ပြည်လုံးကျွတ်သန်းခေါင်စာရင်းရှေ့ပြေးရလဒ်ကိုသြဂုတ်လတွင်ထုတ်ပြန်မည်

...

ပြည်လုံးကျွတ်သန်းခေါင်စာရင်းရှေ့ပြေးရလဒ်ကိုသြဂုတ်လတွင်ထုတ်ပြန်မည်

Eleven Media, 06 Aug 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7107:initial-result-of-nationwide-census-to-be-announced-on-august&catid=44:
အနှစ်သုံးဆယ်ကာလအတွင်းပထမဆုံးအကြိမ်ပြုလုပ်သည့်ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ရှေ့ပြေးရလဒ်ကိုအစိုးရမှယခုလကုန်ပိုင်းတွင်ထုတ်ပြန်ကြေငြှာမည်ဖြစ်ပြီးပထမဆုံးအနေဖြင့်လူဦးရေဒေတာနှင့်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုသာထုတ်ပြန်မည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကဆိုသည်။

အဆိုပါရှေ့ပြေးရလဒ်များတွင်လူဦးရေစာရင်း၊အိမ်ထောင်စုစာရင်းနှင့်တစ်နိုင်ငံလုံးအတိုင်းအတာအရစာရင်းကောက်ခံခဲ့သူဦးရေ၊ဒေသစသည့်အချက်အလက်များပါဝင်ပြီးပဏာမသန်းခေါင်စာရင်းအကြိုစာရင်းဇယားများ အစီရင်ခံစာအဖြစ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့သန်းခေါင်စာရင်းထပ်တိုးရက်ပြီးတဲ့ဇွန်လ(၁၅)ရက်နောက်ပိုင်းကစပြီးစာရင်းတွေကိုပြန်ယူနေတယ်။အခုရှေ့ပြေးစာရင်းတွေကိုစိစစ်နေတယ်။ကျွန်တော်တို့ဒီလနောက်ဆုံးပတ်မှာရှေ့ပြေးသန်းခေါင်စာရင်းရ လဒ်ကိုထုတ်ပြန်ပါမယ်။အဲဒီမှာဒီနောက်ဆုံးသန်းခေါင်စာရင်းကောက်ယူခဲ့ချိန်ကနေအခုအချိန်အထိလူဦးရေဘယ်လောက်တိုးလာလဲ။ဒီကနေအခြားဖွံ့ဖြိုးတိုးတက်မှုအဒခြအနေဒါတွေသိရမှာပေါ့။အကြိုစာရင်းမှာတော့ဒါ တွေမပါပါဘူး။သိသာတဲ့အခြားရလဒ်ကိုပဲထုတ်ပြန်မှာပါ”ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှညွန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင်ကပြောကြားသည်။

ယခုကောက်ယူခဲ့သည့်ပြည်လုံးကျွတ်သန်းခေါင်စာရင်းသည်၁၉၈၃ခုနှစ်နောက်ပိုင်း(၂၅)နှစ်ကြာကာလတွင်ပထမဆုံးအကြိမ်ကောက်ယူခဲ့ခြင်းဖြစ်ပြီးကြိုတင်ပြင်ဆင်ခြင်း၊မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊စာရင်းဇယား များပြုစုခြင်းနှင့်စာရင်းထုတ်ပြန်ခြင်းစသည့်အဆင့်လေးဆင့်ဖြင့်ဆောင်ရွက်ခဲ့ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်များအရသိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင်ကချင်ပြည်နယ်ရှိဒေသအချို့နှင့်ရခိုင်ပြည်နယ်၌ဘင်္ဂါလီလူမျိုးစုနေရာအချို့တွင်သတ်မှတ်လူမျိုးအမည်ဖြေကြားခြင်းမရှိသည့်အတွက်သန်းခေါငစာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့သောလည်း အဆိုပါကျန်ရှိလူဦးရေစာရင်းများအဖြစ်သန်းခေါင်စာရင်းရှေ့ပြေးရလဒ်တွင်ထည့်သွင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင်ကချင်ပြည်နယ်ရှိကျေးရွာပေါင်း(၂၇၀၀)တွင်(၉၇)ရွာပကျေးရွာစု(၂၅)စုအားသန်းခေါင်စာရင်းကောက်ယူခြင်းမရှိဘဲရခိုင်ပြည်နယ်ခရိုင်ငါးခုအနက်စစ်တွေ၊မြောက်ဦးနှင့်မောင်းတောခရိုင်ရှိ ဘင်္ဂါလီများမှာလည်းလူမျိုးအမည်အားအတင်းအကျပ်ဖြည့်သွင်းပေးရန်တောင်းဆိုမှုကြောင့်သန်းခေါင်စာရင်းကောက်ယူနိုင်မှုမရှိခဲ့ကြောင်းဇူလိုင်(၂၅)ရက်ကပြုလုပ်သည့်လွှတ်တော်အစည်းအဝေးတွင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးဝင်းမြင့်ကပြောကြားသည်။

သို့သော်ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့တုံးကအကြောင်းအမျိုးမျိုးကြောင့်စာရင်းမကောက်ယူနိုည်ခဲ့သည့်“ဝ”ဒေသ၊ကိုးကန့်ဒေသများအပြင်ကချင်လက်နက်ကိုင်အဖွဲ့အစည်းများ၏တပ်ချနေရာများမှအပကရင်၊ မွန်၊ပအို့ဝ်၊ရှမ်း၊ကရင်နီနှင့်ကယားအစရှိသည့်တိုင်းရင်းသားအဖွဲ့အစည်းများလှုပ်ရှားနယ်မြေများတွင်၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် စာရင်းကောက်ယူနိုင်ခဲ့ကြောင်းလည်းဦးဝင်းမြင့်၏ပြောကြားချက်အရသိရသည်။

ထို့ပြင်ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင်မေးခွန်း၄၀ကျော်မေးမြန်းခြင်းနှင့်လူမျိုးအမည်များအားကုဒ်နံပါတ်များနှင့်ဖြည့်စွက်စေခြင်းများနှင့်လူမျိုးအမည်များမှားင်းဖြည့်စွက်နိုင်သည့်အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများမှကန့်ကွက်မှုများရှိခဲ့ပြီးသန်းခေါင်စာရင်းကော်မရှင်အနေဖြင့်မူတိုင်းရင်းလူမျိုးဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍အပြီးသတ်သန်းခေါင်စာရင်းရလဒ်များစိစစ်ပြီးချိန်တွင်တိုင်းရင်းသားအဖွဲ့အစည်း များနှင့်ဆွေးနွေးညှိနှိုင်းပြီးလူမျိုးစုများ၊မျိုးနွယ်စုများအရေအတွက်၊အမည်စာရင်းအသေးစိတ်ကိုထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်အခြေခံလူဦးရေစာရင်းများနှင့်ကြိုတင်ဂဏန်းသင်္ကေတပေးထားသည့်လူမျိုးစာရင်းကို၂၀၁၅ခုနှစ်ပထမလေးလတွင်အပြီးသတ်ရလဒ်အဖြစ်ထုတ်ပြန်မည်ဖြစ် ပြီး၂၀၁၄ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းအချက်အလက်ဆန်းစစ်သုံးသပ်ရရှိမှုအစီရင်ခံစာများကိုလည်း၂၀၁၅ခုနှစ်နိုဝင်ဘာမှစတင်ကာနှစ်စဉ်ထုတ်ပြန်သွားနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။