လက်နက်ကိုင်အဖွဲ့မှပြန်လည်လွှဲအပ်ပေးသည့်မြေယာများအပေါ်ဒေသခံများအဝေမတည့်၍အငြင်းပွားမှုများရှိ

...

လက်နက်ကိုင်အဖွဲ့မှပြန်လည်လွှဲအပ်ပေးသည့်မြေယာများအပေါ်ဒေသခံများအဝေမတည့်၍အငြင်းပွားမှုများရှိ

Burma News International, 12 Sep 2014

URL: http://www.bnionline.net/index.php/news/kantarawaddy/17457-local-residents-have-a-row-on-ownership-of-farmland-returned-by-an-armed-group.html
ကယားပြည်နယ်ငြိမ်းချမ်းရေးယူထားသည့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှယခင်သိမ်းယူထားသည့်မြေယာအချို့ကို​ပြည်သူများထံပြန်လည်လွှဲအပ်လိုက်ရာဒေသခံပြည်သူများအချင်းချင်းမြေယာပိုင်
ဆိုင်မှုကိစ္စနှင့်ပက်သက်၍အဝေမတည့်၍အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟုသိရသည်။

ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်တိုးတက်ရေးပါတီ(KNPDP)ဒေသအခေါ်အဝေါ်(ကယောနီ)အဖွဲ့သည်ဒီးမော့ဆိုမြို့နယ်၊ပဒိုငံကျေးရွာအနီးမှစိုက်ခင်းအမှတ်(၁)၊မြေဧက(၂၂၀)အနက်(၁၄၈)ဧ ကကိုပဒိုငံကျေးရွာပြည်သူများထံပြီးခဲ့သည့်သြဂုတ်လ(၁၂)ရက်နေ့တွင်ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်၎င်းမြေယာများကိုယခင်ကယောနီအဖွဲ့အစည်းလက်ထက်မတိုင်မီတွင်ဆိုဘောသဲကျေးရွာမှဒေသခံပြည်သူများကစိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့်အတွက်ယခုပြန်လည်ပေးအပ်ချိန်တွင်ဆိုဘော
သဲကျေးရွာမှဒေသခံများနှင့်ပဒိုငံကျေးရွာမှဒေသခံများကပိုင်ဆိုင်မှုအဝေမတည့်ကြ၍အငြင်းပွားနေကြခြင်းဖြစ်သည်။

အဖွဲ့အစည်းကပြန်လည်လွှဲအပ်ပေးလိုက်သည့်မြေယာများတချို့တဝက်ကိုဆိုဘောသဲဒေသခံများထံခွဲဝေပေးသင့်သည်ဟုဆိုဘောသဲရွာမှဥက္ကဌဦးလေးဝီကပြောသည်။

၎င်းက“သူတို့ခြံတွေမရှိတော့သနားလို့မြေတွေလုပ်ခိုင်းတာအခွင့်အရေးမယူသင့်ဘူးပေါ့။ကျွန်တော်တို့မြေတွေကိုနည်းနည်းပါးပါးတော့ပြန်ပေးသင့်တာပေါ့။မြေတွေကိုကျွန်တော်တို့ကိုလုံးဝပြန်မ​ပေး​
ရင်တော့ကျွန်တော်တို့လည်းလက်မခံဘူးပေါ့။ပြန်ပေးသင့်တာပေါ့”ဟုပြောသည်။

၎င်းမြေယာများကို၂၀၀၁ခုနှစ်တွင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(လွိုင်ကော်)မှတဆင့်ကယောနီအဖွဲ့ကိုချပေးခဲ့ပြီးနောက်ပဒိုငံကျေးရွာဒေသခံများကိုလည်းနောက်ပိုင်းတွင်လုပ်ကိုင်စိုက်ပျိုးခွင့်ပေးခဲ့
သည်ဟုပဒိုငံကျေးရွာမှဥက္ကဌဦးပါတြိရိုးမင်းကပြောသည်။

“ပဒိုငံက(ဒကစ)ကခွင့်ချက်ပေးတဲ့အတွက်မြေတွေကိုဆယ်နှစ်ဆယ်မိုးလာမလုပ်ခဲ့ဘူး၊အခုရွာကလုပ်စားစရာမြေတွေလည်းမရှိ၊နေစရာမြေတွေမရှိတဲ့အချိန်မှာကျွန်တော်တို့ဒီမြေတွေကိုပြန်လာလုပ် ယူခြင်းဖြစ်ပါတယ်”ဟုဦးပါတြိရိုးမင်းကပြောသည်။

ကယောနီအဖွဲ့မှဒေသခံများ၏တောင်းဆိုချက်အရမိမိတို့အဖွဲ့အစည်းမှပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအတွင်းရေးမှူးဦးချစ်မောင်ကပြောသည်။

ဒေသခံတွေအဆင်ပြေစေဖို့ကျွန်တော်တို့ကရည်ရွယ်ပြီးဌာနဆိုင်ရာတွေကိုခေါ်ပြီးတရားဝင်ပြန်ပေးလိုက်တာပါ ဟု၎င်းကဆက်ပြောသည်။

ကယောနီအဖွဲ့သည်၁၉၉၉ခုနှစ်တွင်လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ပြီးတပ်ဖွဲ့ဝင်မိသားစုများသက်သာချောင်ချိရေးနှင့်စားဝတ်နေရေးအထောက်အကူပြုနိုင်ရန်ဆိုပြီး၂၀၀၀ခုနှစ်တွင်နိုင်ငံတော်အ
စိုးရမှ၎င်းမြေယာများပြည်သူများထံမှတဆင့်ချပေးခဲ့ခြင်းဖြစ်သည်။