လာမည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင်အချက်(၈)ချက်အပေါ်အဓိကထားပြီးပြောဆိုဆွေးနွေးသွားမည်

...

လာမည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင်အချက်(၈)ချက်အပေါ်အဓိကထားပြီးပြောဆိုဆွေးနွေးသွားမည်

Burma News International, 27 Nov 2014

URL: http://www.bnionline.net/index.php/news/phophtaw/17920-forthcoming-nationwide-ceasefire-talks-will-focus-on-eight-points.html
ယခင်ကမဆွေးနွေးခဲ့သောအချက်(၈)ချက်ကိုတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ(UPWC)တို့
ကြားပြုလုပ်မည့်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲခြင်းဆွေးနွေးပွဲတွင်ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ထိုဆွေးနွေးပွဲအားဒီဇင်ဘာလအစပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း(NCCT)
ခေါင်းဆောင်နိုင်ဟောင်စာမှ(Nai Hong Sar)ပြောကြားခဲ့သည်။

“မကြာမီကဝန်ကြီးဦးအောင်မင်းနှင့်တွေ့ဆုံခဲ့ပြီး(နိုဝင်ဘာလ ၉ ရက်နေ့၊နေပြည်တော်၌ကျင်းပသောဆွေးနွေးပွဲတွင်NCCTနှင့်UPWCအဖွဲ့ဝင်အချို့တို့နှင့်တွေ့ဆုံပြောကြားရာတွင်)၊နိုဝင်ဘာလ
(သို့)ဒီဇင်ဘာလအစပိုင်းတွင်ပြန်လည်တွေ့ဆုံရန်သဘောတူထားကြောင်းအချို့ဆွေးနွေးထားသည့်အကြောင်းအရာအသေးစိပ်ကိုညှိနိုင်းရန်၊ပြောင်းလဲရန်ရှိကောင်းရှိနိုင်မည်ဖြစ်ကြောင်း”Nai Hong
Sarမှပြောခဲ့သည်။မည်သို့ပင်ဆိုစေကာမူဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းပြေခဲ့ပါသည်။

Nai Hong Sarပြောကြားချက်အရထိုအချက်(၈)ချက်ထဲမှအချို့မှာ၊တိုင်းရင်းသားလူမျိုးစုအပါအဝင်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး၊ “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး
”ဆိုသည့်စကားအသုံးအနှုန်းနှင့်ပတ်သက်၍၎င်း၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးပြီးသည့်နောက်ရဲဘော်အသစ်မခန့်အပ်ရေး၊နှင့်လုံခြုံ
ရေးတို့နှင့်ပတ်သက်သောကိစ္စတို့အားဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(Nationwide Ceasefire Coordination Team- NCCT ) နှင့်မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ခြင်းလုပ်ငန်းဗဟိုဌာန(MPC
–Myanmar Peace Centre)ကိုယ်စားလှယ်များနိုဝင်ဘာလ(၂၄မှ၂၇)ရက်အထိချင်းမိုင်တွင်ကနဦးအကြိုဆွေးနွေးပွဲတွင်တွေ့ဆုံခဲ့ပါသည်။

MPCမှအကြီးတန်းအကြံပေးအရာရှိဖြစ်သောဦးလှမောင်ဆွေမှချင်းမိုင်မှအစည်းအဝေးပြီးသည့်နောက်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဆွေးနွေးရန်ရက်စွဲသတ်မှတ်နိုင်ရန်မျှော် လင့်ထားကြောင်းပြောကြားခဲ့ပါသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)ကြားတနိုင်ငံလုံးဆိုင်
ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသည်(၆)ကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။

စက်တင်ဘာလ(၂၂ရက်မှ၂၆ရက်)အထိရန်ကုန်၌ကျင်းပခဲ့သောနောက်ဆုံးအစည်းအဝေး၌တပ်ပိုင်းဆိုင်ရာကိစ္စရပ်ဖြစ်စေ၊ငြိမ်းချမ်းရေးပြောဆိုရန်အတွက်နိုင်ငံရေးဖွဲ့စည်းမှုမူဘောင်နှင့်ပတ်သက်ပြီး
ဖြစ်စေ၊တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲသဘောတူညီမှုအားအတည်ပြုချက်ရရန်ပါလီမန်သို့တင်ပြမည်မတင်ပြမည်၊တို့နှင်ပတ်သက်ပြီးမည်သည့်ဘက်ကမှသဘောတူညီမှုမရှိခဲ့ပါ။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC – United Nationalities Federal Council)နိုဝင်ဘာလ(၁၅)ရက်နေ့ထုတ်ပြန်ချက်မှပြီးခဲ့သည့်နိုဝင်ဘာလ(၉)ရက်နေပြည်
တော်အစည်းအဝေးတွင်တွေ့ဆုံစဉ်တွင်အစိုးရဖက်မှစွပ်စွဲထားသည့်အချက်ဖြစ်သောUNFCသည်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲသဘောတူညီမှုလက်မှတ်ထိုးခြင်းအားနှောင့်နှေးသွားခြင်းတွင်တာ
ဝန်ရှိကြောင်းစွပ်စွဲချက်ဖြစ်စေခဲ့သည့်အထင်လွဲမှားမှုမျာကိုရှင်းလင်းခဲ့ပါသည်။

နိုဝင်ဘာလ(၉)ရက်နေ့၌ပြုလုပ်ခဲ့သောအစည်းအဝေးသည်သာမန်တွေ့ဆုံစည်းဝေးဖြစ်ခဲ့သော်လည်းနှစ်ဦးနှစ်ဖက်အထင်အမြင်လွဲမှားမှုများကိုဖြေရှင်းနိုင်ခဲ့ပြီးလာမည့်NCCTနှင့်UPWC နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲခြင်းဆွေးနွေးပွဲကိုထောက်ခံ​ကြလိမ့်မည်ဟုမျှော်လင့်ကြောင်းNai Hong Sarမှပြောခဲ့ပါသည်။