ကရင်ပြည်နယ်အဝေးပြေးလမ်းမကြီးအားအဆင်မြှင့်ရန် ADB မှကူညီမည်

...

ကရင်ပြည်နယ်အဝေးပြေးလမ်းမကြီးအားအဆင်မြှင့်ရန် ADB မှကူညီမည်

Mizzima News, 12 Nov 2015

URL: http://www.mizzima.com/development-news/adb-loan-help-upgrade-road-kayin-state-gms-corridor
မဟာမဲခေါင်ဒေသခွဲ(GMS)အရှေ့-အနောက်စင်္ကြန်လမ်းနှင့်ချိတ်ဆက်မှုဆက်ပြတ်နေသည့်ကရင်ပြည်နယ်ရှိကော့ကရိတ်နှင့်
အိန္ဒုမြို့ကိုဆက်သွယ်ပေးသည့်(၆၆.၄)ကီလိုမီတာအကွာအဝေးရှိသောလမ်းမကြီးအားပိုမိုကောင်းမွန်အောင်တိုးချဲ့ပြုလုပ်ရန်
အတွက်အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB)မှချေးငွေဒေါ်လာ(၁၀၀)မီလီယမ်ချေးမည်ဖြစ်ကြောင်းအတည်ပြုလိုက်သည်ဟု
နိုဝင်ဘာလ(၁၂)ရက်နေ့ထုတ်ပြန်ကြေငြာချက်တွင် ADB မှပြောကြားခဲ့သည်။

“ကရင်လူ​ထု​ဟာရာစုနှစ်များစွာဖြစ်ပွားနေတဲ့ပဋိပက္ခတွေရဲ့သက်ရောက်မှုဒဏ်ကိုခံနေခဲ့ရပါတယ်၊ရရှိလာတဲ့အကျိုးဆက်က
တော့အခြေခံအဆောက်အဦးတွေချို့ယွင်းနည်းပါးခဲ့ရပြီးဆင်းရဲမွဲတေမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒါပေမယ့်နိုင်ငံမြေပြင်
အခြေစိုက်ကုန်သွယ်ဖြတ်သန်းမှု(၂၅)ရာခိုင်နှုန်းရှိတဲ့ထိုင်းနိုင်ငံတလျှောက်ချိတ်ဆက်ပေးထားတဲ့အဓိကလမ်းမကြီးဟာက
ရင်ပြည်နယ်မှာရှိပါတယ်” ဟု ADB ၏အရှေ့တောင်အာရှဌာနမှအဓိကကျသည့်သယ်ယူပို့ဆောင်ရေးဆိုင်ရာအထူးကျွမ်း
ကျင်သူ James Leather ကပြောခဲ့သည်။မဟာမဲခေါင်အရှေ့အနောက်စင်္ကြန်လမ်းရဲ့မြန်မာအပိုင်းများဖြစ်တဲ့လမ်းမကြီးချဲ့
ထွင်မွမ်းမံမှုများကိုတိုးတက်ကောင်းမွန်အောင်အပြီးသတ်လုပ်ဆောင်မှာပါ။ဒီလမ်းမကြီးကနေပြည်နယ်နဲ့နိုင်ငံတော်အတွက်
စီးပွားရေးအခွင့်အလမ်းကောင်းတွေပွင့်လမ်း​လာမှာဖြစ်ပြီးကြီးပွားတိုးတက်ခြင်းတွေအပါအဝင်အားလုံးကိုပံ့ပိုးကူညီသွားမှာပါ။”