တိုင်းရင်းသားစာပေသင်ကြားရန် ကျောင်းဆရာ၊ ဆရာမ ၅၀၀၀ကျော်ငှားရမ်း

...

တိုင်းရင်းသားစာပေသင်ကြားရန် ကျောင်းဆရာ၊ ဆရာမ ၅၀၀၀ကျော်ငှားရမ်း

Myanmar Times, 10 Jan 2018

URL: https://www.mmtimes.com/news/over-5000-ethnic-language-teachers-hired.html
အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားကလေးငယ်များ၏ သင်ကြားသင်ယူမှု အဆင်ပြေချောမွေ့စေရန်နှင့် သင်ယူတတ်မြောက်မှုအရည်အသွေး ပိုမိုမြင့်မားလာရေး သင်ကြားသည့် ဘာသာရပ်များကို
တိုင်းရင်းသားဘာသာ စကားဖြင့် လိုအပ်သည်များကို ကူညီရှင်းပြသင်ကြားပေးရန် နေ့စားလပေး(Teaching Assistant)များ လိုအပ်နေ ကြောင်း အခြေခံပညာဦးစီးဌာနမှ ဇန်နဝါရီ ၉ ရက်၌ သိရသည်။

ထိုသို့ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ သင်ကြားသင်
ယူမှု ပူးပေါင်းဆောင်ရွက် ရန် နေ့စားလပေး ၅၁၆၁ ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူပြီး မြောက်နိုင်ရေးကို အလေး အနက်ထားဆောင်ရွက်လျက်ရှိရာ ပညာသင်ယူသူကလေးတိုင်း စာဖတ်စွမ်းရည်၊ အရေးစွမ်း
ရည်နှင့်အတွက် စွမ်း ရည်များမြင့်မားလာစေရန် နေ့စားလပေးများကို တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ကာ ဘွဲ့ရရှိသူများကို ဆရာအတတ် ပ ညာသင်တန်းများသို့ တက်ရောက်စေပြီး မူလတန်းပြဆရာ၊ ဆရာမများ
အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံအနှံ့ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေ့စားလပေးစုစုပေါင်း ၅၁၆၁ ဦးကို တာဝန်ပေးခန့်အပ်ထားကြောင်းသိရသည်။