ရှိသည်။

ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်လာရန် ကြိုးစား နေချိန်နှင့် တိုက်ဆိုင်စွာပင် စင်ကာပူနိုင်ငံတွင် ကျင်းပသော အာဆီယံစီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုပွဲတွင် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံရန် အလေးအနက်ထား ဖိတ်ခေါ်ခဲ့သည်။

ယခုဝန်ကြီးဌာနအသစ်နှင့်ဆိုလျှင် ဝန်ကြီး ဌာနစုစုပေါင်း ၂၄ ခုမြောက်ရှိလာမည်ဖြစ် သည်။