တိုင်းရင်းသားဒေသ၌ကျန်းမာရေးစောင့်ရှောက်မှုအတွက်ယခင်ကရန်သူအချင်းချင်းပူးပေါင်းဆောင်ရွက်မှုရှိ

...

တိုင်းရင်းသားဒေသ၌ကျန်းမာရေးစောင့်ရှောက်မှုအတွက်ယခင်ကရန်သူအချင်းချင်းပူးပေါင်းဆောင်ရွက်မှုရှိ

Irrawaddy News, 09 Sep 2014

URL: http://www.irrawaddy.org/contributor/ethnic-state-former-enemies-join-forces-health-care.html
သူနာပြုဆရာများနှင့်ဆေးဆရာဝန်တစ်ဒါဇင်ပါဝင်သည့်အဖွဲ့သည်မကြာသေးမီကယခုချိန်ထိကြောက်မက်ဖွယ်ကောင်းသောစစ်မြေပြင်၊ဝေးလံခေါင်ဖျားသောအရပ်ဒေသတွင်ရှိသောကျေး ရွာများအတွက်ဆေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ကလေးများကိုကာကွယ်ဆေးထိုးပေးရန်စ​သည်​တို့​အတွက်ခရီးစတင်နေပြီဖြစ်သည်။သူတို့၏လုပ်ဆောင်ချက်သည်နှစ်ပေါင်းများ
စွာအပယ်ခံနိုင်ငံ၊နိုင်ငံတကာနှင့်လည်းအဆက်အသွယ်ဖြတ်တောက်ထားသည့်နိုင်ငံဟုသတ်မှတ်ခြင်းခံရသည့်မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲမှုများစတင်ဖြစ်ပေါ်လာသည့်သင်္ကေတလက္ခ
ဏာတစ်ရပ်ပင်ဖြစ်သည်။

ထိုအဖွဲ့မှသူနာပြုဆရာမများနှင့်ဆေးဆရာဝန်ထက်ဝက်သည်မြန်မာနိုင်ငံကျန်းမာရေးဌာ၏အလုပ်သမားများဖြစ်ကြပြီးကျန်ထက်ဝက်သည်မြန်မာတပ်မတော်ကိုနှစ်ပေါင်း(၆၀)ထက်မက
လက်နက်ကိုင်စစ်တိုက်လာခဲ့သည့်မကြာသေးမီကမှငြိမ်းချမ်းရေးယူထားပြီး၂၀၁၂ခုနှစ်တွင်မြန်မာအစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးထားသည့်ကရင်နီအမျိုးသား
တိုးတက်ရေးပါတီအဖွဲ့နှင့်ဆက်နွယ်သူများဖြစ်ကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအပါအဝင်ခွဲထွက်သွားသည့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်မြန်မာတပ်မတော်ကြားလပေါင်းများစွာကြာမြင့်နေသောတော်လှန်ရေးပဋိပက္ခ
တွေကြောင့်ထောင်ပေါင်းများစွာသောပြည်သူတွေအိုးအိမ်ကိုစွန့်ပစ်ကာထွက်ပြေးတိမ်းရှောင်နေကြရသည်။ထွက်ပြေးတိမ်းရှောင်နေသူအများစုသည်ဗဟိုအစိုးရ၏ထိန်းချုပ်မှုကိုခုခံတော်
လှန်နေကြသည့်မြန်မာနိုင်ငံမှတိုင်းရင်းသားမျိုးနွယ်စုကြီးတွေထဲကတစ်စုဖြစ်သည့်ကရင်နီလူမျိုးများပင်ဖြစ်သည်။

ယခင်စစ်မြေပြင်ဒေသ​အတွင်းသို့ယခုသွားရောက်ပူးပေါင်းလုပ်ဆောင်နေသောကျန်းမာရေးလုပ်ငန်းသည်ကျယ်ပြန့်သောငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုနှင့်အပစ်အခတ်ရပ်စဲရေး၏ပထမဦးစွာ
မြင်တွေ့​​နေရသောအသီးအပွင့်တွေထဲကတစ်ခုအပါအဝင်ဖြစ်သည်။ထို့ပြင်မတူညီတဲ့စီးပွားရေးအခွင့်အလမ်းများ၊လူ့အခွင့်အရေးအလွဲသုံးစားလုပ်မှုများ၊ပြည်တွင်းအကြမ်းဖက်မှုများ
နှင့်ရင်ဆိုင်နေရသည့်နိုင်ငံအတွက်တည်ငြိမ်မှုရှိလာစေရန်ပံ့ပိုးပေးလိမ့်မည်ဟုလည်းကျန်းမာရေးလုပ်သားတွေကမျှော်လင့်သည်။

ဒါဟာတမူထူးခြားပြီးဆန်းသစ်သည့်ပြောင်းလဲနေသည့်ကာလဖြစ်သည့်အတွက်ဒီလိုပြုပြင်ပြောင်းလဲမှုတွေကိုမြင်တွေ့ရလိမ့်မည်ဟုမည်သူမျှစဉ်းစားမိကြလိမ့်မည်မဟုတ်ဟု၎င်းကျန်းမာ
ရေးလုပ်သားအဖွဲ့နှင့်လိုက်ပါလာသည့်International Rescue Committee(IRC)မှရှိန်းစကယ်လောန်ကပြောသည်။

ဆယ်စုနှစ်များအတွင်းပဋိပက္ခမှပေါက်ဖွားလာသည့်အယုံအကြည်မဲ့ခြင်းကိုကျော်လွှားနိုင်ပြီးအခုလိုမြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်မှုရှိ
လာတာဟာဒါဟာပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်ဟုသူကဆက်ပြောသည်။

“အစိုးရကျန်းမာရေးဝန်ထမ်းတွေအနေနဲ့စတွေ့တုန်းကတော့သူတို့နဲ့စကားပြောဖို့ကြောက်တယ်။မယုံ​သင်္ကာ​မှု​တွေ​အများကြီးရှိတယ်။ဒါပေမယ့်အတူလက်တွဲပြီးဒီခရီးစဉ်အတွက်ပြင်ဆင်ကြ ရင်းတစ်ဦးနဲ့​တစ်ဦးပိုပြီးရင်းရင်းနှီးနှီးရှိလာတယ်”ဟုကရင်နီဆေးဆရာဝန်ဆဲရယ်ကပြောသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးသည့်နောက်ပြည်တွင်းအိုးအိမ်မဲ့သူအချို့နှင့်ထိုင်းနိုင်ငံဒုက္ခသည်စခန်း​မှဒုက္ခသည်အချို့တို့သည်နေရပ်ရင်းဒေသကိုဖြိုးဖြိုးဖြောက်ဖြောက်
ပြန်ရောက်လာကြသည်။

“ဒုက္ခသည်အများစုကပြန်လာဖို့ကြောက်နေတုန်းပါပဲ။ဒါပေမယ့်လူတွေကအခုလိုအစိုးရနဲ့ကရင်နီတိုးတက်ရေးပါတီအဖွဲ့တို့အတူလက်တွဲအလုပ်လုပ်နိုင်တာကိုတွေ့ပြီးနောက်သူတို့အပစ်
အခတ်ရပ်စဲရေးအပေါ်ထားရှိသည့်ယုံကြည်မှုပိုပြီးတိုးတက်လာပါကြောင်းကျန်းမာရေးအဖွဲ့နှင့်လိုက်ပါလာသောIRCဆရာဝန်ညွန့်နိုင်မှပြောသည်။

လက်တွဲလုပ်ဆောင်နေသည့်ကျန်းမာရေးလုပ်ငန်းများသည်အားလုံးအတွက်အကျိုးရှိပြီးကျန်းမာရေးဝန်ဆောင်မှုများလည်းပိုမိုကောင်းမွန်လာကာထိရောက်မှုလည်းပိုမိုရှိလာကြောင်း ကရင်နီပြည်နယ်ကျန်းမာရေးဌာနမှကျန်းမာရေးအစီအစဉ်တွေအားလုံးကိုကြီးကြပ်တာဝန်ယူနေသည့်ထွန်းအောင်ကြည်ကပြောသည်။

အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူသားဖွားမီးယပ်ဆရာမမာရီယာထူးမှယခင်ကစစ်မြေပြင်ဒေသအတွင်းသို့ငါးကြိမ်တိုင်တိုင်သွားရောက်ခဲ့ပြီဖြစ်ပြီးယခင်ကတော်လှန်ရေးအဖွဲ့အစည်းများ၏ပူး
ပေါင်းဆောင်ရွက်ပေးခြင်းသာ​မရှိခဲ့ပါ​က​ရွာသူရွာသားတွေဟာသူမကိုအယုံအကြည်လုံးဝရှိမည်မဟုတ်ကြောင်းသူမကထောက်ပြခဲ့သည်။အရင်တုန်းကဆိုရင်ရွာသူရွာသားတွေဟာသူတို့အိမ်မှာရှိ
တဲ့ဆေးတွေကိုကျွန်မတို့ကိုထုတ်ပြပေးဖို့ကြောက်ကြပြီးအကြံဉာဏ်လည်းမတောင်းခံရဲကြပါဘူး၊အခုဆိုရင်အားလုံးပြောင်းလဲကုန်ပြီဟုသူမကဆက်ပြောသည်။

ဒါဟာအဖွဲ့အစည်းအားလုံးကြားမှာပြန်လည်တည်ဆောက်ဖို့လိုအပ်နေတဲ့ယုံကြည်မှုမျိုးဖြစ်ကြောင်းနှင့်အထူးသဖြင့်စစ်ကြောင့်ဒဏ်ရာဒဏ်ချက်အမျိုးမျိုးနှင့်တွေ့ကြုံရင်ဆိုင်နေရသောကျေး
ရွာအသိုင်းအဝိုင်းတွေမှာပိုမိုလိုအပ်ပါသည်။ဒါမှတကယ့်စစ်မှန်ပြီးကြာရှည်ခံသည့်ငြိမ်းချမ်းရေးကိုနိုင်ငံအတွင်းမှာတွေ့မြင်နိုင်မည်ဖြစ်ကြောင်းဒေါကလယ်သဲရွာမှထွက်ခွာဖို့ပြင်ဆင်နေသည့်
စကယ်လောန်ကဆက်လက်ပြောပြသည်။