ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာရန် ထိုင်းနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်

...

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာရန် ထိုင်းနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်

Frontier Myanmar, 29 Jan 2018

URL: https://frontiermyanmar.net/en/tanintharyi-commerce-chamber-chief-thailand-tourism-cooperation
တနင်္သာရီဒေသကြီးနှင့် အိမ်နီးချင်းထိုင်းနိုင်ငံရှိ ကန်ချနဘူရီခရိုင်အတွင်း ပိုမိုနီးကပ်စွာ အချိတ်အဆက်ရှိခြင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေဖို့ အကူအညီများ ဆောင်ကျည်းပေးနိုင်ကြောင်း ၊အထူးသဖြင့် ကမ္ဘာလည့်ခရီးသွားလုပ်ငန်းများတွင်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်ကြီးများအသင်းမှ အကြီးအကဲတစ်ဦးဖြစ်သူ ဦးရဲထွဋ်က ပြောခဲ့သည်။

နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များသည် ထားဝယ်နှင့် ကန်ချနဘူရီမြို့အား ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ညီအစ်မမြို့များအဖြစ် ပြုလုပ်ရန်လိုလားသော်လည်း အစိုးရမှ ပံ့ပိုးပေးရန် လိုအပ်
သည်ဟု ဦးရဲထွဋ်က ဆိုသည်။

တနင်္သာရီဒေသကြီးမြို့တော်ဖြစ်သော ထားဝယ်နှင့် ကန်ချနဘူရီအား ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပေးရန်၂၀၁၁ ခုနှစ်ကတည်းကပင်ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံအတွင်းသဘောတူညီချက်တစ်ခုမှာ ညီအစ်မမြို့တော်သည် ကန်ချဘူရီနှင့်အတူပူးပေါင်း၍ ခရီးသွားလုပ်ငန်းကောင်းမွန်လာစေရန် ဦးတည်ထားမည်ဖြစ်ပြီး ယမန်နှစ်က နိုင်ငံခြားသားဧည့်သည်
၉သန်းကျော်ကို ဆွဲဆောင်နိုင်ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။