မဲထည့်ရာတွင် မသန်စွမ်းသူများကို UEC မှ ကူညီပေးမည်

...

မဲထည့်ရာတွင် မသန်စွမ်းသူများကို UEC မှ ကူညီပေးမည်

Myanmar Times, 22 Jan 2018

URL: https://www.mmtimes.com/news/uec-appeals-help-getting-disabled-people-polls.html
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မသန်စွမ်းသူများ မဲထည့်ရာတွင် ပိုမိုအဆင်ပြေမှုရှိစေဖို့အတွက် အကူအညီပေးရန်ကြိုးပမ်းနေကြောင်း မြန်မာတိုမ်းသို့ပြောကြားခဲ့သည်။

မဲထည့်ခြင်းစနစ်ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နေပြီး ထိုစနစ်သည် မသန်စွမ်းသူများအတွက် ပိုမိုအဆင်ပြေပြေမဲထည့်နိုင်အောင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ဆောင်ရန် အများပြားကျန်နေသေးကြောင်း UEC မှဥက္ကဌဖြစ်သူ ဦးလှသိန်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံတကာအလှူရှင်တွေဆီကနေ အကူအညီတွေရနိုင်သလောက်ရရှိအောင်ကြိုးစားနေပါတယ်"ဟု ၎င်းကပြောသည်။ “မဲရုံကို မသန်စွမ်းသူတွေလာနိုင်အောင် ဝှီးချဲလ်
တွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ မျက်စိအမြင်အာရုံချို့တဲ့နေသူတွေအတွက်လည်း မဲထည့်ရာမှာ ပိုမို အဆင်ပြေစေဖို့အတွက် ပစ္စည်းတွေ ကျွန်တော်တို့လိုအပ်ပါတယ်။ ဒီအချိန်မှာ
အစိုးရအနေနဲ့ ဒီလိုပစ္စည်းတွေကို မပံ့ပိုးနိုင်သေးပါဘူး။"

တရားဥပဒေအောက်၌ မသန်စွမ်းသူများ နိုင်ငံရေးလုပ်ဆောင်မှုများတွင်ပါဝင်နိုင်သည့် အခွင့်အရေးသည် အာမခံမှုနှင့်ကာကွယ်မှုအပြည့်အဝရှိသည်။

ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲနေရာ (၇)နေရာကို UEC က ကြေငြာခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာပြည် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၄.၅ ရာခိုင်နှုန်း သို့ ၂၃၆၈ ၃၀၀ ဦးရေသည် မသန်စွမ်းသူများဖြစ်သည်။