NLDမျှော်လင့်ချက်များကျဆင်းသွားခဲ့ရသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်မူကြမ်း

Democratic Voice of Burma, 12 Jun 2015
URL: http://www.dvb.no/news/constitutional-amendment-bill-falls-short-of-nld-expectations-burma-myanmar/52340
ဗုဒ္ဓဟူးနေ့၌အခြေခံဥပဒေပုဒ်မ(၅၉)နှင့်(၄၃၆-က)ကိုပြင်ဆင်လျော့ပေါ့ပေးရန်အကြံပြုထားသည့်ပြင်ဆင်ဖြည့်စွက်ထားသောဥပဒေမူ
ကြမ်းကိုပြည်ထောင်စုလွှတ်တော်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်များထံဝေငှခဲ့သော်လည်းပြန်လည်ပြင်ဆင်ရေးစည်းရုံးရေးဆင်း
ထားသူများရည်မှန်းထားသည့် အတိုင်းမဖြစ်လာသေးပေ။
ဥပဒေမူကြမ်းပူးတွဲရေးဆွဲရေးကော်မတီမှမူကြမ်းရေးဆွဲခဲ့သည့်အငြင်းပွားဖွယ်ရာအခြေခံဥပဒေပုဒ်မ၄၃၆(က)ကိုပြောင်းလဲပေးရန်အ
ဆိုပြုလွှာတွင်အကြံပြုထောက်ခံခဲ့သည်။ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန်လွှတ်တော်ကိုယ်စားလှယ်အားလုံး၏(၇၅)ရာခိုင်နှုန်းကျော်အစား
အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်(၇၀)ရာခိုင်နှုန်းအောက်မလျော့သောလွှတ်တော်ကိုယ်စားလှယ်များကသဘောတူလက်ခံရမည်
ဟုဖြန့်ဝေထားတဲ့ဥပဒေကြမ်းမှာဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင်ပုဒ်မ၄၃၆(က)သည်အဓိကကျသည့်အပိုင်းဖြစ်သည်။လွှတ်တော်နှစ်ရပ်လုံးရှိလွှတ်တော်ကိုယ်
စားလှယ်သုံးပုံတစ်ပုံသည်ပြင်ဆင်ချက်ကိုအတည်ပြုရမည်သာမကပြင်ဆင်ရန်အဆိုပြုခဲ့သည့်မည်သည့်ပြောင်းလဲချက်ကိုမဆိုအမျိုး
သားပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်းပြုလုပ်ရမည်ဖြစ်သည်။
ပုဒ်မ၄၃၆(ခ)အောက်ရှိအခြားသောအခန်းများကိုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏(၇၅)ရာခိုင်နှုန်းကအတည်ပြုရန်လိုအပ်ဆဲဖြစ်
သည်ကလွဲ၍လူထုသဘောတူညီမှုယူရန်မလိုအပ်ပေ။
လွန်ခဲ့သော၂နှစ်ကျော်ကအဓိကအတိုက်အခံပါတီဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်နိုင်ငံတ
ဝှမ်းစည်းရုံးရေးဆင်းခြင်း၏အဓိကဦးတည်ချက်သည်ပုဒ်မ၄၃၆ပြင်ဆင်ခြင်းအတွက်ပင်ဖြစ်သည်။
အတိုက်အခံပါတီသည်သမ္မတ(သို့)ဒုတိယသမ္မတဖြစ်ရန်ကြိုးပမ်းသည့်မည်သူမဆိုအရည်အချင်းကန့်သတ်ထားသည့်ပုဒ်မ(၅၉)ကို
ပယ်ဖျက်ရန်အတွက်ရှေ့ဆုံးမှထုတ်ဖော်လုပ်ဆောင်နေသည့်ပါတီလည်းဖြစ်သည်။အထူးသဖြင့်ဤအပိုင်းသည်ဒေါ်အောင်ဆန်းစု
ကြည်အားသူမ၏မိသားစုဝင်များကနိုင်ငံခြားသားဖြစ်သည့်အကြောင်းပြချက်ဖြင့်သမ္မတဖြစ်မလာစေရန်အတွက်သူမအားဖယ်ထုတ်
ရန်အကွက်ကျကျပြုလုပ်ထားသည့်အပိုင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင်ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီသည်ဤအပုဒ်ငယ်မှပြင်ဆင်ချက်နှစ်ချက်ကိုတင်သွင်းသော်ငြားလည်း၎င်းအချက်
တို့သည်ယခုအခါတရုတ်တွင်ရောက်နေသည့်ဒေါ်အောင်ဆန်းစုကြည်အတွက်မဟုတ်ခဲ့ပေ။
ပထမဦးစွာကော်မတီမှပုဒ်မ၅၉(ဃ)ပါစစ်ရေးအမြင်ရှိရမည်ဆိုသည့်နေရာတွင်ကာကွယ်ရေးအမြင်ရှိရမည်ဟုပြင်ဆင်ထားသည်။သ
မ္မတနှင့်ဒုသမ္မတဖြစ်ရန်အတွက်နိုင်ငံရေး၊စီမံခန့်ခွဲရေး၊စီးပွားရေးနှင့်စစ်မက်ရေးရာစသည်တို့ကဲ့သို့ပြည်ထောင်စုရေးရာများတွင်
ကျွမ်းကျင်သူများဖြစ်ရမည်ဟုပြဌာန်းထားသည်။
ပိုမိုသိသာထင်ရှားသည့်အချက်မှာဥပဒေကြမ်းပူးတွဲရေးဆွဲရေးကော်မတီ၏ပုဒ်မ၅၉(စ)ကိုပြင်ဆင်လိုက်ခြင်းသည်NLD၏မျှော်လင့်
ချက်များကိုကျဆင်းစေခဲ့သည်။လွှတ်တော်သို့တင်သွင်းလာသည့်ပုဒ်မ၅၉(စ)ပြင်ဆင်သည့်ဥပဒေကြမ်းတွင်ယခင်ပြဌာန်းချက်တွင်
ပါဝင်သည့်တရားဝင်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်းဆိုသောစကားရပ်တစ်ခုတည်းကိုသာဖြုတ်ပယ်
ထားပြီးကျန်အချက်များကိုမူလအတိုင်းဆက်လက်ပြဌာန်းထားသည့်အတွက်ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်စေရန်ဆက်လက်
တားဆီးနေသည်။
သမ္မတနှင့်ဒုသမ္မတတို့လွှတ်တော်ကိုယ်စားလှယ်မဖြစ်စေရဆိုသည့်ဖွဲ့စည်းပုံပုဒ်မ(၆၂)၊သမ္မတနှင့်ဒုသမ္မတသည်လွှတ်တော်ကိုယ်စား
လှယ်ဖြစ်လျှင်ကိုယ်စားလှယ်အဖြစ်က၊နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်နိုင်ငံ့ဝန်ထမ်းအဖြစ်ကနှုတ်ထွက်ရန်ရေးထားသည့်ပုဒ်မ(၆၃)နှင့်သမ္မတ
နှင့်ဒုသမ္မတတို့သည်နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင်ရာထူးသက်တမ်းအတွင်းပါတီလုပ်ငန်းတွေပါဝင်ဆောင်ရွက်ခြင်းမပြု
ရဆိုသည့်ပုဒ်မ(၆၄)စသည်တို့ကိုပယ်ဖျက်လိုက်သည်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကပြန်လည်ရုပ်သိမ်းတာနှင့်ပတ်သက်သည့်ပုဒ်မ၃၉၆(ခ)ကိုလည်းပယ်ဖျက်လိုက်သည်။ဖွဲ့စည်းပုံပုဒ်
မ၂၆၁(ခ)ပါပြည်နယ်၊တိုင်းဝန်ကြီးချုပ်ခန့်အပ်သည်နှင့်ပတ်သက်၍သမ္မတကခန့်အပ်တာဝန်ပေးရန်ဆိုသည့်နေရာမှာနိုင်ငံတော်သမ္မ
တဆိုသည့်စကားလုံးကိုပယ်ဖျက်ထားပြီးသက်ဆိုင်ရာပြည်နယ်၊တိုင်းကိုယ်စားလှယ်တွေထဲကသတ်မှတ်အရည်အချင်းနဲ့ပြည့်စုံသင့်
တော်သူကိုဆန္ဒမဲနဲ့ရွေးချယ်ရန်မူကြမ်းမှာထပ်ဖြည့်ထားသည်။