ကရင်နီပြည်နယ်တွင်တောင်သူများမှထွန်တုံးတိုက်ပွဲဝင်

...

ကရင်နီပြည်နယ်တွင်တောင်သူများမှထွန်တုံးတိုက်ပွဲဝင်

Democratic Voice of Burma, 28 May 2014

URL: http://www.dvb.no/news/farmers-plough-on-in-karenni-land-grab-case-burma-myanmar/41074
ကရင်နီပြည်နယ်၊ဖရူးဆိုးမြို့တွင်အင်္ဂါနေ့၌လယ်သမားအယောက်၂၀၀ထက်မနည်းသည်မြန်မာစစ်တပ်မှသိမ်းယူထားသောလယ်ယာမြေများကိုပြန်လည်ထွန်ယက်ရန်အတွက်လယ်မြေသိမ်း
ယူခြင်းကိစ္စကိုချီတက်ကာဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကရင်ပြည်နယ်မြောက်ဘက်၊ဆိုလျားကူးကျေးရွာကရွာသား၂၀၀ကျော်သည်အသိမ်းခံရသည့်မြေများပေါ်တွင်ယနေ့မနက်ကဝင်ရောက်ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။

လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်ကဆိုလျားကူးရွာတွင်နေထိုင်သောရွာသား၁၀၉ဦးတို့ထံမှဧကတစ်ထောင့်နှစ်ရာကိုမြန်မာစစ်တပ်ခြေလျှင်တပ်ရင်း၅၃၁မှစစ်တပ်ပိုင်မြေအဖြစ်စည်းရိုးခတ်သိမ်း
ယူခဲ့ခြင်းဖြစ်သည်။

အစိုးရတာဝန်ရှိသူများထံ၎င်းတို့မြေကိုပြန်ပေးရန်တောင်းဆိုခဲ့သော်လည်းအကြိမ်ကြိမ်မသိကျိုးကျွံပြုနေသောကြောင့်၎င်းတို့၏ခံပြင်းခြင်းကိုဖော်ပြရန်အတွက်အင်္ဂါနေ့မနက်တွင်လယ်မြေ
များကိုထွန်ယက်ရန်သွားခဲ့သည်ဟုရွာသားများမှပြောခဲ့သည်။

“စစ်တပ်ကပြောတယ်၊ကျွန်တော်တို့ကလယ်မြေကိုစစ်တပ်ပိုင်မြေအဖြစ်အသိအမှတ်ပြုလက်မှတ်ထိုးရင်ကျွန်တော်တို့ကိုလယ်ယာမြေမှာလုပ်ကိုင်ဖို့သူတို့ကခွင့်ပြုမယ်လို့ပြောတယ်၊ဒီလိုလုပ်
ဖို့ကျွန်တော်တို့ငြင်းလိုက်ပါတယ်၊ပြီးတော့အခုဆိုရင်ကျွန်တော်တို့ကိုအရေးယူဆောင်ရွက်ဖို့လုပ်နေတယ်ဆိုပြီးကျွန်တော်တို့ကိုခြိမ်းခြောက်ပါတယ်”ဟုရွာသားတစ်ဦးမှပြောခဲ့သည်။

“တကယ်လို့သူတို့ကျွန်တော်တို့ကိုဟန့်တားရင်တောင်မှဒီနှစ်မှာကျွန်တော်တို့ဒီကိုအတူတကွလာပြီးကျွန်တော်တို့ရဲ့လယ်ကွက်များကိုတွေ့ရဖို့ကျွန်တော်တို့စတင်ထွန်ယက်မယ်လို့ဆုံးဖြတ်
ချက်ချထားပါခဲ့ပါတယ်”ဟု၎င်းမှပြောခဲ့သည်။

၎င်းတို့ထဲမှတချို့သည်အလုပ်လုပ်ရန်အတွက်လယ်မြေပြန်လည်ရရှိရန်ယခင်ကကြိုးပမ်းခဲ့သော်လည်းစစ်တပ်မှအနှောင့်အယှက်ပေးခြင်းနှင့်ခြိမ်းခြောက်ခြင်းကိုခံခဲ့ရသည်။သို့သော်လည်းဒီ
အချိန်မှာ၎င်းတို့အနေနှင့်နောက်ပြန်မဆုတ်တော့ကြောင်းနှင့်ပြန်လည်ပေးရန်ဗုဒ္ဓဟူးနေ့တွင်ကြေငြာခဲ့သည်။

ဒီဆန္ဒပြခြင်းကိုဒေသတွင်းရှိရဲစခန်းမှတာဝန်ရှိသူ၁၀ဦးခန့်လာရောက်ကြည့်ရှု့ခဲ့ရသော်လည်းဟန့်တားခြင်းမရှိပေ။

မူလလယ်ပိုင်ရှင်များမှဒေသတွင်းရှိအစိုးရနှင့်ပြည်နယ်အဆင့်မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့အားတိုင်ကြားထားသော်လည်းဘာမှမထူးခြား
ခဲ့ပေ။

ဆိုလျားကူးရွာသားများသည်၎င်းတို့မြေပိုင်ဆိုင်မှုပြန်လည်တောင်းဆိုရာတွင်၎င်းတို့ကိုကူညီရန်အစိုးရအားတောင်းဆိုခဲ့သည်ဟုကေအဲန်ပီပီဆက်ဆံရေးရုံးတာဝန်ခံခူပလူးရယ်ကပြောခဲ့
သည်။

စစ်အစိုးရခတ်အတွင်းနိုင်ငံတလျှောက်သိမ်းယူထားသောလယ်ယာမြေသုံးသိန်းထဲမှတစ်သိန်းခွဲကျော်ကိုပြန်ပေးရန်စစ်တပ်တာဝန်ရှိသူများမှပြီးခဲ့သောနှစ်၌ပြည်ထောင်လွှတ်တော်အားက
တိပေးခဲ့သည်။သို့သော်လည်းအောက်ခြေဝန်ထမ်းများ၏လုပ်ဆောင်မှုသည်နှောင့်နှေးနေသည်ဟု၎င်းမှပြောကြားခဲ့သည်။