ရေကာတာတည်ဆောက်ရေးများပြန်လည်မစတင်မီစစ်မှန်တဲ့ငြိမ်းရေးကို KNUလိုလား

...

ရေကာတာတည်ဆောက်ရေးများပြန်လည်မစတင်မီစစ်မှန်တဲ့ငြိမ်းရေးကို KNUလိုလား

Karen News, 17 Mar 2014

URL: http://www.dvb.no/dvb-video/knu-wants-genuine-peace-before-dam-construction-resumes-burma-myanmar/38564
ကရင်အအမျိုးသားအစည်းအရုံးမှ၎င်းတို့အနေနှင့်ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိပြီးသည့်တိုင်အောင်ကရင်ပြည်နယ်တရှိဆော(လ်)လဝင်းမြစ်ပေါ်ရှိဟက်ကြီး
ရေကာတာကိုပြန်လည်စတင်ဖို့ခွင့်ပြုမှာမဟုတ်ကြောင်းကိုDVBအင်တာဗျူးတခုတွင်ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်တွင်မြန်မာအစိုးရသည်တရုတ်နှင့်ထိုင်းတို့အားဆော(လ်)ဝင်းမြစ်တလျှောက်တွင်ဟိုက်ဒရိုပါဝါရေကာတာခြောက်ခုကိုတည်ဆောက်ရန်အတွက်ဆက်လက်
လုပ်ဆောင်​စေခဲ့သည်။ရေကာတာခြောက်ခုသည်တိုင်းရင်းသားနယ်မြေများကိုဖြတ်သန်းစီးဆင်းသွားကာအများမှာပဋိပက္ခဖြစ်နေသောဇုန်များတွင်ဖြစ်သည်။

ရေကာတာတည်ဆောက်ရေးကိုကန့်ကွက်သောKNUမှ၎င်းတို့သည်စီမံကိန်းနှင့်ပက်သက်ပြီးအလွယ်တကူပိုမိုသိမြင်နိုင်သည်ကိုလိုချင်ကြပြီသူတို့ကိုစစ်မှန်တဲ့ငြိမ်းချမ်း
ရေးတခါတည်းအောင်မြင်အောင်စွာရရှိဖို့တခုတည်းသာတွေးတောလိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။

“ဟတ်ကြီးရေကာတာဟာကျွန်တော်တို့ထိန်းချုပ်ထားတဲ့နယ်မြေအောက်မှာရှိ​ပါတယ်။

ကျွန်တော်တို့ဘက်ကအနေအထားအရနိုင်ငံရေးဆွေးနွေးမှုတွေလုပ်ပြီးတဲ့နောက်ပိုင်းအာမခံချက်တွေရရှိလာတဲ့တိုင်အောင်ကြီးမားတဲ့စီမံကိန်းကိုလုပ်ဖို့ခွင့်မပြုပါဘူး”
ဟုKNUတပ်မဟာ(၅)ရှိပြောရေးဆိုခွင့်ရှိသူစောကလယ်ဒို့မှပြောကြားခဲ့သည်။

ဟက်ကြီးရေကာတာသည်ရေကာတာများထဲတွင်ဆော(လ်)ဝင်းမြစ်ပေါ်၌တည်ဆောက်ရေးများစတင်ရန်အတွက်ပထမဆုံးရေကာတာဖြစ်သည်။သို့သော်လည်း၂၀၀၇ခု
နှစ်တွင်စီမံကိန်းအနီးအနား၌KNUနှင့်​တိုက်​ပွဲ​များ​ဖြ​စ်ပွားမှုကြောင့်လုပ်ငန်းလည်ပတ်မှုကိုဆိုင်းငံထားရသည်။

ထိုင်းအစိုးရသည်ပြီးခဲ့သောအောက်တိုဘာလတွင်မြန်မာအားဆောက်လုပ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်အမြင့်လုပ်ဆောင်ရန်ဖိအားပေးခဲ့သည်၊သို့ပေမယ့်လည်းအပစ်
အခတ်ရပ်စဲရေးသဘောတူညီမှုများရရှိမှုမတိုင်မှီလုပ်ငန်းများကိုပြန်လည်စတင်ရန်ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်းကိုKNUမှပြောဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည်အောင်မြင်မှုမရရှိသေးပေ။“အခုလောလောဆယ်မှာတော့အပစ်အခတ်ရပ်စဲရေးနဲ့ပက်သက်ပြီးဆုံးဖြတ်ချက်တွေရှင်းလင်းမှုမရှိတုန်းပါပဲ။နိုင်ငံရေးနဲ့
ဆိုင်တဲ့ဆွေးနွေးမှုတောင်မရှိသေးပါဘူး။အာမခံချက်တွေရဖို့လည်းဝေးနေပါသေးတယ်”ဟုစောကလယ်ဒို့မှပြောခဲ့သည်။

စီမံကိန်းကိုဆန္ဒပြခဲ့ကြပြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူအခွင့်အရေးအဖွဲ့များမှလည်းသဘောမတူလက်မခံနိုင်ပဲရှိကြသည်။ပတ်ဝန်းကျင်ပျက်စီးမှုများ၊အတင်းဓမ္မရွေ့ပြောင်း
ခြင်းများနှင့်လူအခွင့်အရေးချိုးဖောက်မှုများသည်ဤကြီးမားသောရင်းနှီးမြှပ်နှံမှုနှင့်အတူအလားတူဖြစ်ပွားနေသည်။
မည်သည့်ရင်းနှီးမြှပ်မှုမဆိုဒေသတွင်းနေထိုင်သူများကိုအကျိုးကျေးဇူးရရှိသင့်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဝိုင်းဝန်းကူညီပေးသင့်ကြောင်းKNUမှပြောကြားခဲ့သည်။

“အစိုးရနဲ့နယ်စပ်လက်နက်ကိုင်အစောင့်များမှဆက်လက်လုပ်ဖို့ခွင့်ပြုရင်တောင်မှကျွန်တော်တို့ခွင့်ပြုမှာမဟုတ်ပါဘူး၊ပြီးတော့ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်မှအဲ့ဒါကို
လုပ်ဖို့ခွင့်ပြုမှာမဟုတ်ပါဘူး”ဟုကေအဲန်ယူအတွင်းရေးမှူး(၁)ပဒိုစောသောသီဘွယ်မှပြောခဲ့သည်။

“အကယ်၍နိုင်ငံရေးတည်ငြိမ်မှုမရှိပဲစီမံကိန်းဖွံဖြိုးတိုးတက်မှုနဲ့နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေကိုလုပ်ဆောင်ဖို့မသင့်ဘူးလို့အစိုးရနဲ့တွေ့တဲ့အခါတိုင်းကျွန်တော်တို့ပြော
ခဲ့ပါတယ်”

ပြီးခဲ့သောသောကြာနေ့တွင်ရွာသူရွာသားအယောက်နှစ်ရာမှဆော(လ်)ဝင်းရေကာတွင်စုစည်းကာရေကာတာခြောက်ခုကိုဆိုင်းငံ့ပေးရန်အတွက်ဆုတောင်းပွဲနှင့်တောင်းဆိုပွဲကိုပြု
လုပ်ခဲ့ကြသည်။စံမံကိန်းကိုဆက်လက်ဆောင်ရွက်ခဲ့လျှင်ဆော(လ်)ဝင်းရေကာတာပျက်စီးသွားခဲ့မည်ကို၎င်းတို့မှစိုးရိမ်ပူပန်နေခဲ့ကြသည်။

လှုပ်ရှားပြောင်းလဲရေးဝါဒ၏အဖွဲ့ဝင်၁၅ဦးပူးပေါင်းပါဝင်သောမြန်မာပြည်မြစ်များကွန်ယက်မှဆော(လ်)ဝင်းမြစ်ပေါ်ရှိဟိုက်ဒရိုစီမံကိန်းအားလုံးကိုစုစုပေါင်းဆိုင်ငံပေးရန်
အတွက်သုံးသောင်းလေးထောင်နီးပါးရှိသောလူတဦးချင်းစီနှင့်အရပ်သားလူမှုအဖွဲ့တစ်ရာသုံးဆယ့်တစ်ဖွဲ့မှတို့၏စာရင်းများကိုထုတ်ပြန်ကြေငြာခဲ့သည်။

ဤတိုင်းရင်းသားထိန်းချုပ်နယ်မြေများတွင်ရေကာတာဆောက်လုပ်ရေးကိုဆက်လက်လုပ်ဆောင်ပါကငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအနှောက်အယှက်ဖြစ်စေမှာဖြစ်သည်
ဟုတိုင်းရင်းသားခေါင်းဆောင်များမှပြောကြားခဲ့သည်။