မော်လမြိုင်၊ ဘားအံနှင့် မြဝတီတွင် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေ

...

မော်လမြိုင်၊ ဘားအံနှင့် မြဝတီတွင် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေ

The Global New Light of Myanmar, 02 Aug 2016

URL: https://issuu.com/myanmarnewspaper/docs/2_aug_16_gnlm
မြန်မာအစိုးရမှမော်လမြိုင်၊ဘားအံနှင့်မြဝတီတွင်မြို့ပြစနစ်တိုးတက်လာစေရန်အတွက်မြို့ပြစီမံကိန်းတစ်ရပ်ကိုအာရှဖွံ့ဖြိုးတိုးတက်ရေး
ဘဏ်(ADB)မှချေးငွေဖြစ်သည့်ယူအက်စ်ဒေါ်လာသန်း(၈၀)ဖြင့်စီစဉ်ဖော်ထုတ်နေပြီဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လေးနှစ်တာစီမံကိန်းကိုနောင်နှစ်တွင်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး ထိုအချက်အချာကျသည့်
မြို့များတွင် မြို့ပြအင်္ဂါရပ်များနှင့်အညီဖြစ်အောင် ဦးတည်ထား ဆောင်ရွက်သွားမည်ဖြစ်သည်၊ ထိုမြို့များသည် မဟာမဲခေါင်ဒေသခွဲအ
တွက်စီးပွားရေးလမ်းကြောင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးမည့် အဓိကအရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်သည်။

ADBမှ အမျိုးသမီးများ၏ စီးပွားရေးအခြေအနေများ တိုးတက်လာစေရန်အတွက် စီမံကိန်းအသစ်များ လုပ်ဆောင်နေချိန်အတွင်းမှာပဲ
မော်လမြိုင်၊ မုဒုံနှင့်ရေးမြို့နယ်ရှိ အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာပံ့ပိုးမှုများ ကူညီပေးသွားမည်ဖြစ်ကြောင်း ADB မှ
ဒါရိုက်တာဖြစ်သူ Mr Winfried F. Wickleinကပြောကြားခဲ့သည်။

ရေပေးဝေဖြန့်ဖြူးခြင်းစနစ်၊ ရေနုတ်ရေမြောင်းများဖော်ပေးခြင်းစနစ်၊ ရေကြီးမှုထိန်းချုပ်စနစ်နှင့် မိလ္လာစနစ်စသည်များအပါအဝင်မြို့ပြ
အင်္ဂါရပ်များ အဆင့်မြှင့်တိုးတက်စေမည့် ဆောင်ရွက်မှုများကို စီမံချက်ကာလအတွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်
သည်။

စီမံကိန်းတွင် နောက်ထပ်ပံ့ပိုးမှုများအနေဖြင့် နယ်စပ်ဂိတ်များတလျှောက် ဘေးကင်းလုံခြုံမှုရှိစေရန်၊ ကုန်ပစ္စည်းများစီးဆင်းမှု လွယ်ကူ
ချောမွေ့စေရန်၊ အမှိုက်သိမ်းခြင်းစနစ်နှင့် မိလ္လာအညစ်အကြေးစနစ် စနစ်တကျတိုးတက်မှုရှိစေရန် စသည်တို့ပါဝင်သည်။

ဒေသတွင်း အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်စျေးကွက်စီးပွားရေးမြှင့်တင်ဆောင်ရွက်ခြင်း
သည် အဓိကရည်မှန်းချက်များထဲမှ တစ်ခုပင်ဖြစ်သည်။