KNU နယ်မြေအတွင်း ကျန်းမာရေးလုပ်သား လိုအပ်ဆဲဟု KDHW ဆို

...

KNU နယ်မြေအတွင်း ကျန်းမာရေးလုပ်သား လိုအပ်ဆဲဟု KDHW ဆို

Karen Information Center,, 05 Sep 2018

URL: https://www.bnionline.net/en/news/health-workers-are-still-needed-knu-areas-kdhw-says
KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးရန် ကျန်းမာရေးလုပ်သား လိုအပ်နေဆဲ အခြေအနေတွင် ရှိနေသေးကြောင်း KNU ၏ ကျန်းမာရေးဌာနဖြစ်သည့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ် ရေးဌာန-KDHW က ပြောဆိုသည်။

ထိုသို့ လိုအပ်ဆဲအခြေအနေများကြောင့် ဒူးပလာ ယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ တောနော်သင်ကြား ရေး ဆေးရုံတွင် ယမန်နေ့ (စက်တင်ဘာလ ၃ ရက်)က အခြေခံ ကျန်းမာရေးအဆင့်အောင်မြင်ပြီး သော ကျန်းမာရေးလုပ်သားများကို ဆေးမှူးသင် တန်းကျောင်း ထပ်မံဖွင့်လှစ်ပေးခဲ့ရသည်ဟု KDHW ဗဟိုသင်တန်းတာဝန်ခံ စောအယ်ဖို့က ပြောသည်။

“လက်ရှိကျနော်တို့ ဝန်ဆောင်မှုပေးနေတဲ့ နေရာဒေ သတွေမှာ ကျန်းမာရေးလုပ်သားလူဦးရေက အ ချိုးကျ လိုအပ်နေသေးတဲ့အခြေအနေမှာ ဒါကို ရည်ရွယ်ပြီးတော့ ဆေးမှူးတွေကို ပြန်ပြီးမွေးထုတ်တယ်။ ကျနော်တို့ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုက အရင်ကျန်းမာရေး လုပ်သား တွေက အခြေအနေအမျိုးမျိုးကြောင့် ထွက်သွားကြတာလည်းရှိတာပေါ့။ အခုလောလောဆယ်ကတော့ လိုနေဆဲအခြေအနေမှာ ဒါကို ကျနော်တို့က ဆက်ပြီး မွေးထုတ်ရမဲ့ အခြေအနေမျိုးမှာရှိနေသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းသင်တန်းကို KNU ၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ မူတြော်( ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် (၇)ခုလုံးရှိ အခြေခံကျန်းမာရေးလုပ်သားများနှင့် KDHW ၏ ကျန်းမာရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် နယ်စပ် ကျန်းမာရေးအဖွဲ့အစည်းများမှ ကျန်းမာရေးလုပ်သားများကို အဓိက ခေါ်ယူ၍ ဝင်ခွင့် အောင်မြင်သည့် ကျန်းမာရေး လုပ်သားများ ကိုသာ တက်ရောက်ခွင့်ပေးပြီး လက်ရှိသင်တန်းသား (၃၉)ဦးတက်ရောက်သွားမည်ဖြစ်သည်ဟု စောအယ်ဖို့က ဆက်ပြောသည်။

သင်ကြားရေးပိုင်းဆိုင်ရာနှင့် အထောက်အပံ့များကို Hope for the World အဖွဲ့အစည်း၏ ကူညီထောက်ပံ့ပေးမှုဖြင့် (၁၁)လကြာ စာတွေ့လက်တွေ့နှစ်ရပ်လုံးပါ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအောင် မြင်သွားသည့် ကျန်းမာရေးဆေးမှူးများကို အသိအ မှတ်ပြုလက်မှတ်များထုတ်ပေးကာ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု များလိုအပ်နေသည့် ဒေသအသီးသီးတွင် တာဝန်ပေး အပ်သွားမည်ဟု KDHWက ဆိုသည်။

အဆိုပါ ကော်သူးလေဆေးမှူးသင်တန်း (Kawthoolei Medic Training)ကို ယခင် ၂၀၁၀ ခုနှစ်မှစ၍ စတင်ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်တွင် (၇) ကြိမ်မြောက်ရှိသွားပြီးဖြစ်သည်ဟု သိရသည်။