မြန်မာအစိုးရမှ“ဝ”နှင့်”မုန်းလ”အဖွဲ့များအားငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်တက်ရောက်ရန်ဖိတ်ကြား

...

မြန်မာအစိုးရမှ“ဝ”နှင့်”မုန်းလ”အဖွဲ့များအားငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်တက်ရောက်ရန်ဖိတ်ကြား

The Irrawaddy, 23 Dec 2015

URL: http://www.irrawaddy.com/burma/government-invites-wa-mongla-groups-to-peace-dialogue.html
အစိုးရမှမြန်မာနိုင်ငံ၏အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့်“ဝ”ပြည်ထောင်စုတပ်မတော်(UWSA)နှင့်အမျိုးသား
ဒီမိုကရေစီမဟာမိတ်တပ်မတော်ဖြစ်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော“ဝ”နှင့်“မုန်းလ”ခေါင်းဆောင်များအားဇန်နဝါရီ
လ(၂၂)ရက်နေ့၌ကျင်းပမည့်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲညီလာခံသို့တက်ရောက်ရန်ဖိတ်ကြားလိုက်သည်။

(UWSA)သည်အောက်တိုဘာလ(၁၅)ရက်နေ့တွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အတွင်းတစ်နိုင်ငံလုံးဆိုင်ရာအ
ပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးရာတွင်မပါဝင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

လက်မှတ်မထိုးသည့်အဖွဲ့များကိုလေ့လာသူအဖြစ်တက်ရောက်ရန်ကမ်းလှမ်းခဲ့ကြောင်းအစိုးရအကျိုးဆောင်ပြည်ထောင်စုငြိမ်း
ချမ်းရေးစင်တာ(MPC)မှအဆင့်မြင့်အဖွဲ့ဝင်တစ်ဦးကယခုတပတ်တွင်ဧရာဝတီသို့ပြောကြားခဲ့သည်။