မိကရင်ဘိလပ်မြေစက်ရုံတည်ဆောက်မည့်ကိစ္စထပ်မံကန့်ကွက်ရန်ဒေသခံများပြင်ဆင်

...

မိကရင်ဘိလပ်မြေစက်ရုံတည်ဆောက်မည့်ကိစ္စထပ်မံကန့်ကွက်ရန်ဒေသခံများပြင်ဆင်

Karen News, 22 Apr 2014

URL: http://karennews.org/2014/04/cement-factory-raises-new-fears-of-land-confiscation-and-pollution.html/
ကရင်ပြည်နယ်၊ဘားအံမြို့နယ်မိကရင်ကျေးရွာအနီးတွင်Myanmar Ji Dong Cementကုမ္ပဏီလီမိတက် မှဘိပ်မြေစက်ရုံတည်ဆောက်သွားမည့်ကိစ္စကိုဒေသခံများမှထပ်မံကန့်ကွက်မှုများပြု လုပ် ရန်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။

ယခုဧပြီလတတိယအပတ်၌မိကရင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သထုံခရိုင်၊တပ်မဟာ(၁)တာဝန်ရှိသူများနှင့်ကုမ္ပဏီတာဝန်ရှိသူများကဒေသခံများ ကိုလာရောက်တွေ့ဆုံရန်ရှိပြီး၎င်းတို့လာရောက်တွေ့ဆုံသည့်အခါကန့်ကွက်သွားမည်ဖြစ်သည်ဟုဒေသခံတစ်ဦးဖြစ်သည့်စောဉာဏ်ဝင်းကကေအိုင်စီသို့ပြောသည်။

“ဒီဘိလပ်မြေစက်ရုံဆောက်မည့်ကိစ္စကသဘောမတူတဲ့ဒေသခံတွေချည်းပဲများတယ်။ကျွန်တော်တို့ကသူတို့လာတဲ့အခါကန့်ကွက်မှုလုပ်ဖို့ရှိတယ်။ဘာဖြစ်ဆိုရင်အခုတည်ဆောက်ဖို့ရှိတဲ့ဘိလပ်မြေစက် ရုံဟာမြေယာပြဿနာနဲ့ကျန်းမာရေးဆိုးကျိုးတွေအများကြီးပဲဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြတယ်”ဟုစောဉာဏ်ဝင်းကပြောဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၂၅)ရက်နေ့၌မိကရင်ကျေးရွာတွင်Myanmar Ji Dong Cementကုမ္ပဏီလီမိတက်မှ ဘိလပ်မြေစက်ရုံတည်ဆောက်ရန်ကေအဲန်ယူတပ်မဟာ(၁)ကထောက်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက်ဒေသခံများအနေဖြင့်ယခုလိုထပ်မံကန့်ကွက်မှုများပြုလုပ်သွားမည့်ကိစ္စကိုပြင်ဆင်လာကြခြင်းဖြစ်ကြောင်းသိရသည်။

မိကရင်ကျေးရွာအုပ်ချုပ်ရေးမှူးစောချစ်လွင်က“ဘိလပ်မြေစက်ရုံတည်ဆောက်မယ့်ကိစ္စကဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲလေ၊ဒေသခံတွေအတွက်ဘာမှထိခိုက်မှုမရှိရင်ကောင်းတယ်။ထိခိုက်မှုရှိရင်တော့
မကောင်းဘူးပေါ့”ဟုကေအိုင်စီသို့ပြောသည်။

လက်ရှိကရင်ပြည်နယ်အတွင်းသံလွင်မြစ်အနောက်ဘက်ကမ်းမြိုင်ကလေးဒေသ၌ရှိထားနှင့်သည့်အစိုးရဦးပိုင်ကုမ္ပဏီ၏တန်လေးထောင်နှင့်တန်ကိုးရာထွက်ရှိသောတပ်မတော်ဘိပ်မြေစက်ရုံတို့တွင်
ထုံးကျောက်တောင်မိုင်းခွဲထုတ်လုပ်၍ထွက်ပေါ်လာသည့်အမှုန့်များကြောင့်ဒေသခံများအတွက်ကျန်းမာရေးဆိုးကျိုးများရှိခဲ့သလိုဘိလပ်မြေစက်ရုံတည်ဆောက်စဉ်ကလယ်မြေသိမ်းယူမှုများရှိခဲ့
ကြောင်းဒေသခံများကဆိုသည်။

ယခုထပ်မံတည်ဆောက်ရန်ရှိသည့်ဘိလပ်မြေစက်ရုံသည်တည်ဆောက်မည့်အချိန်အတိအကျမသတ်မှတ်ရသေးသော်လည်းတည်ဆောက်ရေးဖြစ်မြောက်ပါကကုမ္ပဏီအနေဖြင့်ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်၊ရေမီးရရှိရေးနှင့်လမ်းတံတားများလုပ်ဆောင်ပေးမည့်အပြင်ရရှိလာမည့်အကျိုးအမြတ်ထဲတွင်ဒေသခံများကိုခံစားခွင့်ပေးဆောင်သွားမည်ဟုကေအဲန်ယူသထုံခရိုင်ဆက်ဆံရေးရုံးတာ
ဝန်ခံဗိုလ်စောကျော်မြင့်ကမတ်လဆန်းပိုင်းတွင်ကေအိုင်စီသို့ပြောဆိုထားရသည်။

မိကရင်ကျေးရွာတွင်တည်ဆောက်သွားရန်ကေအဲန်ယူတပ်မဟာ(၁)ထောက်ခံချက်ထားသည့်Myanmar Ji Dong Cementကုမ္ပဏီလီမိတက်၏ဘိလပ်မြေစက်ရုံသည်တန်တစ်သောင်းတန်ဘိလပ်မြေ စက်ရုံဖြစ်ကြောင်းသိရသည်။

ယင်းဘိလပ်မြေစက်ရုံတည်ဆောက်မည့်ကိစ္စနှင့်ပက်သက်၍ပြီးခဲ့သည့်၂၀၁၃ခုနှစ်၊မေလ(၁၇)ရက်နေ့ကမိကရင်ကျေးရွာအုပ်စုအတွင်းရှိမိကရင်၊ပေါ်တော်မူနှင့်ကြာအင်းပေါ်တော်မူစသည့်ရွာတို့မှဒေ သခံတို့နှင့်သံဃာ၁၄၀၀ကျော်စုစုပေါင်းလက်မှတ်ရေးထိုးသည့်ကန့်ကွက်စာတစ်စောင်ကိုသက်ဆိုင်ရာအစိုးရဌာနအသီးသီးသို့ပေးပို့ခဲ့သည်။