ကရင်ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးတွင်ပါဝင်နိုင်ရန်ဆွေးနွေး

...

ကရင်ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးတွင်ပါဝင်နိုင်ရန်ဆွေးနွေး

Democratic Voice of Burma, 14 Mar 2014

URL: http://www.dvb.no/news/karen-monks-pastors-voice-support-for-peace-process-burma-myanmar/38434
ဗုဒ္ဓဘာသာနှင့်ခရိယာန်ဘာသာနှစ်ဘက်စလုံးမှကရင်တိုင်းရင်းသားဘာသာရေးခေါင်းဆောင်များသည်ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
မြန်မာအစိုးရတို့အတွင်းလက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များတွင်၎င်းတို့အနေဖြင့်ဘယ်လိုပါဝင်နိုင်မလဲဆိုသည့်ရည်ရွယ်ချက်နှင့်ယခုတ
ပတ်အစောပိုင်း၌ကရင်ပြည်နယ်ဘားအံမြို့တွင်တွေ့ဆုံကာဆွေးနွေးခဲ့ကြသည်။

မတ်လ(၁၁-၁၂)ရက်တို့တွင်ကရင်ပြည်နယ်၏မြို့တော်ဖြစ်သောဘားအံမြို့ရှိသုမေဓရာမတောရကျောင်းတိုက်တွင်ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မန္တလေး
တိုင်း၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းတို့အပါအဝင်မြန်မာပြည်ရှိအမျိုးမျိုးသောအနယ်နယ်အရပ်ရပ်မှဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်
ခရိယာန်သင်းအုပ်ဆရာများအယောက်(၉၀)ထက်မနည်းတွေ့ဆုံကာနှစ်ရက်တာဆွေးနွေးခဲ့ကြသည်ဟုဗုဒ္ဓဘာသာဘုန်းတောကြီးအရှင်စန္ဒာဝရကမိန့်
ဆိုခဲ့သည်။

“မြန်မာအစိုးရနဲ့ကရင်အမျိုးသားအစည်းအရုံးတို့ငြိမ်းချမ်းရေးတည်ဆောင်ရာမှာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိအောင်ဆောင်ရွက်နေပါတယ်၊
ဒါပေမယ့်ဦးဇင်းတို့အနေနဲ့ကူညီဖို့နည်းလမ်းတွေရှာပေးတာတွေနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ရာမှာရည်ရွယ်ချက်ရှိရှိနဲ့ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့
တွန်းအားပေးနိုင်ပါတယ်”ဟု၎င်းမှမိန့်ကြားခဲ့သည်။

“ဘာသာရေးခေါင်းဆောင်များပါဝင်မှသာလျှင်စစ်မှန်တဲ့ငြိမ်းချမ်းရေးအမြန်ရရှိမယ်လို့ယုံကြည်ပါတယ်”ဟုမိန့်ဆိုခဲ့သည်။

ဘာသာရေးခေါင်းဆောင်အယောက်ကိုးဆယ်မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက်အချက်(၈)ချက်ပါဝင်သောသဘောထားကိုထုတ်ပြန်ကြေငြာခဲ့ပြီးစေ့
စပ်ဆွေးနွေးမှုများတွင်ရိုးသားဖြောင့်မတ်ကာတရားမျှတကြဖို့တိုက်တွန်းလိုက်သည်။အခြားအချက်များတွင်ငြိမ်းချမ်းရေးဆိုင်ရာအသိပညာပေးမှုတွေကို
ပြည်တွင်းဒေသခံတွကိုအသိပေးရန်နှင့်ဆယ်စုနှစ်များကြာပဋိပက္ခဖြစ်နေမှုကြောင့်ရွာပုန်းရွာရှောင်ရွာသားများနှင့်ဒုက္ခသည်တွေကိုပြည်လည်နေရာချထား
ဖို့တောင်းဆိုခဲ့သည်။