တိုင်းရင်းသားဒေသများတွင်ပညာရေးတိုးတက်မှုသည်ငြိမ်းချမ်းရေးနှင့်ဆက်စပ်ကြောင်းဝန်ကြီးမှပြောကြား

...

တိုင်းရင်းသားဒေသများတွင်ပညာရေးတိုးတက်မှုသည်ငြိမ်းချမ်းရေးနှင့်ဆက်စပ်ကြောင်းဝန်ကြီးမှပြောကြား

Myanmar Times, 13 Sep 2016

URL: http://www.mmtimes.com/index.php/national-news/22474-minister-ties-improved-education-for-ethnic-minorities-to-peace.html
ပညာရေးဝန်ကြီးဦးမျိုးသိန်းကြီးမှ လူနည်းစုဖြစ်သည့်တိုင်းရင်းသားနေရာဒေသများတွင်ပညာရေးဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်မှု(သို့မဟုတ်)ရှုံးနိမ့်မှုနှင့် တိုက်ရိုက် ဆက်စပ်လျှက်ရှိကြောင်းကို အမျိုးသားလွှတ်တော်ရှိ ဥပဒေပြုအမတ်
များအား ယမန်နေ့ကပြောကြားခဲ့သည်။

တိုင်းပြည်တွင် နှစ်ပေါင်းများစွာ လစ်လျှူရှု့ခံရသည့် နယ်စပ်ဒေသများတွင် တိုင်းရင်းသားဘာသာလမ်းညွှန်မှုများချဲ့တွင်မှုပြုလုပ်ရန်၊စာ
တတ်မြောက်နှုန်းမြှင့်တင်ရန်နှင့် ပိုမိုအဆင်မြင့်သည့်ပညာရေးအခွင့်အလမ်းများတိုးတက်ရရှိရေးတို့သည် နိုင်ငံဝှမ်းတွင်ရေရှည်ငြိမ်းချမ်း
ရေး အခိုင်အမာဖြစ်မှုအပေါ်တွင် မူတည်ကြောင်း ၎င်းကပြောခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှအဆိုပြုချက်ကိုတုန့်ပြန်စကားပြောခဲ့ပြီးယခင်အမျိုးသားလွှတ်တော်နာယကဖြစ်သူဦးခင်အောင်မြင့်( USDP
မန္တလေးမဲဆန္ဒနယ်မြေ ၈)မှ တိုင်ရင်းသားလူနည်းစုများအတွက် စာပေကြိုတင်လေ့လာနိုင်ရန် နှင့်စာမတတ်မှုတိုက်ဖျက်ရေးအတွက်
အထူးစီမံချက်တစ်ရပ်ပြဋ္ဌာန်းပေးရန် အစိုးရကိုတိုက်တွန်းလိုက်သည်။

တိုင်းရင်းသားလူနည်းစုများအတွက် သင်ထောက်ကူများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ မြို့နယ်(၁၈၇)မြို့နယ်ရှိ တစ်တန်း၊ နှစ်
တန်း နှင့် သုံးတန်းကျောင်းသားများဖြစ်သည့် ကျောင်းသား(၅၄၀ ၂၈၉) အတွက်တိုင်းရင်းသား ဘာသာ(၅၄)မျိုးပါဝင်သည့် သင်ကြား
ရေးပစ္စည်းများကို ထုတ်ဝေ ဖြန့်ဖြူးပေးရန်စီစဉ်နေကြောင်း ဦးမျိုးသိန်းကြီးကပြောကြားခဲ့သည်။

၎င်း၏ဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌တိုင်းရင်းသားဘာသာနည်းပြ(၁၈ ၃၀၀)ဦး လစာများအတွက်ယူအက်စ်ဒေါ်လာ
(၄.၅၃ သန်း)မြန်မာကျပ် (၅.၅)ဘီလီယံလျာထားကြောင်းပြောကြားခဲ့သည်။၂၀၁၃-၁၄ခုနှစ်နှင့်၂၀၁၅၁၆စာသင်နှစ်များတွင်တိုင်းရင်း
သားဘာသာသင်ကြားသည့် ဆရာ၊ဆရာမ(၂၈)ရှိပြီး ဆရာလစာငွေနှင့်သင်ထောက်ကူပစ္စည်းများအတွက်ကျပ်ငွေ(၆)ဘီလီယံခန့်ကုန်
ကျကြောင်းပြောခဲ့သည်။