မဲဆန္ဒရှင်စာရင်းပြည်လုံးကျွတ်ကောက်ယူစုစည်းခြင်းကိုအောက်တိုဘာတွင်ပြုလုပ်မည်

...

မဲဆန္ဒရှင်စာရင်းပြည်လုံးကျွတ်ကောက်ယူစုစည်းခြင်းကိုအောက်တိုဘာတွင်ပြုလုပ်မည်

Eleven Media, 30 Jun 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6610:nationwide-compilation-for-the-list-of-voters-to-start-in-october&catid
မြို့ပြလူမှုအဖွဲ့အစည်း(၂၅)ဖွဲ့ဖြင့်ဖွဲ့စည်းထားသောမဲဆန္ဒရှင်များပညာပေးခြင်းနှင့်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်၂၀၁၅ခု​နှစ်​အထွေထွေရွေးကောက်ပွဲတွင်အရည်အချင်းပြည့်မီသူများစာရင်းကို ကောက်ယူစုဆောင်းရန်အတွက်ပြည်လုံးကျွတ်ကမ်ပိန်းဆင်းခြင်းကိုအောက်တိုဘာတွင်စတင်ပြုလုပ်မည်ဖြစ်သည်။စာရင်းအပြီးသတ်ပြုစုခြင်းကိုလာမည့်နှစ်လယ်တွင်ပြီးစီးရန်မျှော်မှန်းခဲ့သည်။

သြဂုတ်လ၌စာရင်းအပြီးသတ်ပြုစုခြင်းရက်နှင့်အတူစမ်းသပ်စီမံကိန်းတွင်အရည်အချင်းပြည့်မီသောမဲဆန္ဒရှင်များအပေါ်မှန်ကန်ကြောင်းစစ်ဆေးခြင်းများကိုရန်ကုန်တိုင်း၊အလုံမြို့နယ်၊ချင်းပြည်
နယ်၊တီးတိန်နှင့်ကချင်ပြည်နယ်မြစ်ကြီးနားတို့တွင်မဲဆန္ဒရှင်ပြည်သူများနှင့်အတူလုပ်ဆောင်မည်ဖြစ်သည်။

မြို့ပြလူမှုအဖွဲ့အစည်းများမှမဲဆန္ဒရှင်များကိုမဲရုံများတွင်မဲဆန္ဒရှင်အမည်များနှင့်ကွန်ပြူတာထဲတွင်ထည့်ထားသောပုဂ္ဂိုလ်ရေးရာအသေးစိတ်အချက်အလက်များနှင့်ပက်သက်၍ကြေငြာဆိုင်းဘုတ်
များကိုဘယ်လိုစစ်ဆေးရမည်ဆိုသည်ကို၎င်းတို့အားပညာပေးသင်ကြားပေးမည်ဖြစ်သည်။

ထို့ပြင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မဲပြားနှင့်ပက်သက်သောသတင်းအချက်အလက်များကိုဖြန့်ဖြူးပေးရန်အတွက်နိုင်ငံသားတိုင်းရင်းသားလူမျိုးများ၏မိခင်ဘာသာစကားများကို၎င်းတို့မှ
အသုံး​ပြု​သွား​ရန်စီစဉ်ထားသည်။

“လက်ရှိကျွန်တော်တို့အဖွဲ့အနေနဲ့အလုံမြို့နယ်မှာမဲပေးတာနဲ့ပက်သက်ပြီးဗဟုသုတဖြန့်ဖြူးပေးနေပါတယ်။အဓိကဦးတည်ချက်ကတော့မဲလိမ်တာတွေ၊မဲအကြံအဖန်တွေမဖြစ်အောင်တားဆီးဖို့ပါပဲ။ တချို့တွေကကျွန်တော်တို့ရဲ့မေးခွန်းတွေကိုဖြေဖို့အခုထက်ထိဝန်လေးနေတုန်းပါပဲ။၂၀၁၄ခု​နှစ်​ကြား​ဖြတ်​ရွေး​ကောက်​ပွဲ​ကို​တော်တို့လေ့လာပြီးလှည့်လည်စစ်ဆေးပါ မယ်။”ဟုအဖွဲ့ရှိထက်ဦးမှပြော
ခဲ့သည်။

မဲပြားများကိုကြည့်ရှုစစ်ဆေးရန်အတွက်စေတနာ့ဝန်ထမ်းအယောက်နှစ်ဆယ်မရွေးချယ်မီရန်ကုန်ရှိနေထိုင်သူများအားမဲဆန္ဒပေးခြင်းကိုလေ့လာရန်အတွက်သင်တန်းပေးခဲ့ပြီးဖြစ်သည်။လာ​မည့်​ နှစ်တွင်ရွေးကောက်ပွဲများကျင်းပမည်ဖြစ်သောချင်းပြည်နယ်နှင့်မန္တလေးတိုင်းတို့တွင်မဲဆန္ဒရှင်ပြည်သူများအတွက်မဲပေးခြင်းနှင့်သက်ဆိုင်သည့်သင်တန်းများပါဝင်မည်ဖြစ်သည်။