ကရင်ရှေ့နေများကွန်ယက်ဖွဲ့စည်းရန်စတင်ပြင်ဆင်နေ

...

ကရင်ရှေ့နေများကွန်ယက်ဖွဲ့စည်းရန်စတင်ပြင်ဆင်နေ

Karen News, 04 Jul 2014

URL: http://karennews.org/2014/07/karen-lawyers-get-together-to-provide-legal-assistance-for-karen-community.html/
ကရင်လူမှုအဖွဲ့အစည်းအတွင်းကြုံတွေ့နေရသည့်လူ့အခွင့်အရေး၊အမျိုးသမီးများအကြမ်းဖက်ခံရမှု၊မြေယာပြသနာများကိုကူညီလိုက်ပါဆောင်ရွက်ပေးနိုင်ရေးအတွက်ကရင်ရှေ့နေများ
ကွန်ယက်ကိုဖွဲ့စည်းရန်စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းကွန်ယက်ဖြစ်မြောက်ရေးစီစဉ်နေသည့်ရှေ့နေများပြောသည်။

အဆိုပါကွန်ယက်ဖြစ်မြောက်ရေးအတွက်ကရင်ရှေ့နေ(၂၀)ဦးကျော်ပါဝင်သည့်အကြိုတွေ့ဆုံဆွေးနွေးပွဲကိုဇွန်လ(၂၆)ရက်နေ့တွင်အင်းစိန်မြို့နယ်၊လမ်းသစ်လမ်း၊အဝေရာလမ်းသွယ်(၇)
လမ်းရှိကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)ရုံး၌ပြုလုပ်သည့်နိုင်ငံတစ်ဝှမ်းလုံးရှိကရင်ရှေ့နေများပါဝင်သည့်တွေ့ဆုံပွဲတွင်ကွန်ယက်ဖွဲ့စည်းသွားရန်ဆွေးနွေးခဲ့ကြခြင်းဖြစ်
ကြောင်းကရင်ရှေ့နေများကပြောသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူတရားလွှတ်တော်ရှေ့နေစောထွန်းထွန်းအောင်က“လက်ရှိကရင်တွေအနေနဲ့အမှုအခင်းတွေရင်ဆိုင်ရတဲ့အခါရှေ့နေခမတတ်နိုင်တာ၊ဥပဒေအကြောင်းအရကူ
ညီမယ့်သူတွေကအားနည်းနေတာတွေ့ရတယ်။ဒါတွေကိုတစ်ယောက်တည်းလုပ်ပေးတာထက်ဝိုင်းလုပ်မှပိုထိရောက်မယ်။ဒီအတွက်ဘယ်လိုချိတ်ဆက်မလဲကွန်ယက်လိုမျိုးဖွဲ့ဖို့လိုလာတာ
တွေ့ရတယ်”ဟုကေ အိုင်စီသို့ပြောပြခဲ့သည်။

မြန်မာနိုင်ငံကရင်လူမျိုးများနေထိုင်ရာဒေသများရှိမြေယာသိမ်းခံရမှုများကိုနယ်အထိသွားရောက်ရန်အမြဲမလွယ်ကူသလိုအမှုဆိုသည်မှာနှစ်နှင့်ချီကြာမြင့်မှုများရှိနေသောကြောင့်ယခု
လိုကရင်ရှေ့နေများကွန်ယက်ကိုဖွဲ့စည်းသင့်ကြောင်းစောထွန်းအောင်ကဆက်ပြောသည်။

ကရင်လူမှုအသိုင်းအဝိုင်းတွင်ရှေ့နေအဖြစ်အသက်မွေးဝမ်းကြောင်းပြု ခြင်းကိုအားပေးထောက်ခံခြင်းအားနည်းပြီးဥပဒေဘာသာရပ်ဖြင့်ဘွဲ့ရထားသည့်ကရင်လူငယ်အများအပြားကို
ရှေ့နေလိုင်စင်ရရှိရေး၊ချိန်ဘာ(တရားရုံးလက်တွေ့အလုပ်သင်ဆင်းခြင်း)လုပ်ဆောင်ရန်အခက်အခဲများရှိနေခြင်း၊ဝါရင့်ကရင်ရှေ့နေများကလက်တွဲခေါ်ဆောင်ခြင်းနှင့်သင်တန်းများပို့
ချခြင်းတို့ကိုကွန်ယက်ဖွဲ့ ၍လုပ်ဆောင်ပေးမည်ဆိုပါကပိုမိုထိရောက်နိုင်သည်ဟုအထက်တန်းရှေ့နေနော်ဆာမူခါးကလည်းပြောသည်။

ထို့အပြင်ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူKWEGမှဒါရိုက်တာနော်စူစဲန်နာလှလှစိုးကလက်ရှိကရင်လူမျိုးအများစုနေထိုင်ရာဒေသများအတွင်းမှမြေယာသိမ်းဆည်းခံရမှုပြဿနာ၊လူကုန်ကူးခံ
ရမှု၊လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊အမျိုးသမီးများအကြမ်းဖက်ခံရခြင်းစသည့်အမှုအခင်းများကိုKWEGသို့လာရောက်တိုင်ကြားမှုများရှိသော်လည်းဥပဒေပိုင်းအရထိရောက်သည့်
အကူအညီများမပေးနိုင်သေးပဲကရင်ရှေ့နေများကွန်ယက်ဖြစ်ပေါ်လာပါကတစ်စုံတစ်ရာအကူအညီပေးနိုင်လိမ့်မည်ဟုမျှော်လင့်မိကြောင်းပြောဆိုသည်။

ကရင်ရှေ့နေများကွန်ယက်ဖွဲ့စည်းနိုင်ရေးအတွက်ဇွန်လ(၂၈)ရက်နေ့၌ကမာရွတ်မြို့နယ်၊ပြည်လမ်းပေါ်ရှိမြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၊ယုဒဿန်ခန်းမတွင်ပိုမိုကျယ်ပြန့်သည့်အကြို တွေ့
ဆုံပွဲတစ်ရပ်ထပ်မံပြုလုပ်သွားမည်ဖြစ်သလိုနောက်ပိုင်းတွင်နိုင်ငံတစ်ဝန်းရှိကရင်ရှေ့နေများကိုဖိတ်ခေါ်ဆွေးနွေးကာ၂၀၁၄ခုနှစ်အတွင်းကွန်ယက်ဖွဲ့စည်းသွားနိုင်ရန်မှန်းဆထားသည်ဟု
သိရသည်။