လက်မှတ်ရေးထိုးရန်အတွက်စည်းရုံးလှုံ့ဆော်မှုသည်ဒီမိုကရေစီရရှိရေးအတွက်အထောက်အကူတစ်ရပ်ဖြစ်သည်ဟုစုကြည်ဆို

...

လက်မှတ်ရေးထိုးရန်အတွက်စည်းရုံးလှုံ့ဆော်မှုသည်ဒီမိုကရေစီရရှိရေးအတွက်အထောက်အကူတစ်ရပ်ဖြစ်သည်ဟုစုကြည်ဆို

Eleven Media, 06 Aug 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7116:suu-kyi-calls-signature-campaign-a-breakthrough-for-democracy&catid=32:
ဥပဒေပြင်ဆင်ရေးအတွက်လူထုငါးသန်းကျော်လက်မှတ်ရေးထိုးထောက်ခံခြင်းသည်မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်အထောက်အကူဖြစ်သည်ဟု(NLD)နှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းပူးပေါင်း ဆောင်ရွက်စီစခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်(NLD)ခေါင်းဆောင်အောင်ဆန်းစုကြည်မှယမန်နေ့ကနှုတ်ခွန်းဆက်ဂုဏ်ပြုခဲ့သည်။

ပုဒ်မ(၄၃၆)အရ၂၀၀၈ဥပဒေမူကြမ်းကိုပြင်ဆင်ရန်အတွက်လွတ်တော်အမတ်အားလုံး၏ထောက်ခံမှု(၇၅)ရာခိုင်နှုန်းရရှိရန်လိုအပ်သည်။

သြဂုတ်လ(၃)ရက်နေ့အရမြို့နယ်(၃၀၁)မြို့နယ်မှဆန္ဒပြုလက်မှတ်ရေးထိုးခဲ့သူအနည်းဆုံးအယောက်(၄.၉)သန်းရှိသည်။အပြီးသတ်စာရင်းကို(NLD)မှသြဂုတ်လ(၅)ရက်နေ့တွင်ထုတ်ပြန်မည်ဖြစ်သည်။

(NLD)နှင့်၈၈မျိုးဆက်မှအပြီးသတ်စာရင်းကိုသတင်းထုတ်ပြန်ခွင့်ပေးရမည်ဖြစ်သည်သို့သော်လက်မှတ်ရေးထိုးရန်အတွက်စည်းရုံးလှုံ့ဆော်မှုပူးတွဲသတင်းစာရှင်းလင်းပွဲကိုသြဂုတ်လ(၆)ရက်နေ့တွင်ပြုလုပ်မည်ဟုဆိုသည်။

ယခုပြုလုပ်သည့်ဥပဒေပြုပြင်ရေးအတွက်စည်းရုံးလှုံ့ဆော်မှုသည်မြန်မာ့သမိုင်းတွင်ပထမဆုံးသောအကြိမ်ဖြစ်သည်ဟုစုကြည်မှပါလီမန်၌သတင်းထောက်များကိုသြဂုတ်လ(၁)ရက်နေ့တွင်ပြောပြခဲ့သည်။

ဤဆန္ဒပြုလက်မှတ်ရေးထိုးရန်အတွက်စည်းရုံးလှုံ့ဆော်မှုသည်လျှို့ဝှက်မဲမဟုတ်ပဲ(NLD)နှင့်၈၈မျိုးဆက်ဝင်များဦးဆောင်သောတစ်နိုင်ငံလုံးရှိလူထုများနှင့်ရပ်ရွာအဆင့်လူထုအပါအဝင်ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာဆွေး နွေးပွဲတစ်ရပ်ဖြစ်ပါသည်ဟုစုကြည်ဆိုသည်။

အပြီးသတ်ဆန္ဒပြုလက်မှတ်ရေးထိုးစာရင်းကိုလွတ်တော်သို့တင်ပြပြီးနောက်လူထုများထံသို့ထုတ်ပြန်မည်ဖြစ်သည်။