ဒေသန္တရနှင့်ပြည်နယ်အစိုးရတို့စိုက်ပျိုးရေးအတွက်ငွေစုငွေချေးစနစ်စီစဉ်

...

ဒေသန္တရနှင့်ပြည်နယ်အစိုးရတို့စိုက်ပျိုးရေးအတွက်ငွေစုငွေချေးစနစ်စီစဉ်

Eleven Media, 18 Nov 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=8127:region-and-state-governments-to-manage-agricultural-loans-and-savings&c
လာမည့်နာဂတ်တွင်စိုက်ပျိုးရေးနှင့်ပတ်သက်သောငွေစုငွေချေးစနစ်ကိုဒေသန္တရနှင့်ပြည်နယ်အစိုးရတို့မှစီစဉ်နေပြီဖြစ်သည်။ဒေသများ တွင်လယ်သမားများရင်ဆိုင်နေသည့်အခက်အခဲများနှင့်ပက်သက်၍ပဲခူးတိုင်းမဲဆန္ဒနယ်အမှတ်(၁၁)မှအောင်ချိုဦးမေးမြန်းခြင်းကိုစိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှဒုတိယဝန်ကြီးကတုန့်ပြန်ကြေငြာခဲ့သည်။

အောင်ချိုဦးကလယ်သမားများအတွက်ထိုချေးငွေများကိုအသုံးပြုရန်စိုက်ပျိုးရေးအတွက်လိုအပ်သောချေးငွေများကိုအချိန်မီမထုတ်ပေး
ခြင်း၊လျှောက်လွှာပုံစံ(၇)ကိုအသုံးပြုခြင်းဖြင့်ချေးငွေလျှောက်ရာတွင်အခက်အခဲရှိခြင်းနှင့်ချေးငွေထုတ်ရန်အတွက်စုပေါင်းတာဝန်ယူမှုစ နစ်အားနည်းခြင်းစသည်တို့နှင့်ပက်သက်၍ဒုတိယဝန်ကြီးအားမေးမြန်းခဲ့သည်။

လယ်သမားများသည်ယမန်နှစ်တွင်ချေးငွေချေးပြီးအပြည့်အဝပြန်လည်သွင်းပါကယခုနှစ်တွင်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ထောက်ခံချက်ဖြင့်လျှောက်လွှာပုံစံ(၇)ကိုမတင်လျှင်တောင်နောက်ထပ်ချေးငွေများရရှိနိုင်ကြောင်းဒုတိယဝန်ကြီးမှပြောကြားခဲ့သည်။

စည်းမျဉ်းများအရလျှောက်လွှာတင်သောလျှောက်လွှာရှင်များအတွက်ချေးငွေကိုတင်ပြီးနောက်တနေ့တွင်ရရှိမည်ဖြစ်ကြောင်းဒုတိယ ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

သို့သော်လည်းလျှောက်လွှာမဖြည့်သောသူများအတွက်နှင့်ယခင်ချေးငွေများကိုပြန်မသွင်းရသေးသောသူများအတွက်မူငွေကြေးကိုသုံး၊ လေးရက်ကြာမှသာထုတ်ပေးမည်ဖြစ်သည်။

၂၀၀၈ခုနှစ်အခြေခံဥပဒေအပိုင်း(၁၈၈)အောက်ရှိအခန်း(၂)အရဒေသန္တရနှင့်ပြည်နယ်အစိုးရအားစိုက်ပျိုးရေးဆိုင်ရာငွေစုငွေချေးများ ကိုလွှဲပြောင်းတာဝန်ပေးအပ်ရန်အတွက်ပြည်ထောင်စုအစိုးရ၏အစီအစဉ်များနှင့်ကိုက်ညီမှုမရှိသောကြောင့်၁၉၉၁ခုနှစ်မြန်မာ့လယ်ယာ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်ဟုဒုတိယဝန်ကြီးကထပ်ပေါင်းပြောကြားခဲ့သည်။

လယ်သမားများအခွင့်အရေးကာကွယ်ရေးနှင့်လယ်ယာမြေတိုးတက်ရေးဥပဒေကိုပြၘာန်းပြီးပါကထိုဥပဒေအား၁၉၉၉၁ခုနှစ်ဥပဒေတွင် သင့်တော်သောနေရာတွင်ပြန်လည်ထားရှိမည်ဟုဒုတိယဝန်ကြီးပြောကြားခဲ့သည်။