ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ရှေးဟောင်းအဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းမည်

...

ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ရှေးဟောင်းအဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းမည်

Myanmar Times, 06 Mar 2017

URL: http://www.mmtimes.com/index.php/business/property-news/25199-heritage-preservation-potential-boost-for-tourism.html
မတ်လ(၁)ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လူမှုကွန်ယက်တွင် ဗွီဒီယိုတစ်ခုတင်ခဲ့ရာ ဗွီဒီယိုထဲတွင် ဒေသကြီးအစိုးရသည် ရန်ကုန်ရှိရှေးဟောင်းအမွေအနှစ်
အဆောက်အဦး(၂၀၀)ဝန်းကျင်ကို တာရှည်ခံမှုရှိအောင် ထိန်းသိမ်းနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

" ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းအဆောက်အဦးအလုံး(၂၀၀)လောက်ကို ထိန်းသိမ်းနေပါပြီ…ကျွန်တော်တို့အသစ်ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့လည်း စီစဉ်ထားပါတယ်….
ဟိုတယ်နှင့်ခရီးသွားလာရေးရုံးအဆောက်အဦးဟောင်းနဲ့ အတွင်းဝန်ရုံးကို နဂိုမူလအတိုင်းမထိခိုက်စေပဲ ပြုပြင်မှာပါ။ စီမံကိန်း ဒေသကြီးအစိုးရက ကြီးကြပ်လုပ်ဆောင်ပါမယ် " ဟု
ဝန်ကြီချုပ်က ပြောခဲ့သည်။

ရန်ကုန်ရှေးဟောင်းအမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့(YHT)၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရန်ကုန်ဒေသကြီးအစိုး
ရသည် ပြုပြင်ထိန်းသိမ်းမှုနှင့် အထိမ်းအမှတ်မော်ကွန်းစာရေးထိုးရန်အတွက်အပြာရောင်သတ္တုပြားများစတင်တပ်ဆင်နေပြီဖြစ်သည်။

လက်ရှိတွင် အပြာရောင်သတ္တုပြား(၁၇)ပြားကို အဆောက်အဦးတွင် တပ်ဆင်ခဲ့ပြီးဖြစ်ပြီး သတ္တုပြား(၁၀၀)ကျော် တပ်ဆင်ရန်စတင်စီစဉ်နေပြီဖြစ်သည်။

ထို့ပြင် YHT သည် ရန်ကုန်ရှိ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် အဆောက်အဦး(၁၆၀)ခန့်ပါဝင်သည့် ၎င်းတို့စာရင်းပြုစုထားသော ရှေးဟောင်းအမွေအနှစ်အ
ဆောက်အဦးစာရင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်သွင်းခဲ့ပြီး အများစုမှာ နိုင်ငံပိုင်အဆောက်အဦးများဖြစ်သည်ဟု YHT ဒါရိုက်တာဖြစ်သူဒေါ်မိုးမိုးလွင်က ပြောခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးရုံးအဆောက်အဦးဟောင်းသည် ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်ရောက်ရှိနေပြီဖြစ်သည်ဟု သူမကပြောသည်။

၂၀၁၂ ခုနှစ်တွင် လုပ်ငန်းကျွမ်းကျင်သူများက စီးပွားရေးနှင့်ဆက်နွယ်နေသည့် ခရီးသွားလုပ်ငန်းအတွက် ရှေးဟောင်းအဆောက်အဦးများသည် အသုံးဝင်မှုရှိကြောင်း၊ ကိုလိုနီခေတ်
အထင်ကရအဆောက်အဦးများကို နိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ထိန်းသိမ်းသင့်ကြောင်း မြန်မာတိုမ်းသို့ပြောခဲ့သည်။ နောင်လာမည့်အနာဂတ်တွင် ရန်
ကုန်၌ ရှေးဟောင်းအဆောက်အဦးများကို ထိန်းသိမ်းပြုပြင်မှုများသည် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဖြစ်လာနိုင်သည်။

ထုတ်ပြန်ကြေငြာသည့်အချက်အလက်အနည်းငယ်အရ အဆောက်အဦးအလုံး(၂၀၀)အား ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ် သည် ကာလတို၊ ကာလရှည် နှစ်ခုစလုံးအတွက် ခရီး
သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေမည့် ထိရောက်မှုရှိသည့်နည်းလမ်းဟုတ်မဟုတ်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။