ဗိုလ်ချုပ်ကြီးစောတာမလာဘောကွယ်လွန်

...

ဗိုလ်ချုပ်ကြီးစောတာမလာဘောကွယ်လွန်

Karen News, 27 Jun 2014

URL: http://karennews.org/2014/06/r-i-p-general-tamla-baw-karen-leader.html/
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌဟောင်းဗိုလ်ချုပ်ကြီးစောတာမလာဘော(၉၄)နှစ်သည်ဇွန်လ(၂၆)ရက်နေ့ထိုင်းစံတော်ချိန်ည(၉)နာရီခွဲခန့်တွင်ထိုင်းနိုင်ငံ၊မဲ့ဟောင်ဆောင်ခရိုင်၊မဲ့စရီးယန်းမြို့ရှိနေအိမ်၌လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းမိသားစုနှင့်နီးစပ်သူများ၏ပြောပြချက်အရသိရသည်။

စောတာမလာဘောသည်၂၀၁၂ခုနှစ်၊ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့်(၁၅)ကြိမ်မြောက်ကေအဲန်ယူကွန်ကရက်တွင်ကျန်းမာရေးအရလုပ်ငန်းတာဝန်များမှတရားဝင်အနားယူခဲ့ပြီးဇနီးသည်နော်ဖော ကဝေါ်မှာယခုနှစ်ဖေဖော်ဝါရီလ(၂၄)ရက်နေ့က၎င်း၏နေအိမ်၌ပင်ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင်သားသမီးများထဲမှသမီးဖြစ်သူနော်စီဖိုးရာစိန်သည်ကေအဲန်ယူ၏ဒုဥက္ကဌအဖြစ်လည်းကောင်း၊သားကြီးဗိုလ်ချုပ်စောမဲအေစိန်မှာက ရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)
၌G-1အဖြစ်နှင့်လည်းကောင်း၊ဒုတိယသားဗိုလ်ချုပ်စောပီးလစိန်မှာစစ်ရေးချုပ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်လျှက်ရှိသည်။

ကေအဲန်ယူဥက္ကဌဟောင်းလည်းဖြစ်၊ကေအဲန်အယ်လ်အေစစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးစောတာမလာဘောကွယ်လွန်သွားခြင်းကိုကေအဲန်ယူဗဟိုရုံးချုပ်မှလည်းဝမ်းနည်းကြောင်း
သဝဏ်လွှာထုတ်ပြန်လိုက်ပြီးကေအဲန်ယူတော်လှန်ရေးခေါင်းဆောင်ကြီးများ၊တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ဒီမိုကရေစီအဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များနှင့်ရဲဘော်ရဲဘက်များအား အသိပေးကြောင်းပါရှိသည်။

ထို့အပြင်ဗြိတိန်အခြေစိုက်Burma Campaign – UK ဒါရိုက်တာMark Farmner ကလည်း၎င်းတို့အဖွဲ့အနေဖြင့်စောတာမလာဘောကွယ်လွန်ခြင်းအပေါ်ဝမ်းနည်းသည့်ဆုတောင်းသဝဏ်
လွှာများကိုယနေ့ညတွင်းချ င်းပင်ထုတ်ပြန်လိုက်သည်။