ဖေဖော်ဝါရီလ(၁)ရက်နေ့စတင်မည့်လွှတ်တော်သစ်တွင်ပါဝင်လာမည်ဒေါ်အောင်ဆန်းစုကြည်ပါတီ

...

ဖေဖော်ဝါရီလ(၁)ရက်နေ့စတင်မည့်လွှတ်တော်သစ်တွင်ပါဝင်လာမည်ဒေါ်အောင်ဆန်းစုကြည်ပါတီ

South China Morning Post, 06 Jan 2016

URL: http://www.scmp.com/news/asia/southeast-asia/article/1898412/aung-san-suu-kyis-victorious-nld-party-will-join-parliament
အနိုင်ရပါတီဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်ပါတီမှအဖွဲ့ဝင်များသည်ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်လွှတ်တော်၌စတင်တာဝန်ထမ်းဆောင်
မည်ဖြစ်ကြောင်းမြန်မာ့ပြောရေးဆိုခွင့်ရှိသူမှဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်၊စစ်အုပ်ချုပ်ရေးအောက်၌ရာစုနှစ်များစွာကျရောက်ခဲ့ပြီး
နောက်နိုင်ငံအတွက်ခေတ်သစ်ကိုစတင်လာနေခြင်းဖြစ်သည်။

လွှတ်တော်၏ပြောရေးဆိုခွင့်ရှိသူဦးရွှေမန်း၏ကြေငြာချက်၌လွှတ်တော်ကိုယ်စားလှယ်အားလုံးသည်၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်နေ့၊
မနက်(၁၀)နာရီအချိန်တွင်လွှတ်တော်သစ်သို့စတင်တက်ရောက်ကြရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။

သို့သော်လည်းခက်ခဲရှုပ်ထွေးမှုရှိသောနိုင်ငံရေးစနစ်အောက်တွင်အစိုးရသစ်သည်လုပ်ငန်းတာဝန်များကိုဖြည်းဖြည်းချင်းလွှဲပြောင်းယူ
ဆောင်သွားမည်ဖြစ်သည်၊မတ်လ(၃၁)ရက်နေ့တွင်လက်ရှိအစိုးရဖြစ်သောသမ္မတဦးသိန်းစိန်အစိုးရပြီးမှသာဖြစ်ပေါ်လုပ်ဆောင်နိုင်မည်
ဖြစ်သည်။