တပ်မတော်မှသိမ်းယူထားသောလယ်ယာမြေများပြန်လည်ပေးအပ်ခြင်း

...

တပ်မတော်မှသိမ်းယူထားသောလယ်ယာမြေများပြန်လည်ပေးအပ်ခြင်း

Myanmar Times, 09 Feb 2014

URL: http://www.mmtimes.com/index.php/home-page/142-in-depth/9527-army-to-return-150-000-acres-to-original-owners-2.html
တပ်မတော်အကြီးအကဲဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှစစ်တပ်အတွက်သိမ်းယူထားသောလယ်မြေဧက၁၅၀,၀၀၀ထက်မနည်းမူလပိုင်ရှင်များထံပြန်ပေးလိုက်ပြီဖြစ်ကြောင်းပြည် ထောင်စုလွှတ်တော်တွင်ကာကွယ်ရေးဒုတိယဝန်ကြီးမှပြောကြားလိုက်သည်။
အပြီးသတ်စာရင်းအရ၁၅၄,၁၁၆.၄၈ဧကပြန်လည်ပေးအပ်ခဲ့ပြီးမကြာမီပြည်တွင်းသတင်းစာတွင်ပုံနှိပ်ဖော်ပြမည်ဖြစ်ကြောင်းဗိုလ်မှူးကျော်ညွန့်မှပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များကိုဖေဖော်ဝါရီ(၅)ရက်နေ့တွင်ပြောကြားခဲ့သည်။
“တပ်မတော်အနေနဲ့နိုင်ငံတော်ဘဏ္ဍာအနေဖြင့်သိမ်းယူထားသောမြေများကိုစွန့်လွှတ်ရန်ဆောင်ရွက်ခဲ့ပြီးထပ်မံသိမ်းယူမှုများပြုလုပ်ရန်အစီအစဥမရှိပါ”ဟုဗိုလ်မှူးကျော်ညွန့်မှ​
ပြောဆိုလိုက်သည်။
စိုက်ပျိုးရေးဆိုင်ရာလုပ်ဆောင်မှုများအတွက်ငွေကြေးထောက်ပံ့မှုများပါဝင်သောကာကွယ်ရေးဝန်ကြီးဌာန၏၂၀၁၄-၂၀၁၅ဘတ်ဂျက်မူကြမ်းကိုMPsမှဝေဖန်ခဲ့ပြီးနောက်ပိုင်း၌ ခွင့်ပြုချက်ရလာခဲ့ခြင်းဖြစ်သည်။တပ်မတော်နှင့်မဆိုင်သည့်ကိစၨများကိုရပ်သင့်ပြီးလေ့ကျင့်မှုများတွင်သာအရုံစိုက်သင့်ကြောင်း MPs အဖွဲ့ဝင်တဦးမှပြောကြားခဲ့သည်။
တပ်မတော်အနေနဲ့အငြင်းပွားဖွယ်ရာမြေယာများကိုဆုံးဖြတ်ချက်ချပေးမှုများအားဦးစားပေးလုပ်ဆောင်နေကြောင်းဒုတိယဝန်ကြီးဗိုလ်မှူးကြီးကျော်ညွန့်မှအခိုင်အမာပြောဆိုခဲ့
သည်။
၎င်းအနေနဲ့အကြောင်းကိစၨများကိုဆုံးဖြတ်ချက်ချဖို့နည်းလမ်းရှိပြီးထိုနည်းလမ်းများဖြင့်တပ်မတော်နှင့်ပြည်သူလူထုအတွင်းဆက်ဆံရေးကိုဆက်ဆံရေးကိုပြန်လည်တည်ဆောက် နိုင်မည်ဟုသူမှယုံကြည်ကြောင်းပြောဆိုခဲ့သည်။
တပ်မတော်မှ၎င်းတို့၏မြေများတွင်လုပ်အားပေးခိုင်းစေမှုများကိုဆက်လက်အသုံးပြုတော့မှာမဟုတ်တော့ပဲကျွန်တော်တို့ကိုလည်းထိုသို့ပြုလုပ်ဖို့ခွင့်ပြုထားတဲ့ဥပဒေမရှိပါဘူးဟု ၎င်းမှပြောကြားခဲ့သည်။