မြန်မာအတိုက်အခံခေါင်းဆောင်နှင့်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူတို့မှအမျိုးသားရင်ကြားစေ့ရေးအတွက်သဘောတူညီမှုများရရှိ

...

မြန်မာအတိုက်အခံခေါင်းဆောင်နှင့်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူတို့မှအမျိုးသားရင်ကြားစေ့ရေးအတွက်သဘောတူညီမှုများရရှိ

China Daily, 19 Nov 2015

URL: http://www.chinadaily.com.cn/world/2015-11/19/content_22485978.htm
မြန်မာအတိုက်အခံခေါင်းဆောင်အောင်ဆန်းစုကြည်နှင့်လက်ရှိလွှတ်တော်၏ပြောရေးဆိုခွင့်ရှိသူဦးရွှေမန်းသည်ကြာသာပတေး
နေ့တွင်ပြုလုပ်သောတွေ့ဆုံမှုတွင်အသစ်ဖွဲ့စည်းမည့်လွှတ်တော်သစ်တွင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်အမျိုးသားပေါင်း
စည်းရေးတို့နှင့်ပတ်သတ်၍အလေးထားဆောင်ရွက်ရန်အတွက်သဘောတူညီမှုများ ရရှိခဲ့သည်ဟုနေပြည်တော်၌နှစ်ဦးနှစ်ဖက်အ
တွင်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းနောက်ဆက်တွဲအရထုတ်ပြန်သောပူးတွဲကြေငြာချက်တွင်ဖော်ပြခဲ့သည်။

နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်၏ပါတီဖြစ်သည့်အမျိုးသားဒီမိုက
ရေစီအဖွဲ့(NLD)မှအပြတ်အသတ်အနိုင်ရရှိပြီးနောက်သူမမှပထမဦးဆုံးအကြိမ်တွေ့ဆုံဆွေးနွေးရန်တောင်းခံလာမှုအတွက်နေ
ပြည်တော်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးရွှေမန်းတို့တွေ့ဆုံခဲ့ကြသည်။

အခြေခံဥပဒေအရလွှတ်တော်ကိုဒုတိယအကြိမ်ဖွဲ့စည်းရာတွင်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြရန်အတွက်နှစ်ဖက်စလုံးမှတပြိုင်
နက်တည်းသဘောတူညီမှုရရှိခဲ့သည်။