ထားဝယ်စီးပွားရေးအထူးစက်မှုဇုန်ကိုပြန်လည်လုပ်ကိုင်ရန်ထိုင်းနှင့်မြန်မာဆုံးဖြတ်

...

ထားဝယ်စီးပွားရေးအထူးစက်မှုဇုန်ကိုပြန်လည်လုပ်ကိုင်ရန်ထိုင်းနှင့်မြန်မာဆုံးဖြတ်

Irrawaddy News, 10 Oct 2014

URL: http://www.irrawaddy.org/business/burma-thailand-renew-vows-resume-dawei-sez.html
ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုကျန်းအိုချာသည်မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့်နေပြည်တော်၌တွေ့ဆုံခဲ့ပြီးစစ်တပ်မှအရပ်ဘက်ပြောင်းထားသောခေါင်းဆောင်များသည်ထားဝယ်စီးပွားရေး
အထူးစက်မှုဇုန်စီမံကိန်းကိုပြန်လည်စ တင်ရန်အတွက်တစ်ခုထက်မနည်းသောသဘောတူညီမှုများပြုလုပ်ခဲ့သည်။

စီမံကိန်းအတွက်စတင်လုပ်ဆောင်မည့်အချိန်သတ်မှတ်ထားခြင်းမရှိသော်လည်းတတ်နိုင်လောက်ပြန်လည်စတင်သွားမည်ဖြစ်ကြောင်းသမ္မတ၏ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဝန်ကြီးဌာ
နမှဦးရဲထွဋ်ကဧရာဝတီသတင်းစဉ်သို့ပြောခဲ့သည်။

“ဝန်ကြီးအဆင့်အစည်းအဝေးအတွင်းမှာစီမံကိန်းကိုပြန်လည်စတင်ဖို့အချိန်ကာလသတ်မှတ်တာနဲ့ပက်သက်ပြီးဆွေးနွေးသွားတာမရှိပါဘူး”ဟု၎င်းမှပြောကြားခဲ့သည်၊ထိုသို့လုပ်ဆောင်ရာ
လမ်းကြောင်းပေါ်တွင်လိုအပ်သောအရာများကိုပြန်လည်ရရှိရန်အတွက်ခြေလှမ်းများလျော့ချလုပ်ကိုင်ရန်သမ္မတမှဆန္ဒရှိကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။

တနင်္သာရီဒေသကြီးရှိနေရာလွတ်ရှိနေသောပင်လယ်ကမ်းခြေတွင်အစီအစဉ်ရေးဆွဲခဲ့သည့်ဘီလီယမ်ဒေါ်လာတန်သည့်စီမံကိန်းကိုဆိပ်ကမ်းတစ်ခုအဖြစ်ရည်ရွယ်ခဲ့သည်၊စက်ရုံအလုပ်ရုံအမျိုး
မျိုးစုပေါင်းတည်ရှိရာနေရာနှင့်အကူးအပြောင်းအချက်အချာကျသည့်နေရာများသည်ထိုင်းနိုင်ငံအရှေ့ပိုင်းပင်လယ်ကမ်းခြေနှင့်ဘန်ကောက်မြို့တော်တို့နှင့်အတူမြန်မာနိုင်ငံအရှေ့တောင်ပင်လယ်
ကမ်းရိုးတန်းသို့ချိတ်ဆက်လိမ့်မည်ဖြစ်သည်။

ထားဝယ်စီးပွားရေးအထူးစက်မှုဇုန်သည်ကနဦးကန်ထရိုက်တာများ၏ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကိုအာမခံချက်ပေးရန်ပျက်ကွက်ခဲ့သောကြောင့်ကျယ်ပြန့်စွာတသီတတန်းနှောင့်နှေးခဲ့သည်။
စီမံကိန်း၏ပထမအကောင်အထည်ဖော်သည့်ကာလမှာပင်ယူအက်စ်ဒေါ်လာ(၁၈၉)သန်းကုန်ကျခဲ့သည်ဟုအစီအရင်ခံပြီးနောက်ပိုင်းတွင်ထိုင်းနိုင်ငံ၏အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီ
ဖြစ်သည့်အီတာလျန်-ထိုင်းဖွံ့ဖြိုးတိုးတက်ရေး(ITD)လီမိတက်သည်၂၀၁၃ခုနှစ်နောက်အကျဆုံးထားကာစီမံကိန်းမှထွက်ခွာသွားခဲ့သည်။

ထိုင်းနှင့်မြန်မာအစိုးရနှစ်ဖက်စလုံးမှဂျပန်အားအလားအလာရှိသောရင်းနှီးမြှုပ်နှံမှုလုပ်ဖော်ကိုင်ဖက်အဖြစ်စတင်ထည့်သွင်းခဲ့သည်။ဂျပန်သည်ရန်ကုန်တိုင်းရှိသီလဝါ၌အဓိကကျသောဆိပ်ကမ်း နှင့်စက်မှုဇုန်လုပ်ဆောင်ရာတွင်ဖွံ့ဖြိုးတိုးတက်နေသည်။

အောက်တိုဘာလ(၂)ရက်နေ့တွင်ဘန်ကောက်၌ဝန်ကြီးချုပ်ပရာယုနှင့်ဂျပန်နိုင်ငံရှိနိုင်ငံခြားရေးဒုတိယဝန်ကြီးမိနိုရိုခူချီတို့အတွင်းဆွေးနွေးမှုများတွင်ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကိုအ ဓိကအစီအစဉ်အဖြစ်ဆွေးနွေးခဲ့သည်ဟုထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ၏Reutersသို့ပြောကြားချက်အရသိရှိရသည်။

ထပ်မံဖြည့်စွက်မှုများနှင့်ဖြစ်ကောင်းဖြစ်လာနိုင်သည့်ပိုမိုဆိုးရွားနိုင်မှုများကိုရင်းနှီးမြှုပ်နှံသူများထံသေချာသောအာမခံချက်ပေးရန်ခက်ခဲခြင်းများ၊မြေပိုင်ဆိုင်မှုချိုးဖောက်မှုများနှင့်ညှိနှိုင်းတိုင်
ပင်မှုကင်းမဲ့ခြင်းတိုအပေါ်ပြည်သူလူထုမှစီမံကိန်းအားအုတ်အောင်သောင်းနင်းကန့်ကွက်ခဲ့ကြသည်။

အင်္ဂါနေ့တွင်လူထုအခြေစိုက်အဖွဲ့များနှင့်ပြည်တွင်းတက်ကြွစွာလှုပ်ရှားသူများမှမြန်မာနှင့်ထိုင်းအစိုးရတို့အားစီမံကိန်းကိုဆက်လက်မဆောင်ရွက်မီလယ်သမားများအားထိခိုက်မှုရှိခဲ့သည့်တိုင်
ကြားမှုများကိုတိုက်ရိုက်ဖြေရှင်းရန်တိုက်တွန်းထားသည့်လူထု၏အင်တိုက်အားတိုက်တောင်းဆိုမှုများကိုထုတ်ပြန်ခဲ့ပြီးနိုင်ငံတကာရှိအကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများဖြင့်နစ်နာမှုများ
နှင့်ကတိများကိုလက်တွေ့ပြသစာရင်းရှင်းပြီးမှသာစီမံကိန်းကိုပြန်လည်စတင်ရမည်ဖြစ်ကြောင်းပါရှိသည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအသင်း(DDA)၊ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလှုပ်ရှားမှုကွန်ယက်(KESAN)၊လှုပ်ရှားပြောင်းလဲရေးဝါဒဦးဆောင်သူကျော်သူ၊NGO Paung Ku အကျိုးတူ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှဒါရိုက်တာစသည်တို့မှကြေငြာချက်တွင်လက်မှတ်ရေးထိုးခဲ့သည်။DDAမှဒါရိုက်တာသန့်ဇင်ကနှစ်ဘက်အစိုးရထံ“လက်ရှိဖြစ်နေသောပြဿနာများကိုဖြေရှင်းပေး
ရန်နှင့်၎င်းတိုထံမှနမူနာယူကြရန်၊ဆက်လက်လုပ်ဆောင်ရန်အတွက်အကောင်းဆုံးနည်းလမ်းများစဉ်းစားကြပါ”ဟုပန်ကြားခဲ့သည်။

“အစိုးရကမြေယာပြဿနာများကိုဖြေရှင်းပေးဖို့အတွက်ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။တချို့ကမြေမပိုင်ခဲ့ပါဘူး၊မြေတန်ဖိုးတက်လာအောင်အဲ့ဒီမှာအပင်တွေစတင်စိုက်ပျိုးခဲ့ပါတယ်၊အဲ့ဒီ့နောက် သူတို့မြေမဟုတ်ပဲငွေတောင်းခံလာပါတယ်။လျော်ကြေးပေးဖို့ထိုက်တန်တဲ့သူတွေကိုပဲကျွန်တော်တို့ပေးခဲ့တာပါ၊ကျွန်တော်တို့အခွင့်အရေးသမားတွေကိုဥပဒေအတိုင်းရင်ဆိုင်ဖြေရှင်းသွား မှာပါ”ဟု
သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကသောကြာနေ့တွင်ဧရာဝတီသို့ပြောပြရင်းတုန့်ပြန့်ပြောဆိုခဲ့သည်။

မြန်မာအန်ဂျီအိုများမှထားဝယ်စီးပွားရေးစက်မှုဇုန်အားထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့်အတူစီမံကိန်းနှင့်ပက်သက်ပြီးယမန်နှစ်တွင်တရားဝင်တိုင်ကြားအတိုက်အခံလုပ်ခဲ့ပြီးယခုလနောက်အ
ကျဆုံးထား၍ကော်မရှင်မှလူထုရှင်းပြမှုများပြုလုပ်သည့်အချိန်အတွင်းတွင်တက်ကြွစွာလှုပ်ရှားသူများမှသက်သေခံထွက်ဆိုကြမည်ဖြစ်သည်။