တိုင်းရင်းသားများအတွက် ပညာရေးမြှင့်တင်ပေးရန် အဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေး

...

တိုင်းရင်းသားများအတွက် ပညာရေးမြှင့်တင်ပေးရန် အဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေး

The Global New Light of Myanmar, 08 Sep 2016

URL: http://www.globalnewlightofmyanmar.com/amyotha-hluttaw-discusses-proposal-on-education-promotion-for-ethnic-people/
အမျိုးသားလွှတ်တော်တွင် တောင်းဆိုထားသည့် တိုင်းရင်းသားများ နောက်ထပ်ပညာသင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေကို
မြှင့်တင်ပေးနိုင်ရေးအတွက် စာမတတ်မှုပပျောက်ရေးပြုလုပ်ရန် အထူးအစီမံချက်တခု တောင်းဆိုမှုနှင့်ပတ်သတ်၍ လွှတ်တော်အ
မတ်(၁၀)ဦးနှင့်အတူ ယမန်နေ့က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးရဲနိုင်ဦးက တိုင်းရင်းသားအားလုံးအတွက်နောက်
ထပ်ပညာ လေ့လာသင်ကြားမှုများ ရရှိနိုင်ရန်ပြုလုပ်ရာတွင် အားလုံးတန်းတူညီတူ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ကြောင်း ပြောခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာသင်ကြားရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပြီး ကျေးလက်ဒေသများတွင်နေထိုင်
သည့် အသက်(၁၅)နှစ် နှင့် အထက် စာမတတ်မြောက်သူ(၃)သန်းခန့်ရှိပြီး အသက်(၅)နှစ်နှင့် အထက် စာသင်ကြားခွင့်မရရှိသူ(၉၄.၈)
သန်းရှိကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတွင်ရွှေ့ပြောင်းအလုပ်သမားနှင့် IDPs (၉.၃)သန်းရှိကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။

၎င်း၏ဆွေးနွေးမှုတွင် တနင်္သာရီဒေသကြီး၊ မဲဆန္ဒနယ်မြေ(၄)မှဦးဟန်ဝင်းသိန်းက ဝေးလံသည့် ကျေးလက်ဒေသများတွင် နေထိုင်သူ
များသည် စာမတတ်မြောက်သူများဖြစ်သောကြောင့် ပညာရေးတွင် တန်းတူညီတူရရှိခွင့်သေချာစေရန် လိုအပ်ကြောင်း ပြောခဲ့သည်။
ပညာရေးတွင် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ပစ်မှတ်ထားသင့်ကြောင်း အကြံပေးခဲ့ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေး
တွင် လေ့လာဆန်းစစ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တောင်းဆိုလိုက်သည်။

ဥပဒေပြုအမတ်များမှ အဆိုပြုချက်နှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ထားရန် တောင်းဆိုခဲ့သည်။ထိုနည်းတူ
စွာပင် မွန်ပြည်နယ် မဲဆန္ဒနယ်မြေ(၇)မှဦးနိုင်သီဟ က တိုင်းရင်းသားများ၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည့် တိုင်းရင်းသားစာပေ၊ ဘာ
သာစကားနှင့် ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းရန် အရေးကြီးကြောင်းပြောခဲ့ပြီး တိုင်းရင်းသားဘာသာကို လေ့လာသင်ကြားခွင့်နှင့် တိုင်း
ရင်းသားစာပေကို နှစ်သက်မြတ်နိုးကြရန်တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၁၀)မှ ဦးကျော်နီနိုင်မှလည်း မတူညီကွဲပြားသော်လည်း စည်းလုံးညီညွတ်ကြရန်လိုအပ်ကြောင်း
ပြောကြားခဲ့ပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တန်းတူညီတူ အခွင့်အရေးရရှိဖို့သေချာစေရန် တောင်းဆိုလိုက်သည်။