NESDB မှအချက်ပေး​မှု​များ​ရှိ​လာသောထားဝယ်စီမံကိန်း---အခြေခံအဆောက်အအုံများတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြရန်အစိုးရများမှတိုက်တွန်း

...

NESDB မှအချက်ပေး​မှု​များ​ရှိ​လာသောထားဝယ်စီမံကိန်း---အခြေခံအဆောက်အအုံများတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြရန်အစိုးရများမှတိုက်တွန်း

Bangkok Post, 19 Apr 2014

URL: http://www.bangkokpost.com/business/news/405550/nesdb-sounds-alarm-over-dawei-proj
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအစိုးတို့မှအခြေခံအဆောက်အအုံများနှင့်အသုံးဝင်ဆောင်လုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကျဆင်းလာပါကအလှမ်းကျယ်သောထားဝယ်စီမံကိန်းသည်ဖွံ့ဖြိုး
တိုးတက်ရန်အတွက်အခက်အခဲတွေနှင့်ကြုံရမည်ဟုအစိုးရစီမံကိန်းအေဂျင်စီမှသတိပေးလိုက်သည်။

“ပုံမှန်အားဖြင့်ကြီးမားတဲ့စီမံကိန်းတွေ(ဒါမှမဟုတ်)ကမ္ဘာအနှံကြီးမားတဲ့စက်မှုမြို့တွေကိုအစိုးရကကိုင်တွယ်ပါတယ်၊ပုဂ္ဂလိကအခန်းကဏ္ဍများကိုအလုပ်ရုံများတည်ထောင်ခြင်းဖြင့်အခွင့်အရေး
ကောင်းများရရှိလာမယ်လို့ကမ်းလှမ်းမှုများပြုလုပ်နေတဲ့အချိန်မှာပဲအသုံးတည့်တဲ့တာတွေနဲ့အခြေခံအဆောက်အအုံတွေမှာရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါတယ်”ဟုအမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုး
တက်ရေးဘုတ်အဖွဲ့(NESDB)၏အထွေထွေအတွင်းရေးမှူးArkhom Termpittayapaisithမှပြောကြားခဲ့သည်။
“ဒါပေမယ့်ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးယူဆမှုတွေဟာပုံမှန်လက်တွေ့လုပ်ဆောင်မှုတွေနဲ့ကွာခြားပါတယ်”

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းတွင်တည်ရှိသောထိုင်းနိုင်ငံနှင့်ချိတ်ဆက်ထားသည့်နှစ်လမ်းမောင်းအဝေးပြေးလမ်းမကြီး၊ဆိပ်ကမ်းအငယ်စားတစ်ခုနှင့်စက်မှုမြေရိုင်(ဧက)သုံးသောင်းစသည့်စီးပွား ရေးလုပ်ငန်းသုံးခုအတွက်ဖေဖော်ဝါရီလတွင်ဖွင့်ပေးခဲ့သည့်လုပ်ကိုင်ခွင့်လေလံဆွဲရာတွင်လေလံဆွဲသူများလျှောက်ထားခြင်းမရှိသောကြောင့်အလွန်ကြီးမားသည့်စီမံကိန်းသည်မကြာမီကအချိုးအ ကွေ့အသစ်တစ်ခုနှင့်ကြုံခဲ့သည်။

မူလအစီအစဉ်အတိုင်းရေးဆွဲထားသည့်အတိုင်းယဉ်အထူးထုတ်လုပ်သည့်ထားဝယ်SEZဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(DSEZ)သည်ဖေဖော်ဝါရီလတွင်ဆောက်လုပ်ရေးသုံးခုအလုပ်များအတွက်စျေး
ပြိုင်လေလံဖွင့်ပေးရန်စီစဉ်ခဲ့ကြပြီးရရှိသူများစာရင်းကိုယခုလတွင်ကြေငြာမည်ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသည်နှစ်ဖက်စလုံးမှသဘောတူလက်မှတ်ရေးထိုးထားသည့်အသိအမှတ်ပြုသဘောတူစာချုပ်မူကြမ်း(MoUs)နှင့်အတူယမန်နှစ်၌စီမံချက်ကြီးကြီးကိုတွန်းအားပေးလုပ်
ဆောင်ရန်တရားဝင်သဘောတူညီခဲ့ကြသည်။

ကနဦးMoUသည်ထားဝယ်စက်မှုဇုန်လုပ်ကိုင်မှုသဘောတူညီမှုမူဘောင်ကိုထိန်းထားခဲ့ပြီး၂၀၁၂ခုနှစ်တွင်မြန်မာအစိုးရထံမှတရားဝင်ပိုင်ဆိုင်ခွင့်ကိုလက်ခံရရှိခဲ့သောအီတာလီယန်-ထိုင်းဖွံ့ဖြိုးတိုး
တက်ရေးလီမိတက်(ITD)မှလာသည့်DSEZထံသို့၎င်းကိုလွှဲပြောင်းပေးလိုက်သည်။

ယမန်နှစ်ဇွန်လတွင်ထိုင်းနှင့်မြန်မာသည်ပိုင်ဆိုင်မှုရှယ်ယာအညီအမျှဖြင့်DSEZကိုတည်ထောင်ရန်သဘောတူညီခဲ့ကြပြီးကနဦးရင်းနှီးမြှုပ်နှံမှုသည်ဘတ်(၁၂)မီလီယမ်ရှိကာအစောပိုင်းတွင်အဆို ပြုထားသည့်ဘတ်၁၀၀မီလီယမ်အောက်အကွာတွင်ရှိသည်။ဤကုမ္ပဏီကိုထိုင်းနိုင်ငံတွင်မှတ်ပုံတင်ထားသည်။

ဆိပ်ကမ်း၊လမ်းနှင့်မီးရထားသံလမ်းချိတ်ဆက်မှုများ၊လျှပ်စစ်ရုံများ၊ရေစက်အဆောက်အအုံများ၊စက်ရုံနယ်မြေများ၊ကွန်ယက်များနှင့်မြို့နယ် ကြေးနန်းဆက်သွယ်ရေးစသည် တို့ကဲ့သို့သောစီမံ
ကိန်းများကိုတာဝန်ယူဆောင်ရွက်ရန်အတွက်နှစ်နိုင်ငံသည်သီးသန့်ကုမ္ပဏီများကိုတည်ထောင်ရန်သဘောတူညီခဲ့ကြသည်။

ဘတ်(၆)မီလီယမ်ခန့်တန်ဖိုးကိုရင်းနှီးမြှုပ်နှံနှင့်ပြီးသောITDအတွက်ဆိပ်ကမ်းနှင့်လမ်းများတွင်ရင်းနှီးမြှုပ်နှံထားသောရင်းနှီးမြှုပ်နှံသူအသစ်များမှတရားဝင်ငွေရှင်းပေးရန်တာဝန်ရှိသည်ဟုခံယူ
ခဲ့ကြသောကြောင့်စီမံကိန်းကြီးသုံးခုသည်အာမခံချက်ရှိနေလင့်စကားဒုတိယMoUသည်ITDနှင့်မြန်မာအကြားတွင်ရှိသောလုပ်ကိုင်ခွင့်ကိုပြန်လည်ရုပ်သိမ်းနိုင်ခြင်းနှင့်ပက်သက်နေသည်။

Mr Arkhomမှစီမံကိန်းသုံးခုအတွက်ရည်ညွှန်းချက်စည်းကမ်းများသည်အလားအလာရှိသောနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအားဆွဲဆောင်မှုအလုံအလောက်မကြောင်းပြောကြားခဲ့သည်။

ထိုဖြစ်ရပ်အတွက်၎င်းတို့မှစက်မှုနယ်မြေများရှိရင်းနှီးမြှုပ်နှံသူများအားထားဝယ်နှင့်ထိုင်းနယ်စပ်မြို့များကိုချိတ်ဆက်ပေးသောလမ်းတည်ဆောက်ရန်တောင်းဆိုကြသည်။ကုမ္ပဏီမှအသွားအပြန်
လုပ်သူများထံတွင်လမ်းဖြတ်သန်းအသုံးပြုခကောက်ခံနိုင်သည်။

အစီအစဉ်များကိုဆက်လက်လုပ်ဆောင်ချင်ပါကမြန်မာအစိုးရနှင့်ထိုင်းအစိုးရသည်အဘယ့်ကြောင့်အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေကိုစတင်မလုပ်ဆောင်ခဲ့ကြသလဲဟုမေးခွန်းထုတ်
ခဲ့သည့်ဂျပန်နိုင်ငံသည်ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ချီတုံချီချဖြစ်နေခဲ့သည်။

ထို့ပြင်လည်းဂျပန်မှအသွားအပြန်လုပ်သူများထံမှဖြတ်သန်းခကောက်ခံခြင်းအကြံဉာဏ်ကိုသဘောမတူခဲ့ပေ။

ည်ညွှန်းချက်စည်းကမ်းများကိုပြန်လည်တည်းဖြတ်ပြင်ဆင်ရန်အတွက်နှစ်ဖက်စလုံးမှအတိုင်အပင်ခံများကိုငှားရမ်းခဲ့ကြသည်။