တိုင်းရင်းသားအဖွဲ့များကမြန်မာနိုင်ငံမှခွဲခွာမသွားချင်ကြောင်းနိုင်ဟောင်ဆာမှပြောကြား

...

တိုင်းရင်းသားအဖွဲ့များကမြန်မာနိုင်ငံမှခွဲခွာမသွားချင်ကြောင်းနိုင်ဟောင်ဆာမှပြောကြား

Democratic Voice of Burma, 28 Sep 2014

URL: http://www.dvb.no/news/ethnic-groups-dont-want-to-leave-burma-says-nai-hongsa-burma-myanmar/44526
မြန်မာတိုင်းရင်းသားလက်နက်ကိုင်လူနည်းစုများသည်၎င်းတို့၏အခွင့်အရေးကိုအလေးထားပြီးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးကိုပံ့ပိုးကူညီပေးခြင်းအားဖြင့်၎င်းတို့
သည်တိုင်းပြည်ကနေဘယ်တော့မှထွက်ခွာသွားလိမ့်မည်မဟုတ်ကြောင်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း၏ညှိနှိုင်းရေးခေါင်းဆောင်များထဲမှတစ်ဦးဖြစ်သူနိုင်ဟောင်
ဆာကစနေနေ့တွင်ပြောကြားခဲ့သည်။

NCCTတိုင်းရင်းသားမဟာမိတ်များနှင့်အစိုးရကိုယ်စားလှယ်တို့အတွင်းပြုလုပ်သည့်အစည်းအဝေးနှင့်စပ်လျဉ်း၍အသေးစိတ်ကိုနိုင်ငံရေးပါတီများအားရှင်းလင်းပြောကြားခဲ့သည်၊“တိုင်း
ရင်းသားနိုင်ငံသားတွေဟာအဓိကကျတဲ့အခြေခံအခွင့်အရေးနဲ့မွေးရာပါအခွင့်အရေးကိုအပြည့်အဝအခိုင်အမာရမယ်ဆိုရင်ကျွန်တော်တို့ဒီနိုင်ငံကနေဘယ်တော့မှခွဲခွာသွားမှာမဟုတ်ပါဘူး”
ဟုမွန်ခေါင်းဆောင်နိုင်ဟောင်ဆာကပြောခဲ့သည်

“ကျွန်တော်တို့တန်းတူညီတူနဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ်အခြေခံထားတဲ့တကယ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုကျွန်တော်တို့တည်ဆောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကွဲကွာသွားမှာ
ကိုဘယ်သူမှစိုးရိမ်စရာမလိုတော့ပါဘူး။”

ဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်NCCTတို့မှကိုယ်စားလှယ်များသည်ယခုတပတ်၌မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်ပြု
လုပ်ခဲ့သည်ဆွေးနွေးပွဲရလဒ်များနှင့်ပက်သက်၍ထုတ်ပြန်ကြေငြာရန်အတွက်နိုင်ငံရေးပါတီ(၆၀)ထက်မနည်းကိုဤသီတင်းတပတ်၌တွေ့ဆုံခဲ့သည်။

အလွတ်သဘောအစည်းအဝေးသည်နိုင်ငံရေးပါတီများမှတောင်းဆိုချက်များကိုပံ့ပိုးဆောင်ရွက်ပေးခဲ့သည်ဟုဖက်ဒရယ်ပြည်ထောင်စုပါတီမှဒုတိယဥက္ကဌဖြစ်သူစောသန်းမြင့်ကပြောခဲ့သည်။

“UPWC နဲ့ NCCTတို့အတွင်းဆွေးနွေးမှုတွေဟာရက်အနည်းငယ်သာဆွေးနွေးဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကအစည်းအဝေးနဲ့စပ်လျဉ်းပြီးအသေးစိတ်ကိုပြောပြဖို့တောင်းဆိုခဲ့ပါ
တယ်၊ဘာ့ကြောင့်လဲဆိုတော့ကျွန်တော်တို့အတူတကွဆုံဖို့ကခဲယဉ်းလို့ပါဟု၎င်းမှပြောခဲ့သည်။“ဒါပေမယ့်ဒါဟာအလွတ်သဘောအစည်းအဝေးပြုလုပ်တာပါ၊ဒါကြောင့်မို့လို့အဓိကကျတဲ့ဆုံးဖြတ် ချက်တွေမပြုလုပ်ခဲ့ပါဘူး။”

UPWC မှဦးအောင်မင်းကအဖွင့်အမှာစကားပြောကြားရာ၌တစ်ရက်တာဆွေးနွေးပွဲသည်နိုင်ငံရေးဆွေးနွေးပွဲများကိုဦးဆောင်လမ်းပြရာတွင်အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများအတွင်းယုံကြည်မှုတိုးမြှင့်ပေးဖို့ကူညီရန်အတွက်အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

“သုံးပွင့်ဆိုင်အစည်းအဝေးများကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးခြင်းအားဖြင့်ရှေ့ဆက်မယ့်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများကျင်းပတဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့ယုံကြည်မှုကိုတည်ဆောက်
ပေးဖို့အကူအညီပေးလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု၎င်းမှကိုယ်စားလှယ်များအားပြောကြားခဲ့သည်။“နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲတွေပြုလုပ်တဲ့အခါမှာနိုင်ငံရေးပါတီတွေကိုပါဝင်
သူများအနေနဲ့ကျွန်တော်တို့ထည့်သွင်းဖို့ဆန္ဒရှိပါတယ်။”

မြန်မာနိုင်ငံ၏အဓိကပါတီကြီးနှစ်ခုဖြစ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့စသည့်ပါတီအချို့မတက်ရောက်ခဲ့ကြပေ။

အောက်တိုဘာလတွင်ကျင်းပရန်စီစဉ်ထားသည့်နောက်လာမည့်ဆွေးနွေးပွဲတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရန်ရည်မှန်းထားသည်။