ကယား(ကရင်နီ)အဖွဲ့များမှမြေမြှုပ်မိုင်းအန္တရယ်ပညာပေးကွင်းဆင်းမည်

...

ကယား(ကရင်နီ)အဖွဲ့များမှမြေမြှုပ်မိုင်းအန္တရယ်ပညာပေးကွင်းဆင်းမည်

Karen News, 28 Mar 2014

URL: http://karennews.org/2014/03/kayah-karenni-groups-to-run-landmine-awareness-campaign.html/
ကရင်နီ​အရပ်သားလူမှုအဖွဲ့အစည်းများသည်ရန်ကုန်တွင်ရှိသောUSသံရုံးမှရရှိသောထောက်ပံ့ကြေးကိုအသုံးပြုပြီးကယား(ကရင်နီ)ပြည်နယ်တွင်မြေမြှုပ်မိုင်းအသိပညာ
တိုးပွားရေးစည်းရုံးရေးဆင်းရန်စီစဉ်ဆောင်ရွက်နေသည်။

ကယားခရိယာန်လူမှုဖူလုံရေးဌာန၏ပူးတွဲစီစဉ်ညွှန်ကြားသူKhu K’law Reh၏အဆိုအရစုစုပေါင်းကရင်လူမှုဖူလုံရေးအဖွဲ့အစည်းခြောက်ဖွဲ့သည်မိုင်းအန္တရယ်ပညာ
ပေးရေးလုပ်ဆောင်မှုတွေကိုပြီးမြောက်စေရန်အတွက်စီစဉ်နေသည်ဟုသိရသည်။
Khu K’law Rehမှကရင်သတင်းစဉ်သို့ပြောကြားခဲ့သည်။

ကယားဖြူ ကပိုမိုကျယ်ပြန့်တဲ့အပိုင်းအခြားတလျှောက်မှာမိုင်းအသိပညာပေးကိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။ကျွန်တော်တို့အလုပ်ပြီးမြောက်အောင်ဆောင်ရွက်ဖို့အတွက်
လူထုခေါင်းဆောင်များ၊လူငယ်ခေါင်းဆောင်များနဲ့တွေ့ဆုံပါမယ်။လွိုင်ကောင်မြို့နယ်မှာရှိတဲ့ရွာငါးရွာနဲ့ရှားတောမြို့နယ်မှာရှိတဲ့ကျေးရွာသုံးရွာကိုကျွန်တော်တို့ပစ်မှတ်
ထားပါတယ်ဟုKhu K’law မှဆိုသည်။ကရင်နီပြည်နယ်အစိုးရသည်မိုင်းပညာပေးအစီအစဉ်များကိုလုပ်ဆောင်ရန်အတွက်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP)နှင့်ဆွေးနွေးကာဆောင်ရွက်သွားမည်ဖြစ်သည်။

ကယားဖြူ၊လူငယ်လောကတည်ထောင်မှုစင်တာ(YLFC)၊ပြည့်စအလင်းတန်း၊ကရင်နီပြည်နယ်လူငယ်အစည်းအရုံး(UKSY)၊ကယားမျိုးဆက်သစ်လူငယ်(KNGY)နှင့်
လူငယ်အသိုင်းအဝိုင်းစင်တာစသည်တို့ကဲ့သို့သောကယားအရပ်သားလူမှုအသိုင်းအဝိုင်းအဖွဲ့များသည်ကယားပြည်နယ်တွင်မိုင်းအသိပညာပေးရေးစီမံကိန်းလုပ်ဆောင်
ရန်အတွက်ရန်ပုံငွေများလက်ခံရရှိခဲ့သည်။

USသံရုံးအင်တာနက်ကွန်ယက်ပေါ်တွင်ဖော်ပြထားသောကြေငြာချက်အရမိုင်းအန္တရယ်ပညာပေးရေးဆောင်ရွက်မှုများတဖက်တွင်လည်းအဖွဲ့သည်ခေါင်းဆောင်ပိုင်းဆိုင်
ရာနှင့်အလုပ်ကိုင်နှင့်သက်ဆိုင်သောသင်တန်းများကိုပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။USအစိုးရသည်ပြည်တွင်းကာယားပြည်နယ်၏အရပ်သားလူမှုအဖွဲ့အစည်းများကိုအသေး
စားခွင့်ပြုထားသည့်စုစုပေါင်းယူအက်စ်ဒေါ်လာ(၁၁၀,၀၀၀)ထောက်ပံ့ပေးလိမ့်မည်ဟုရန်ကုန်ရှိUSသံရုံးမှကြေငြာခဲ့သည်။

နိုင်ငံတကာလမ်းမိုင်းတားမြစ်ရေးအဖွဲ့(ICBL)၏၂၀၁၃ခုနှစ်အစီအရင်ခံစာအရကရင်ပြည်နယ်တွင်မြို့နယ်(၄၉)ခု၊ပဲခူးတိုင်းအရှေ့ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊တ
နင်္သာရီတိုင်း၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ကရင်နီပြည်နယ်တို့သည်မြေမြှုပ်မိုင်းကြောင့်ညစ်ညမ်းနေခဲ့ရသည်။