ဒေသခံများမှတည်ဆောက်ရန်ကန့်ကွက်သောမွန်ပြည်နယ်၊ကျောက်မီးသွေးစက်ရုံအစီ အစဉ်

...

ဒေသခံများမှတည်ဆောက်ရန်ကန့်ကွက်သောမွန်ပြည်နယ်၊ကျောက်မီးသွေးစက်ရုံအစီ အစဉ်

RFA, 28 Apr 2014

URL: http://www.rfa.org/english/news/myanmar/talks-04282014154233.html
မွန်ပြည်နယ်တွင်ပထမဆုံးကျောက်မီးသွေးဓာတ်အားသုံးစက်ရုံတည်ဆောက်ရန်စီစဉ်ထားမှုများသည်ဒေသခံများမှ၎င်းတို့၏ကျန်းမာရေးနှင့်ညစ်ညမ်းမှုများဖြစ်ပွားရန်အလားအလာရှိသည်ဟု
ပြောဆိုကာဝေဖန်ခဲ့ကြသည်။

ထိုင်းနိုင်ငံအခြေစိုက်တိုရို-ထိုင်းအုပ်စုမှသောကြာနေ့တွင်ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပကာရဲမြို့နယ်၊အင်းဒင်ရွာတွင်ယူအက်စ်ဒေါ်လာ(၂.၇)ဘီလီယမ်ကုန်ကျမည့်၁,၂၈၀မီဂါဝပ်ပါ ဝါစက်ရုံတစ်ရုံကိုတည်ဆောက်ရန်စီစဉ်ထားသည်ကိုရှင်းပြခဲ့သည်။

ကုမ္ပဏီမှပြီးခဲ့သောအပတ်တွင်ဒေသခံများမှဆန့်ကျင်ကန့်ကွက်ခဲ့သောကြောင့်စီမံကိန်းကိုဆိုင်းငံ့ခဲ့သည်ဟုရဲမြို့ယ်ရှိလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သောမိမြင့်သန်းမှပြောကြားခဲ့သည်။“တချို့အဖွဲ့တွေ
ကသဘောမတူကြဘူး၊သူတို့ပြောတာကတော့ဒီကျောက်မီးသွေးဟာအဆိပ်သင့်စေတယ်လို့ပြောတယ်”၊တိုရို-ထိုင်းမှအနာဂတ်တွင်ဒေသခံများနှင့်တခြားအစည်းအဝေးခေါ်ရန်အစီအစဉ်ရှိသည်ဟု
ပြောခဲ့သည်။
“တကယ်လို့သူတို့ရဲ့အစီအစဉ်ဟာအန္တရယ်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့တိုက်တွန်းမှာမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ဒေသမှာလျှပ်စစ်မီးလိုလည်းလိုအပ်ပါတယ်။ဖွံ့ဖြိုးတိုးတက်တဲ့ရှူထောင့်နေ
လုပ်ဆောင်မယ်ဆိုရင်တော့စီမံကိန်းကိုရှေ့ဆက်သင့်ပါတယ်။”

ရဲမြို့နယ်မှအစိုးရ၏ဓာတ်အားပေးသွင်းခြင်းလိုင်းမရှိခဲ့ပေ။နေထိုင်သူအများစုသည်မှတစ်ယူနစ်တွင်ကုန်ကျငွေ၅၀၀ကျပ်ကနေ၁၀၀၀ကျပ်အထိကုန်ကျမည့်လျှပ်စစ်ကိုကြီးမားသောပုဂ္ဂလိကဓာတ် အားပေးစက်များမှလျှပ်စစ်ဓာတ်အားရရှိရန်အခွင့်အလမ်းရှိကြသည်။

အစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်ပါကကျောက်မီးသွေးစက်ရုံမှလျှပ်စစ်ဓာတ်အားကိုမြန်မာအစိုးရဆီသို့တိုရို-ထိုင်းမှရောင်းချမည်ဖြစ်သည်။စက်ရုံကိုဧက၅၀၀အပေါ်တွင်တည်ဆောက်မည် ဖြစ်ပြီး၂၀၁၇ခုနှစ်တွင်လုပ်ငန်းလည်ပတ်လာမည်ဖြစ်သည်။ကျောက်မီးသွေးကိုသြစတေးလျ၊တောင်အာဖရိကနှင့်အင်ဒိုနီးရှားတို့မှတင်သွင်းမည်ဖြစ်သည်။

မြန်မာပြည်ရှိနေရာတိုင်းတွင်ကျောက်မီးသွေးစက်ရုံများတည်ဆောက်ခြင်းကိုကန့်ကွက်ခဲ့သောလှုံ့ဆောင်ပွဲများတွင်ဦးဆောင်ခဲ့သောတက်ကြွစွာလှုပ်ရှားသူသန့်ဇင်မှစီမံကိန်းကြောင့်ပတ်ဝန်းကျင်
တွင်အကျိုးဆက်များဖြစ်လာရန်အလားအလာရှိသည်ဟုသတိပေးခဲ့သည်။

တနင်္သာရီဒေသရှိနယ်စပ်မြို့ဖြစ်သောကော့သောင်းမြို့တွင်တည်ရှိသည့်ကျောက်မီးသွေးစက်ရုံမှအညစ်အကြေးများကြောင့်ဒေသတွင်ရှိငါးမျိုးစိတ်များသေဆုံးခဲ့ကြပြီးရောဂါများနှင့်ဆက်စပ်နေသော
အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာပြဿနာများနှင့်တခြားကျန်းမာရေးပြဿနာများသည်ဒေသတွင်နေထိုင်သူများအားဖြစ်ပွားစေခဲ့သည်ဟု၎င်းမှပြောကြားခဲ့သည်။

“တစ်ချိုးလူများတွေကအရေပြားယားယံတာတွေဖြစ်ပြီးတစ်ချို့ကအဖုအပိန့်တွေထွက်လာကြတယ်။စက်ရုံကဖုန်မှုန့်နဲ့အစအနတွေဟာအိမ်တွေဆီကိုရောက်လာကြတယ်”ဟု၎င်းမှပြောကြားခဲ့သည်။
မွန်ပြည်နယ်မှာရှိဒီအဆိုပြုထားသည့်စီမံကိန်းကိုဒေသခံများမှဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်းတစ်ချို့မြေပိုင်ရှင်များမှ၎င်းတို့၏မြေကိုတိုရို-ထိုင်းသို့ရောင်းချရန်စိတ်အားထက်သန်နေကြသည်။