ထားဝယ်တရားရုံးတွင်ဟိန္ဒသတ္တုတွင်းကိုတရားမမှုစွဲဆို

...

ထားဝယ်တရားရုံးတွင်ဟိန္ဒသတ္တုတွင်းကိုတရားမမှုစွဲဆို

Irrawaddy News, 22 May 2014

URL: http://www.irrawaddy.org/burma/lawsuit-heinda-mine-accepted-dawei-court.html
နယ်မြေတွင်ထိုင်းကုမ္ပဏီနှင့်မြန်မာအစိုးရကုမ္ပဏီတို့၏ပြုလုပ်မှုများကြောင့်ဒေသအတွင်းပတ်ဝန်းကျင်တွင်ထိခိုက်မှုဖြစ်စေသည့်အန္တရယ်ရှိသည့်ဆိုးကျိုးများကိုနှစ်များစွာခံခဲ့ရသောတနင်္သာရီတိုင်း
ရှိရွာသားများမှတရားလိုပြုကာဒေသတွင်းရှိတရားရုံးတွင်တရားမမှုဖွင့်ကာတရားစွဲဆိုခဲ့သည်။

ဟိန္ဒသံဖြူ သတ္တုတွင်းမှလာသည့်စွန်ပစ်ရေများသည်လယ်မြေများနှင့်အိမ်များကိုထိခိုက်စေသည့်အဆိုအရတရားမနစ်နာမှုအဖြစ်လျော်ကြေးရရန်အတွက်ကြိုးပမ်းနေပြီးယခုတွင်ထားဝယ်တရားရုံးမှ
တရားဥပဒေနှင့်ညီညွတ်သောလုပ်ရှားမှုများကိုလက်ခံလိုက်သည်ဟုတရားလိုများကိုကိုယ်စားပြုသည့်ဆောင်ရွက်ပေးနေသည့်ရှေ့နေတစ်ဦးဖြစ်သူတင်တင်သက်မှပြောခဲ့သည်။

ထိုင်းကုမ္ပဏီဖြစ်သောPongpipatနှင့်သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိမြန်မာပြည်တွင်းပိုင်သတ္တုတွင်းအင်တာပရိုက်စ်(၂)တို့ပါဝင်သည့်၎င်းတို့အားနောက်တပတ်တွင်တရားကြားနာစစ်ဆေး
မည်ဖြစ်သည်။

ထိုင်းPongpipatကုမ္ပဏီသည်ထုတ်လုပ်မှုဝေမျှခြင်းစာချုပ်ကိုသတ္တုတွင်းအင်တာပရိုက်စ်(၂)နှင့်အတူ၁၉၉၉ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ပြီးဟိန္ဒမှသံဖြူ နှင့်အဖြိုက်နက်ကို၆၅ရာခိုင်နှုန်းထုတ်လုပ်ခဲ့ ကာ၎င်းကိုအိမ်နီးချင်းထိုင်းနိုင်ငံသို့စနစ်တကျပြုလုပ်ရန်သယ်ယူပို့ဆောင်ခဲ့သည်။

ထားဝယ်တွင်လူထုအခွင့်အရေးဦးဆောင်လှုပ်ရှားမှုများကိုထောက်ပံ့ပေးသည့်ဒေသတွင်းအဲန်ဂျီအိုဖြစ်သည့်ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(DDA)၏ညွှန်ကြားရေးမှူးဖြစ်သူသန့်ဇင်မှ“ဥယျာဉ်
တွေ၊လယ်ယာမြေတွေ၊ရေတွင်းရေကန်တွေ၊အိမ်တွေဟာသတ္တုတွင်းကြောင့်ပျက်စီးခဲ့ကြပါတယ်၊ရွာဘေးမှာရှိတဲ့မြောင်ဖြိုချောင်းစွယ်ဟာလုံးဝကိုခမ်းခြောက်ခဲ့ပါတယ်။၂၀၁၂ခုနှစ်၊မိုးရာသီမှာအဆိုး
ဆုံးဖြစ်ပါတယ်၊ချောင်းစွယ်အတွင်းမှာရှိတဲ့စွန့်ပစ်စ္စည်းအနည်များဟာမိုးရေနဲ့အတူရွာထဲကိုဝင်လာခဲ့ပြီးသုံးလက်မမှလေးလက်မအထိမြုပ်ပါတယ်”ဟု၎င်းမှပြောခဲ့သည်။

“ဒီတရားမမှုဟာဒီမှာစီမံကိန်းလာလုပ်ချင်တဲ့ကုမ္ပဏီများကိုပိုမိုကောင်းမွန်တဲ့စံချိန်စံညွှန်းတွေနဲ့လုပ်ဆောင်ဖို့တွန်းအားပေးပြီးသတိပေးနိုင်ပါတယ် ”ဟု၎င်းမှပြောခဲ့သည်။

မြောင်ဖြိုချောင်းသည်မေတ္တာမြို့နယ်ရှိထားဝယ်မြို့အရှေ့ဘက်၂၅ကီလိုမီတာတွင်တည်ရှိသည့်ကြီးမားသည့်သံဖြူသတ္တုရိုင်းလုပ်ငန်းမှပတ်ဝန်းကျင်ထိခိုက်မှုကိုတိုက်ရိုက်ခံစားရသည့်တချို့သောကျေးရွာ
၁၀ရွာအကြားတွင်ထိခိုက်မှုအဆိုးဆုံးခံခဲ့ရသည်။

အိမ်ထောင်စု၁၀၀လောက်ရှိပြီးလူ၅၀၀လောက်နေထိုင်သောရွာသည်တနင်္သာရီတောင်ကုန်းများနှင့်ဟိန္ဒသတ္တုတွင်းလုပ်ငန်းများစသည်တို့နှင့်နှစ်ကီလိုမီတာခန့်အကွာအဝေးတွင်တည်ရှိကာရွှံ့ညွန်အ
ပြည့်ရေများသည်မြောင်ဖြိုချောင်းကိုဖြတ်သန်းကာစမ်းချောင်းများအတွင်းသို့အဆက်မပြတ်စီးဆင်းသွားသည်။

Pongpipat ကုမ္ပဏီသည်သတ္တုတွင်းဆက်လက်လုပ်ကိုင်ရန်မေလ၈ရက်နေ့တွင်၎င်း၏၅နှစ်စာလိုင်စင်ကိုသက်တမ်းတိုးချဲ့ခဲ့သည်ဟုတနင်္လာနေ့တွင်ပြည်တွင်းမီဒီယာများမှထုတ်ပြန်ခဲ့ကြသည်။