ရွေးကောက်ပွဲကော်မရှင်မှစောင့်ကြည့်စစ်ဆေးရေးအဖွဲ့များအားရွေးကောက်ပွဲတွင်လေ့လာခွင့်ပြုရန်

...

ရွေးကောက်ပွဲကော်မရှင်မှစောင့်ကြည့်စစ်ဆေးရေးအဖွဲ့များအားရွေးကောက်ပွဲတွင်လေ့လာခွင့်ပြုရန်

Eleven Media, 27 Apr 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=5874:election-commission-to-allow-monitoring-groups-to-observe-by-elections&cati
နိုင်ငံတစ်ကာစံချိန်စံညွန်းများကိုသဘောတူပြီးသည့်နောက်တွင်ပြည်တွင်းနှင့်နိုင်ငံတစ်ကာစောင့်ကြည့်စစ်ဆေးရေးအဖွဲ့များကိုကရွေးကောက်ပွဲတွင်လေ့လာရန်ခွင့်ပြုလိမ့်မည်ဖြစ်သည်ဟုပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင်မှပြောကြားလိုက်သည်။

လစ်လပ်နေသောမဲဆန္ဒသုံးဆယ်နယ်အတွက်ဖြည့်သွားရန်အတွက်ရွေးကောက်ပွဲကိုယခုနှစ်တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုရွေးကောက်ပွဲကော်မရှင်ဒုတိယညွှန်ကြားရေးမှူးလှမောင်ချိုမှပြော
ခဲ့သည်။စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များမှမဲထည့်သည်ကိုလေ့လာနိုင်ပြီး၎င်းတို့ကတိပေးထားသည့်အတိုင်းစည်းမျဉ်းစည်းကမ်းများကိုလိုက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏လွတ်လပ်မှုနှင့်တရားမျှတမှုအတွက်စောင့်ကြည့်စစ်ဆေးရေးကွန်ယက်အထွေထွေအတွင်းရေးမှူးမျိုးရန်နောင်သိန်းမှကွန်ယက်သည်ရွေးကောက်ပွဲကော်မရှင်မှမဲအရေအတွက်လှည့်
လည်စစ်ဆေးခြင်းအတွက်ခွင့်ပြုသည်ကိုကြိုဆိုကြောင်းပြောကြားခဲ့ပြီးနိုင်ငံတစ်ကာစံချိန်၏မည်သည့်စည်းမျဉ်းစည်းကမ်းကမဆိုလိုက်နာမှုမရှိပါကရွေးကောက်ပွဲတွင်စောင့်ကြည့်လေ့လာဖို့ငြင်း ပယ်ခံရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“၂၀၁၀တုန်းကရွေးကောက်ပွဲကိုပြန်ကြည့်မယ်ဆိုရင်ဘယ်သူမှစောင့်ကြည့်စစ်ဆေးဖို့ခွင့်ပြုချက်မရရှိခဲ့ပါဘူး။၂၀၁၂ခုနှစ်မှာစောင့်ကြည့်စစ်ဆေးသူများအတွက်တိတိကျကျစည်းမျဉ်းစည်းကမ်း
တွေမရှိခဲ့ပါဘူး။ကျွန်တော်တို့ခဏခဏဒီလိုမျိုးမဖြစ်ချင်ပါဘူး။စောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်ဖို့အတွက်ကျွန်တော်တို့တရားမျှတတဲ့စည်းမျဉ်းစည်းကမ်းတွေလိုချင်ပါတယ်၊

နိုင်ငံတစ်ကာစံချိန်စံညွှန်းနဲ့အညီပြုလုပ်ရန်လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာသူတို့ကစောင့်ကြည့်စစ်ဆေးခွင့်ပြုမယ်လို့ရွေးကောက်ပွဲကော်မရှင်ပြောကတည်းကနိုင်ငံတစ်ကာအဆင့်အတန်းနဲ့
အညီဖြစ်မယ်ဆိုရင်ကျွန်တော်တို့လက်ခံပါမယ်၊နိုင်ငံတစ်ကာစံချိန်စံညွှန်းနဲ့မညီရင်တော့ကျွန်တော်တို့လက်ခံမှာမဟုတ်ပါဘူး”

၂၀၁၀ခုနှစ်တွင်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ရန်အတွက်မည်သူမှခွင့်ပြုချက်မရရှိခဲ့သောကြောင့်ကွန်ယက်အဖွဲ့မှအထွေထွေရွေးကောက်ပွဲတွင်၎င်းတို့၏ကိုယ်ပိုင်နည်းလမ်းများကိုအသုံးပြု၍
စောင့်ကြည့်ရန်ဆုံးဖြတ်ခဲ့ကြသည်ဟု၎င်းမှပြောခဲ့သည်။၂၀၁၂ခုနှစ်ရွေးကောက်ပွဲ တွင်ပြည်တွင်းနှင့်နိုင်ငံတစ်ကာအဖွဲ့များကိုပြုလုပ်ရန်ခွင့်ပြုခဲ့သော်လည်းစည်းမျဉ်းစည်းကမ်းမှမရှိ ခြင်းနှင့်လုံ
ခြုံမှုမရှိခဲ့ပေ။

စောင့်ကြည်စစ်ဆေးရေးအဖွဲ့များအားအထွေထွေရွေးကောက်ပွဲတွင်ခွင့်ပြုချက်မပေးခဲ့သောကြောင့်၂၀၁၀ခုနှစ်တွင်မဲဆန္ဒမရိုးသားမှုများရှိသည်ဟုကောလဟာလထွက်လာခဲ့သည်။သို့သော်လည်း
၂၀၁၂ခုနှစ်ရွေးကောက်ပွဲတွင်စောင့်ကြည့်စစ်ဆေးရန်အတွက်အခွင့်အလမ်းရလာသောကြောင့်ကောလဟာလများရပ်တန့်သွားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးမှလာမည့်ရွေးကောက်ပွဲသည်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ဖြစ်လိမ့်မည်ဟုအစောပိုင်းတွင်ပြောကြားခဲ့သည်။