Got it!

This website uses cookies to offer you the best experience online. By continuing to use our website, you agree to the use of cookies.

ထိုင်းနိုင်ငံအတွင်းရှိဒုက္ခသည်များလာမည့် ၂၀၁၄ ခုနှစ်သန်းကောင်စာရင်းတွင်ထည့်တွက်မည်

...

ထိုင်းနိုင်ငံအတွင်းရှိဒုက္ခသည်များလာမည့် ၂၀၁၄ ခုနှစ်သန်းကောင်စာရင်းတွင်ထည့်တွက်မည်

Democratic Voice of Burma, 04 Nov 2013

URL: http://www.dvb.no/news/burma-to-count-thailand-refugees-in-2014-census/34045
အခြားနိုင်ငံများ၌နေထိုင်​သောမြန်မာနိုင်ငံသားများနှင့်ဒုက္ခသည်များအပါအဝင်သန်းကောင်စာရင်းကောက်ခံရန်စာရင်းထဲတွင်ပါဝင်ရန်အတွက်ထိုင်းနိုင်ငံအာဏာပိုင်များနှင့်သဘောတူညီမှုအတွက်ဆွေးနွေး ရန်အတွက်အစိုးရဘက်ကအစီအစဥ်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူလူထုတို့၏ထွက်ဆိုက်အရလာမည့် ၂၀၁၄ ခုနှစ်သန်းကောင်စာရင်းကောက်ခံရန်တွင်ထိုင်းနိုင်ငံအတွင်း၌နေထိုင်သောဒုက္ခသည် ၁၃၀၀၀၀ယောက်အားပါဝင်စေချင်ပါသည်။
လူဦးရေဌ္ဌာနမှညွန်ကြားရေးမှူးချုပ်မြင့်ခိုင်ကနိုင်ငံခြား၌နေထိုင်သောမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးသန်းကောင်စာရင်းကောက်ခံရန်တွင်အားလုံးပါဝင်သွားမည်ဟု(DVB)ကိုပြောပါသည်။
၎င်းသန်းကောင်စာရင်းကောက်ခံရန််တွင်မိသားစုစာရင်းဝင်များရရှိနိုင်ရန်အတွက်နည်းလမ်းနှစ်ခုဖြင့်ဆောင်ရွက်ရန်စီစဥ်ထားပါသည်ဟုမြင့်ခိုင်ကဆိုပါသည်။
မြန်မာနိုင်ငံအတွင်းမနေထိုင်သောဒုက္ခသည်များအတွက်သက်ဆိုင်ရာမုင်ငံများနှင့်တနိုင်ငံစီရဃိဒေသအာဏာပိုင်များထံမှသဘောတူညီမှုရရှိရန်ညှိနှိုင်းမည်ဖြစ်သည်။
သန်းကောင်စာရင်းကောက်ခံရန်တွင်လာမည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှဧပြီလ ၁၀ ရက်နေ့အကြားဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုအချိန်၌မြန်မာနိုင်ငံအတွင်နေထိုင်သူများအားလုံးလူမျိုးစုနှင့်လူမျိုးမရွေးကောက်ခံသွားမည်ဖြစ်သည်။ စစ်တိုက်ဖြစ်ပွါးမှုဒေသအောက်၌ကျန်ရှိနေသေးသောလူမျိုးစုများ၊ရှမ်းနှင့်ကချင်ပြည်နယ်အပါအဝင် ၎င်းအခက်အခဲများကိုတင်ပြမည်ဖြစ်သည်။ သို့သော်အစိုးရကသန်းကောင်စာရင်းကောက်ခံခြင်ဌ္ဌာနမှသက်ဆိုင်ရာဒေသခံများနှင့်ဘာသာရေးခေါင်းဆောင်များနှင့်ညိနှိုင်းပြီးတိကျသောလူဦးရေကောက်ခံရန်အတွက်ဆောင်ရွက်သွားမည်ဖြစ်သည်။
၁၉၇၃ ခုနှစ်၌လူဥရေ ၁၈.၉၂ သန်းနှင့် ၁၉၈၃ ခုနှစ်တွင် လုဦးရေ ၃၅ သန်းဖြင့်နှစ်ကြိမ်သန်းကောင်စာရင်းကောက်ခံလျက်ရှိခဲ့ပြီးဖြစ်သည်။ ထိုအချိန်တွင်ရိုဟင်ဂျာနှင့်စစ်မြေပြင်ဒေသနယ်မြေများအတွင်း၌ရှိသောလူမျိုးစုလူဦးရေများမပါဝင်ခဲ့ပါ။