ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်စင်တာရန်ကုန်၌ဖွင့်လှစ်

...

ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်စင်တာရန်ကုန်၌ဖွင့်လှစ်

Thai PBS, 28 May 2015

URL: http://englishnews.thaipbs.or.th/election-information-centre-unveiled-in-yangon
မြန်မာနိုင်ငံ၏ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ရန်ကုန်မြို့တွင်သတင်းအချက်အလက်စင်တာကိုစတင်ဖွင့်လှစ်ခဲ့ပြီးမဲပေးရန်ရွေး
ချယ်ထားသည့်မဲဆန္ဒရှင်များသည်ကော်မရှင်မှထုတ်ပြန်စုစည်းထားသည့်စာရင်းတွင်၎င်းတို့၏အမည်များကိုဝက်ဆိုဒ်အသစ်တစ်ခုတွင်
တိုက်ကြည့်စစ်ဆေးနိုင်သည်ဟုဧရာဝတီမှအစီအရင်ခံဖော်ပြထားသည်။

နိုင်ငံ၏နိုင်ငံရေးပါတီများ၊မြို့ပြလူအဖွဲ့များနှင့်မီဒီယာစသည်တို့အခြေစိုက်သည့်ရန်ကုန်ရှိသတင်းအချက်အလက်စင်တာတွင်စိတ်ဝင်စား
သည့်ပါတီများမှရွေးကောက်ပွဲနှင့်ဆက်နွယ်သည့်အချက်အလက်များကိုပိုမိုလျှင်မြန်စွာနှင့်အချိန်မကုန်လူမပင်ပန်းဘဲရရှိနိုင်သည်ဟုရွေး
ကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးကအင်္ဂါနေ့၌ပြုလုပ်သည့်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

ကော်မရှင်ပစ္စည်းများနှင့်ပက်သက်သည့်ပစ္စည်းကိရိယာများနှင့်UECမှထုတ်ပြန်ထားသည့်သက်ဆိုင်ရာဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများ၊
အမိန့်နှင့်ညွှန်ကြားချက်များသည်တို့အပါအဝင်ရွေးကောက်ပွဲနှင့်ပက်သက်၍ခေတ်နှင့်အညီမွမ်းမံထားသည့်စာရွက်စာတမ်းများနှင့်သတင်း
အချက်အလက်များရရှိနိုင်မည်ဟု၎င်းကပြောကြားခဲ့သည်။

စင်တာသည်ရန်ကုန်၊ကမာရွတ်မြို့နယ်ရှိရွှေလီလမ်းပေါ်တွင်တည်ရှိသည်။တနင်္လာနေ့မှသောကြာနေ့အထိဖွင့်လှစ်မည်ဖြစ်ပြီးအနည်းဆုံး
UECအရာရှိတစ်ဦးအချိန်ပြည့်ခန့်ထားရှိသည်။

UECမှhttps://checkvoterlist.uecmyanmar.orgဝက်ဆိုဒ်တစ်ခုကိုလည်းအင်္ဂါနေ့တွင်စတင်ခဲ့သည်၊ထို့ပြင်မဲဆန္ဒရှင်များသည်၎င်းတို့ရပ်
ကွက်ထဲရှိရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင်၎င်းတို့အမည်စာရင်းကိုကြည့်ရှု့စစ်ဆေးနိုင်သည့်အပြင်အွန်လိုင်းတွင်လည်း၎င်းတို့၏
အမည်များကိုရှာဖွေနိုင်သည်ဟုပြောကြားလိုက်သည်။

ရွေးကောက်ပွဲကော်မရှင်မှရွေးကောက်ပွဲပြုလုပ်မည့်ရက်ကိုမကြေငြာသေးပေ၊ယခုနှစ်နောက်အကျဆုံးထားကျင်းပရန်မျှော်လင့်ထား
ခဲ့သည်။