လာဘ်မပေး၍အလုပ်မဖြစ်ဟု တရားဝင်တိုင်ကြားပါက အရေးယူမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြား

...

လာဘ်မပေး၍အလုပ်မဖြစ်ဟု တရားဝင်တိုင်ကြားပါက အရေးယူမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြား

Mizzima, 29 Aug 2018

URL: http://www.mizzima.com/business-domestic/myanmar-state-counsellor-calls-anti-corruption-society
စီးပွားရေးနယ်ပယ်သည် အဂတိလိုက်စားနိုင်ခြေအလွန်များပြီး လာဘ်မပေး၍ အလုပ်မဖြစ်ဆိုပါက အစိုးရကို တရားဝင် ပြောကြားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က သြဂုတ် ၂၇ ရက်တွင် နေပြည် တော်ရှိ MICC 1 ၌ ကျင်းပသည့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်း ရှင်များတွေ့ဆုံပွဲ အဖွင့်မိန့်ခွန်း၌ ပြောကြား ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဂုဏ်သိက္ခာ ဆိုသည်မှာ အဆိုပါ နိုင်ငံတွင် မည်မျှအဂတိ လိုက်စားမှုကင်းရှင်းသည့်အပေါ် မူတည် ကြောင်း၊ မကြာသေးမီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်တို့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ထားပြီး စီးပွားရေးလုပ်ငန်းရှင်တို့၏ စိုးရိမ်ပူပန်မှုများကို သိရှိထားရကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

"တချို့ကိစ္စတွေဟာ စီးပွားရေးလုပ်ငန်းရှင် တွေဘက်ကနဲ့ဆိုင်ပါတယ်။ ဥပမာအားဖြင့် လာဘ်ပေးလာဘ်ယူမှုဆိုတာဟာ ယူတဲ့လူပဲ ရှိတာမှမဟုတ်ဘဲ ပေးတဲ့လူတွေလည်း ရှိနေတာပါပဲ။ ပေးတဲ့လူတွေက မပေး လို့ရှိရင် ယူတဲ့လူ ရှိနိုင်မလား။ အဲ တချို့က ပြောမှာပေါ့--- မပေးလို့ရှိရင် အလုပ်မဖြစ်ဘူးလို့။ ဒီလိုမပေးလို့ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မတို့ကို တရားဝင် ပြောလို့၊ တိုင်လို့ရ ပါတယ်၊ ကျွန်မတို့ အရေးယူ မှာပါ။ မသိကျိုးကျွန်လုပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်တဲ့လူမရှိရင်တော့ အရေးယူရတာ ခက်ပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

"ကြည့်လိုက်တဲ့အခါမှာ လာဘ်ပေးလာဘ် ယူနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို တွေ့ရ ပါတယ်။ ဒါလည်း ကောင်းပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ အဂတိလိုက်စားမှုကို မနှစ်သက်ဘူးဆိုတာဟာ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာပါ။ အများအားဖြင့် ပြောကြတာက ဝန်ထမ်းတွေ အဂတိလိုက်စားမှု အင်မတန်များတယ်ဆိုတာ၊ ဝန်ထမ်းတွေအားလုံး ဘာလုပ်နေလဲဆို တာကို အစိုးရအနေနဲ့ သိဖို့ ဆိုတာ တကယ်တော့မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်း စီးပွားရေးအရ အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်လာနိုင်ပါက ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု များလည်း ယုံကြည်စွာဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။