ရန်ကုန်ရှိNGOs များ၊နိုင်ငံရေးပါတီများမှမသန်မစွမ်းကလေးများပညာရေးတိုးတက်လာရန်အတွက်ဆွေးနွေးမည်

...

ရန်ကုန်ရှိNGOs များ၊နိုင်ငံရေးပါတီများမှမသန်မစွမ်းကလေးများပညာရေးတိုးတက်လာရန်အတွက်ဆွေးနွေးမည်

Irrawaddy News, 20 Jun 2014

URL: http://www.irrawaddy.org/burma/ngos-political-parties-discuss-inclusive-education-disabled-children.html
ရန်ကုန်--မသန်မစွမ်းသူများအခွင့်အရေးအတွက်ကိုယ်စားပြုဆောင်ရွက်ပေးနေသောမြန်မာအုပ်စုများမှမသန်မစွမ်းကလေးများအတွက်ပညာရေးအခွင့်အလမ်းများတိုးတက်စေလာရန်၎င်း
တို့သည်ရန်ကုန်တိုင်းမှဥပဒေပြဌာန်းသူများ၊နိုင်ငံရေးပါတီများနှင့်စနေနေ့တွင်တွေ့ဆုံရန်စီစဉ်ထားသည်ဟုပြောခဲ့သည်။

ယခုလက်ရှိအခြေအနေတွင်ပညာရေးမူဝါဒများသည်စာရွက်စာတမ်းအသုံးပြုခြင်​များပါဝင်သောကြောင့်မသန်မစွမ်းကလေးများသည်ပညာရေးရရှိရန်အခွင့်အလမ်းအတွက်ရုန်းကန်နေကြ
ရသည်၊အဘယ့်ကြောင့်ဆိုသော်မြန်မာနိုင်ငံရှိကျောင်းများသည်မသန်မစွမ်းကလေးများကိုလက်ခံရန်မကြာခဏငြင်းဆိုကြသောကြောင့်ဖြစ်သည်။

“တချို့ကျောင်းတွေရဲ့စီမံအုပ်ချုပ်မှုတွေဟာမသန်စွမ်းကလေးတွေကိုအိမ်မှာပဲနေသင့်ပြီးစာသင်စရာမလိုဘူးလို့ထင်ကြပါတယ်”ဟုသူမှပြောကြားခဲ့သည်၊“မသန်မစွမ်းကလေးများဟာသူတို့စာ
သင်ချိန်အတွင်းမှာပုံမှန်ထက်ပိုတဲ့အချိန်နဲ့အာရုံစူးစိုက်မှုမကြာခဏလိုအပ်ပါတယ်၊လိုအပ်ချက်တွေကတော့မကြာခဏစာသင်ကျောင်းတွေမှာဆိုရင်ဒီအချက်တွေနဲ့ကိုက်ညီအောင်လုပ်ဆောင်
ဖို့ဆန္ဒမ၊ရှိတာပါပဲ”ဟု၎င်းမှထပ်လောင်းပြောခဲ့သည်။

ဧဒင်စင်တာမှရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၌မျက်မမြင်များအတွက်ဖွင့်လှစ်ထားသောရန်ကုန်ပညာရေးစင်တာတွင်ပြုလုပ်မည့်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်ဥပဒေပြဌာန်းသူ(၅)ဦး၊
အုပ်ချုပ်သူအဖွဲ့မှအဖွဲ့ဝင်များနှင့်အတိုက်အခံပါတီများကိုဖိတ်ကြားခဲ့ပြီးမသန်မစွမ်းကျောင်းသားများအတွက်ခေတ်ရေစီးကြောင်းပညာရေးတွင်သင်ကြားနည်းပိုင်းဆိုင်ရာအကောင်းဆုံးလေ့
ကျင့်မှုများနှင့်မူဝါဒများကို၎င်းတို့မှဆွေးနွေးမည်ဖြစ်သည်။

“နိုင်ငံရေးကနေတဆင့်မသန်မစွမ်းကလေးများအတွက်ပညာရေးထည့်သွင်းပါဝင်နိုင်မှုကိုဘယ်လိုတည်ဆောက်ပေးနိုင်မလဲဆိုတာဆွေးနွေးဖို့ကျွန်တော်တို့လုပ်နေပါတယ်”ဟုသီဟထွန်းမှပြော
ခဲ့သည်။“အစိုးရမှာကောင်းတဲ့မူဝါဒရှိပါတယ်၊ဒါပေမယ့်လည်းအဲ့ဒါဟာနည်းလမ်းမှန်မှန်ကန်ကန်နဲ့အကျိုးသက်ရောက်မှုရှိဖို့လိုပါတယ်။”

ဧဒင်စင်တာသည်မသန်မစွမ်းကလေးများအတွက်ပညာရေးထည့်သွင်းပါဝင်မှုစီမံကိန်းကိုလည်ပတ်လုပ်ဆောင်နေပြီးစာသင်ကျောင်းများတွင်တက်ရောက်နေသောမသန်မစွမ်းကလေးများကို
ထောက်ပံ့ကူညီပေးနေပြီးမသန်မစွမ်းတပည့်များအတွက်ပိုမိုခိုင်မာသောမူဝါဒများရရှိရန်ကိုယ်စားပြုဆောင်ရွက်ပေးသည်။

မသန်မစွမ်းကလေးများရင်ဆိုင်နေရသည့်​အခက်အခဲစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန်အတွက်ဒါဟာခိုင်ခိုင်မာမာလိုအပ်ပါတယ်ဟုရန်ကုန်တိုင်းလွှတ်တော်မှဥပဒေပြဌာန်းသူညိုညိုသင်းမှ​ပြောခဲ့သည်။

“မသန်မစွမ်းသူများအားလုံးမှ(၂)ရာခိုင်နှုန်းသာပညာတတ်ကြတာပါ၊ဒါဟာပါဝင်မှုအလွန်နည်းလို့ပါပဲ၊ပြီးတော့ဒါတွေကိုဖြေရှင်းဖို့အစိုးရမှာတာဝန်ရှိပါတယ်”ဟုသူမမှပြောခဲ့သည်။“အစိုးရ
ကအရင်ကထက်စာရင်မသန်မစွမ်းကိစ္စတွေအပေါ်ပိုမိုလုပ်ဆောင်နေပါပြီ။မသန်မစွမ်းဥပဒေအတွက်ဥပဒေကြမ်းကိုပြင်ဆင်နေပါပြီ”ဟုညိုညိုသင်းမှပြောခဲ့သည်။“ဒါပေမယ့်ဥပဒေသစ်ကို
ကော်မတီမှအ​ကော​င်​အထည်ဖော်ခြင်းအားဖြင့်ဆုံးဖြတ်ချက်ချတာတွေပြုလုပ်ရာမှာမသန်မစွမ်းသူကိုယ်စားလှယ်များမှလည်းပါဝင်ဖို့အရေးကြီးပါတယ်”။

အစိုးရ၏နိုင်ငံတော်စစ်တမ်းကောက်ယူခြင်းအရရုပ်ပိုင်းဆိုင်ရာနှင့်အသိဉာဏ်ပိုင်းဆိုင်ရာများအပါအဝင်မသန်မစွမ်းသူများအားလုံး၏(၅၀)ရာခိုင်နှုန်းသည်အဓိကအားဖြင့်ဘယ်သောအခါ
မှ​ကျော​င်းမတက်ကြပေ၊အဘယ့်ကြောင့်ဆိုသော်​အစိုးရစာသင်ကျောင်းများမှသူတို့အားဝင်ခွင့်တက်ရောက်ရန်ငြင်းပယ်ခဲ့ကြသောကြောင့်ဖြစ်သည်။

စိတ်ဝေဒနာရှိသောသူများအပါအဝင်ရုပ်ပိုင်းဆိုင်ရာနှင့်ဉာဏ်ရည်ပိုင်းဆိုင်ရာမသန်မစွမ်းသူဖြစ်ကြ​သည့်ဆွံ့အနားမကြားသူများအတွက်တနိုင်ငံလုံးတွင်သီးသန့်ပညာသင်ကျောင်း(၁၅)ကျောင်း နှင့်အတူခေတ်နှင့်အညီသင်ကြားနေသောအပြင်ကျောင်းများတွင်မသန်မစွမ်းကျောင်းသားများသည်ရွေးချယ်ခွင့်အနည်းငယ်သာရှိကြသည်။

ရုပ်ပိုင်းဆိုင်ရာမသန်မစွမ်းသူများအတွက်အသက်မွေးဝမ်းကျောင်းစာသင်ကျောင်း(၇)ကျောင်းရှိသည်။အစိုးရ​မှတချို့ကျောင်းများကိုတည်ထောင်ထားစဉ်အတွင်းတွင်NGOsများမှအသက်မွေး
ဝမ်းကျာင်းစာသင်ကျောင်းတခြားကျောင်းများကိုလည်းတည်ထောင်ထားသည်။