ဖွံ့ဖြိုးရေးအတွက်ညှိနှိုင်းမှုပြုလုပ်ရန်ဂျပန်လွှတ်တော်အမတ်တစ်ဦးကိုကေအဲန်ယူဆွေးနွေး

...

ဖွံ့ဖြိုးရေးအတွက်ညှိနှိုင်းမှုပြုလုပ်ရန်ဂျပန်လွှတ်တော်အမတ်တစ်ဦးကိုကေအဲန်ယူဆွေးနွေး

Karen News, 11 May 2014

URL: http://karennews.org/2014/05/knu-official-wants-japan-to-consult-on-any-development-planned-for-karen-state.html/
ကရင်ပြည်နယ်တွင်ဂျပန်နိုင်ငံမှအကူအညီပေးရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင်မြန်မာအစိုးရအပြင်ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်ညှိနှိုင်းတိုင်ပင်ပြီးမှသာလုပ်ကိုင်ရန်ဂျပန်
လွှတ်တော်အမတ်တစ်ဦးအားကေအဲန်ယူနိုင်ငံခြားရေးဌာနတာဝန်ခံပဒိုအောင်ဝင်းရွှေကပြောဆိုလိုက်သည်။

ဂျပန်အစိုးရ၏ကရင်ပြည်နယ်အတွင်းအကူအညီပေးရေးလုပ်ငန်းစဉ်များကိုလာရောက်လေ့လာသည့်ဂျပန်နိုင်ငံ၊ဒီမိုကရက်တစ်လွှတ်တော်အမတ်မစ္စတာ Michiro ISHIBASHI ဆိုသူနှင့်ကေအဲန်
ယူနိုင်ငံခြားရေးဌာနတာဝန်ခံပဒိုစောအောင်ဝင်းရွှေတို့ဧပြီ၃၀ရက်နေ့ကကရင်ပြည်နယ်၊ဘားအံမြို့အမှတ်(၉)ရပ်ကွက်ရှိကေအဲန်ယူဗဟိုဆက်ဆံရေးရုံးတွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“ကရင်ပြည်နယ်မှာသက်ဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့အစိုးရ MPC တင်မဟုတ်ပဲနဲ့သက်ဆိုင်ရာ KNU ဒေသဆိုင်ရာအဖွဲ့အစည်းရှိတယ်။ဗဟိုအဖွဲ့အစည်းရှိတယ်။ဒါကြောင့်KNUဧရိယာမှာအလုပ်လာ
လုပ်မယ်ဆိုရင်ဆက်သွယ်ပြီးညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့သူ့ကိုကျွန်တော်တို့အကြံပြုတယ်။အဲဒါမှတစ်ဖက်နဲ့တစ်ဖက်နားလည်မှုရှိမယ်”ဟုပဒိုစောင်အောင်ဝင်းရွှေကကေအိုင်စီသို့ပြောသည်။

၎င်းတွေ့ဆုံမှုတွင်ဂျပန်ဒီမိုကရက်တစ်အမတ်မစ္စတာ Michiro ISHIBASHI ကကရင်ပြည်နယ်အတွင်းလက်ရှိအကူအညီပေးရေးလုပ်ဆောင်နေသည့်ဂျပန်အစိုးရမဟုတ်သောအဖွဲ့အစည်း(အဲန်ဂျီအို) များကိုလာရောက်ကြည့်ရှု့သည့်အပြင်ရှေ့လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်နိုင်ရန်အတွက်ကေအဲန်ယူဘက်မှအကြံဉာဏ်များကိုသိလို၍ကေအဲန်ယူနှင့်လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း
လည်းပြောဆိုခဲ့သည်။

မစ္စတာ Michiro ISHIBASHI က“ကျွန်တော်အခုလိုလာတာကကရင်ပြည်နယ်မှာရှိတဲ့ဂျပန်အဲန်ဂျီအိုတွေကိုလေ့လာတာ၊ပြီးတော့အကူအညီလိုအပ်မယ့်နေရာတွေကိုဆက်လက်ကူညီနိုင်ဖို့ပါ။နောက် တော့ကျွန်တော်တို့ကကရင်ပြည်နယ်အတွက်ကူညီဖို့Project(စီမံကိန်း)ရှိတယ်”ဟုကေအိုင်စီသို့ပြောသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ကရင်ပြည်နယ်အတွင်းလာရောက်ကြသောဂျပန်အစိုးရအပါအဝင်ဂျပန်အဲန်ဂျီအိုအဖွဲ့များသည်အဝတ်အထည်၊စားနပ်ရိက္ခာ၊အဆောက်အဦးအတွက်ငွေကြေးအထောက်
အပံ့နှင့်အခြားကူညီထောက်ပံ့မှုများကိုလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

အစိုးရနှင့်ကေအဲန်ယူတို့သည်ပြီးခဲ့သည့်၂၀၁၂ခုနှစ်၊ဇန်နဝါရီ၁၂ရက်နေ့ကပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူစာချု ပ်ချုပ်ဆိုပြီးနောက်ပိုင်းကရင်ပြည်နယ်အတွင်းသို့ဂျပန်နီပွန်ဖောင်
ဒေးရှင်းအပါအဝင်NGO၊INGOအများအပြားဝင်ရောက်လာခဲ့ ကြရာအများစုသည်ကေအဲန်ယူနှင့်ဆက်သွယ်မှုအားနည်းနေသည်ကိုတွေ့ရကြောင်းယခုနှစ်မတ်လလကုန်ပိုင်းတွင်ပြုလုပ်သည့်ကေ
အဲန်ယူဒူးပလာခရိုင်ကွန်ကရက်တွင်ခရိုင်အဆင့်တာဝန်ရှိသူများကပြောဆိုဆွေးနွေးခဲ့သေးသည်။